ကိုယ့်ချစ်သူ စိတ်ထဲမှာ ကိုယ်အမြဲရှိနေအောင်

by: Phyo Pyae Thu
 0 comments  18 love

စုံတွဲလေးတို့ရေ ကိုယ့်ချစ်သူလေးရဲ့ စိတ်ထဲမှာ ကိုယ်အမြဲတမ်း ရှိနေချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတာလေးတွေ လုပ်ကြည့်နော်။ 

စုံတွဲလေးတို့ရေ ကိုယ့်ချစ်သူလေးရဲ့ စိတ်ထဲမှာ ကိုယ်တစ်ယောက်ပဲ အမြဲတမ်း ရှိနေစေချင်တယ်မလား၊ ကိုယ့်ချစ်သူလေးရဲ့ စိတ်ထဲမှာ ကိုယ်အမြဲရှိနေဖို့ဆိုရင် ကိုယ့်ဘက်ကလည်း လိုက်လျောပြီး လုပ်ဆောင်ရမှာတွေ ရှိပါတယ်။ ဘယ်အချက်တွေ လုပ်ဆောင်ရမလဲဆိုတာ ပြောပြမယ်နော်။

စိတ်ညစ်စရာတွေပဲ မပြောပါနဲ့

စုံတွဲလေးတို့ရေ ချစ်သူဆိုတာ ရင်ဖွင့်ဖော် ရင်ဖွင့်ဖက် တိုင်ပင်ဖော် တိုင်ပင်ဖက်ဆိုပေမယ့် စိတ်ညစ်စရာတွေပဲ ကြားနေရတာကိုတော့ မကြိုက်ဘူး။ ကိုယ့်ရဲ့ အဆင်မပြေမှုတိုင်းကို အမြဲညည်းညူပြီး ပြောနေတာမျိုး ဘယ်သူမှ မကြိုက်ဘူးလေနော်။ တွေ့တိုင်း စိတ်ညစ်စရာတွေပဲ ပြောနေရင် နောက်ပိုင်းကျ တွေ့ဖို့တောင် ခက်ခဲလာပါလိမ့်မယ်။ ကိုယ့်ကို သတိရနေစေချင်တယ်ဆိုရင်တော့ စိတ်ညစ်စရာတွေပဲ မပေးပါနဲ့၊ မပြောပါနဲ့။ ကိုယ့်ချစ်သူရဲ့ စိတ်ထဲမှာ ကိုယ်နဲ့ ပတ်သက်ရင် ကောင်းမွန်တဲ့ ခံစားချက်တွေပဲ ဖြစ်နေမယ်ဆိုရင် သူ့စိတ်ထဲမှာ ကိုယ်အမြဲ ရှိနေမှာပါ။

စိတ်ညစ်စရာတွေပဲ မပြောပါနဲ့ (photo: YouTube)

အလှပြင်ပါ

ကိုယ့်ချစ်သူကောင်လေးက ကိုယ့်ကိုပဲ သဝန်တွေတိုပြီး ဂရုစိုက်နေတာမျိုး လိုချင်တယ်ဆိုရင်တော့ အလှပြင်ပါနော်။ အများကြီး ပြင်တာမျိုး မဟုတ်ဘဲ သူသိတယ်ဆိုရုံလောက်လေး အလှပြင်ပါ။ တခြားသူတွေကို ဂရုစိုက်မနေဘဲ ကိုယ့်ကိုပဲ ဂရုစိုက်နေဖို့အတွက် လှအောင် နေတဲ့ ဗျူဟာလေး လိုပါတယ်နော်။ တခြားသူတွေ ရင်ထဲမတိုးဖို့ အရမ်းအရေးကြီးပါတယ်။

နွေးထွေးပါ

ချစ်သူသက်တမ်းကြာလာတဲ့အခါမှာ အရင်လိုမျိုး အသေးစိတ် ဂရုစိုက်မှုတွေက နည်းနည်းတော့ လျော့သွားတတ်ပါတယ်။ ဒါက မချစ်တော့တာကြောင့် မဟုတ်တော့ဘဲ နေသားကျသွားတဲ့ပုံလေးပါ။ ကိုယ့်ချစ်သူရဲ့ စကားတိုင်းကို အလေးထားပါ။ ပြောနေကျပဲဆိုပြီး ပစ်မထားသင့်ပါဘူး။ ဂရုစိုက်မှု၊ အလိုလိုက်မှုတွေကို မလျှော့ချလိုက်ပါနဲ့။ ဂရုစိုက်တာက ဘယ်သူမဆို ကြိုက်ပါတယ်။ ကိုယ်က ဂရုစိုက်မှုတွေနည်းလို့ ကြားလူက ဂရုစိုက်တာတွေ ရှိလာပြီဆိုရင် စိတ်ယိုင်နဲ့ပြီး သစ္စာမရှိတာတွေ၊ လမ်းခွဲတာတွေ ဖြစ်လာနိုင်ပါပြီ။ ဒါကြောင့် ဂရုတစိုက် ထွေးပွေ့ထားဖို့ လိုပါတယ်။

နွေးထွေးပါ

သူ့အခက်အခဲတွေကို နားထောင်ပေးပါ

စုံတွဲလေးတို့ တစ်ယောက်နဲ့ တစ်ယောက် သတိရနေဖို့ဆိုရင် အခက်အခဲလေးတွေ ဖြစ်နေချိန်မှာ နားထောင်ပေးဖို့ လိုပါတယ်။ အခက်အခဲတွေကို နားထောင်ပေးမယ်ဆိုမှ ကိုယ့်ချစ်သူလေးရဲ့ စိတ်ထဲမှာ ကိုယ်က အမြဲ ရှိနေမှာပါ။ လူဆိုတာက အရမ်းခက်ခဲနေချိန်မှာ ကိုယ့်ကို နားလည်ပေးတဲ့သူကို ရှာတတ်ကြ၊ သတိရတတ်ကြတယ်လေ။

စုံတွဲလေးတို့ရေ ကိုယ့်ချစ်သူလေးရဲ့ စိတ်ထဲမှာ ကိုယ်အမြဲတမ်း ရှိနေချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတာလေးတွေ လုပ်ကြည့်နော်။ 

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords