ကိုယ့်ချစ်သူ ကိုယ့်ကို အမြဲသတိရနေအောင် လုပ်လို့ရမယ့်အချက်တွေ

by: Phyo Pyae Thu
 0 comments  40 love

စုံတွဲလေးတို့ သေချာ လိုက်နာပေးနော်

စုံတွဲလေးတို့ရေ ကိုယ့်ချစ်သူလေး ကိုယ့်ကို ချစ်နေပြီး အမြဲသတိရနေတာမျိုး လိုချင်တယ်မလား၊ ကိုယ့်ချစ်သူ ကိုယ့်ကို အမြဲသတိရနေဖို့ဆိုတာ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာလည်း မူတည်ပါတယ်နော်။ ကိုယ့်ချစ်သူလေး ကိုယ့်ကို အမြဲသတိရနေမှလည်း တခြားဒုတိယက အတွေးတွေထဲ ဝင်မလာမှာပေါ့နော်။

နွေးထွေးပါ

စုံတွဲလေးတို့ရေ ကိုယ့်ချစ်သူလေး ကိုယ့်ကို အမြဲတမ်း သတိရနေစေချင်တယ်ဆိုရင်တော့ နွေးထွေးပြပေးပါနော်။ နွေးထွေးမှုကို မလိုချင်တဲ့သူဆိုတာကလည်း ရှားတယ်လေ။ ကိုယ်က နွေးထွေးပြမှ ကိုယ့်အနား မရှိရင်တောင် ကိုယ့်ရဲ့ နွေးထွေးမှုလေးတွေ တွေးပြီး သတိရနေမှာလေနော်။

စိတ်ညစ်စရာတွေပဲ မပြောပါနဲ့ (photo: weheartit.com)

စိတ်ညစ်စရာတွေပဲ မပြောပါနဲ့

စုံတွဲလေးတို့ရေ ချစ်သူဆိုတာ ရင်ဖွင့်ဖော် ရင်ဖွင့်ဖက် တိုင်ပင်ဖော် တိုင်ပင်ဖက်ဆိုပေမယ့် စိတ်ညစ်စရာတွေပဲ ကြားနေရတာကိုတော့ မကြိုက်ဘူး။ ကိုယ့်ရဲ့ အဆင်မပြေမှုတိုင်းကို အမြဲညည်းညူပြီး ပြောနေတာမျိုး ဘယ်သူမှ မကြိုက်ဘူးလေနော်။ တွေ့တိုင်း စိတ်ညစ်စရာတွေပဲ ပြောနေရင် နောက်ပိုင်းကျ တွေ့ဖို့တောင် ခက်ခဲလာပါလိမ့်မယ်။ ကိုယ့်ကို သတိရနေစေချင်တယ်ဆိုရင်တော့ စိတ်ညစ်စရာတွေပဲ မပေးပါနဲ့၊ မပြောပါနဲ့။

ကိုယ့်ချစ်သူ ကိုယ်ကို သတိရစေချင်တယ်ဆိုရင် အလိုက်သိဖို့တော့ လိုပါတယ် (photo: weheartit.com)

ဂျီတွေ အရမ်းမကျပါနဲ့

ဒီအချက်က စုံတွဲတိုင်းအတွက် အရေးကြီးပါတယ်။ ကိုယ့်ချစ်သူ ရည်းစားကို ဂျီကျကြတာ ထုံးစံဆိုပေမယ့် အလွန်အကျွံ မဖြစ်ဖို့တော့ သတိထားရပါမယ်။ တစ်ချိန်လုံး ဖုန်းတွေဆက် စာတွေပို့ပြီး ဂျီတွေ ကျနေရင် ဘယ်သူကမှ အကြာကြီး စိတ်မရှည်နိုင်ပါဘူး။ ဒီလိုမျိုး ဂျီတွေ ကျနေရင်လည်း ချစ်သူက သတိရမှာမဟုတ်ပါဘူးနော်။ စိတ်ရှုပ်နေတာမျိုး ဖြစ်တတ်ပါတယ်။

ဂျီတွေ အရမ်းမကျပါနဲ့ (photo:Elijah Notes)

အလိုက်သိပါ

အလိုက်သိတဲ့ ချစ်သူတစ်ဦးဖြစ်အောင် နေပါ။ စိတ်ညစ်နေချိန်မှာ အတင်းစကားသွားပြောတာမျိုး၊ အလုပ်ချိန် နှောင့်ယှက်တာမျိုးက သတိရတာမျိုး ဖြစ်ဖို့ ခက်ခဲစေတဲ့ အကြောင်းတရားပါပဲ။ ကိုယ့်ချစ်သူ ကိုယ်ကို သတိရစေချင်တယ်ဆိုရင် အလိုက်သိဖို့တော့ လိုပါတယ်။

ကိုယ့်ချစ်သူလေး ကိုယ့်ကို သတိရနေစေဖို့အတွက် လုပ်ဆောင်ရမယ့် အချက်တွေထဲမှာ အခု Marry က ပြောပြထားတဲ့ အချက်လေးတွေ ပါဝင်ပါတယ်နော်။ စုံတွဲလေးတို့ သေချာ လိုက်နာပေးနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords