ချစ်သူကြားမှာ အဆင်ပြေနေစေဖို့ ဒါမျိုး နားလည်မှုတွေထားပါ

by: Phyo Pyae Thu
 0 comments  0 love

ချစ်သူနှစ်ဦးကြားမှာ ခံစားချက်တွေကို ဂရုစိုက်ဖို့ လိုပါတယ်။ သူ့ရဲ့ခံစားချက်ကို ဂရုစိုက်ပေးဖို့ လိုသလို ကိုယ့်ခံစားချက်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်

စုံတွဲလေးတို့ရေ ချစ်သူတွေကြားမှာ ပြဿနာ မတက်ချင်ဘူးဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ထားဖို့ လိုပါတယ်။ နားလည်မှုထားပြီး ရှေ့ဆက်မှလည်း ရေရည်တည်မြဲမှာလေနော်။ ဒီတော့ ချစ်သူကြားမှာ အဆင်ပြေစေချင်တယ်ဆိုရင် ဘယ်လိုနားလည်မှုတွေ ထားရမလဲဆိုတာ ပြောပြမယ်နော်။

ကိုယ့်စိတ်ကို သူသိမယ် မထင်ပါနဲ့

တခါတစ်လေမှာ ကိုယ့်စိတ်ကို ကိုယ့်ချစ်သူက ရာနှုန်းပြည့် သိနေရမယ်ဆိုတာမျိုး မမျှော်လင့်ပါနဲ့။ ဘယ်သူကမှ ကိုယ့်ရဲ့စိတ်ကို ရာနှုန်းပြည့် မသိနိုင်ပါဘူး။ တချို့ချစ်သူတွေမှာ နားလည်မှု လွဲတာကတော့ ငါ့စိတ်ကို အကုန်မသိရကောင်းလားဆိုပြီး စိတ်ဆိုးကြ၊ ရန်ဖြစ်ကြတာမျိုးပါပဲ။ ကိုယ့်စိတ်ကို အမြဲသိနေရမယ်၊ အမြဲစိတ်တိုင်းကျ ဖြစ်နေရမယ်ဆိုတာမျိုး မမျှော်လင့်ပါနဲ့။ ဒါဆို အဆင်ပြေမှာပါ။

ကိုယ့်စိတ်ကို သူသိမယ် မထင်ပါနဲ့ (photo:  todaysparent.com)

ခံစားချက်ကို ဂရုစိုက်ပါ

ချစ်သူနှစ်ဦးကြားမှာ ခံစားချက်တွေကို ဂရုစိုက်ဖို့ လိုပါတယ်။ သူ့ရဲ့ခံစားချက်ကို ဂရုစိုက်ပေးဖို့ လိုသလို ကိုယ့်ခံစားချက်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ အဲဒီလို ညီမျှတဲ့သူတွေမှသာ လက်တွဲလို့ ရမှာပါ။ သူဘာတွေခံစားနေရလဲ၊ ဘာတွေဖြစ်နေလဲ သိဖို့ လိုသလို မေးလည်း မေးပါ။ ကိုယ့်ခံစားချက်ကိုလည်း ပြောပြပေးပါ။

ပြဿနာကိုပဲ ဦးတည်ပါ (Photo: /www.todaysparent.com)

ပြဿနာကိုပဲ ဦးတည်ပါ

ရန်မဖြစ်တဲ့ စုံတွဲရယ်လို့ မရှိပါဘူး။ ဖြေရှင်းတဲ့အချက်ပေါ် မူတည်ပြီး ပြန်လည်ပြေလည်ကြတာပါ။ ပြဿနာ တက်တဲ့အခါမှာ ဖြစ်တဲ့ ပြဿနာကိုပဲ ဦးတည်ပါ။ အရင်က ပြဿနာတွေကို ဆွဲထည့်တာမျိုး၊ ပြန်အစဖော်တာမျိုး မလုပ်ပါနဲ့။ ပြဿနာကိုပဲ ဦးတည်ပြီး ဖြေရှင်းမှ အမြန်ဆုံးနဲ့ အကောင်းဆုံး ပြေလည်မှာပါ။

ဆိုးရွားတဲ့ အခြေအနေ မဖြစ်အောင် ထိန်းပါ

စုံတွဲလေးတို့ ကြားထဲမှာ ထားသင့်တဲ့ နားလည်မှုတွေထဲမှာ ဘယ်ကိစ္စမဆို ဆိုးရွားတဲ့ အခြေအနေ မဖြစ်အောင် ထိန်းထားပါ။ စိတ်တွေဆိုး ရန်တွေဖြစ်ကြတဲ့အခါ စိတ်နာအောင် ပြောဆိုတာမျိုး မလုပ်ပါနဲ့။ ဆိုးရွာအောင် မလုပ်မိဖို့ ကိုယ့်ကိုယ်ကို ထိန်းပါ။ ဒါဆို ပြေလည်မှာပါ။

ဂရုမစိုက်တဲ့ ပုံစံ မပြပါနဲ့ (photo: todaysparent.com)

ဂရုမစိုက်တဲ့ ပုံစံ မပြပါနဲ့

စုံတွဲလေးတို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ထားရမယ့် နားလည်တွေထဲမှာ ဂရုမစိုက်တဲ့ ပုံစံပြတာလည်း ပါဝင်ပါတယ်။ ဂရုမစိုက်တဲ့ ပုံစံ ပြတာတွေက နားလည်လွဲစေနိုင်တဲ့အပြင် နှလုံးသားတွေ ဝေးစေနိုင်ပါတယ်။ ဒါကြောင့် ဂရုမစိုက်တာမျိုး မလုပ်ပါနဲ့။

စုံတွဲလေးတို့ရေ ချစ်သူကြားမှာ အဆင်ပြေချင်တယ်ဆိုရင် ထားရမယ့် နားလည်မှုတွေ ရှိပါတယ်။ ဘယ်လိုနားလည်မှုတွေ ထားရမယ်ဆိုတာ သိထားပေးနော်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords