လက်ထပ်ခါနီး စုံတွဲလေးရဲ့ ကြည်နူးစရာ အခိုက်အတန့်လေးတွေ

by: Nway Nway Aung
 0 comments  0 love

ထူးထူးခြားခြား ပြင်ဆင်ခြယ်သမှုတွေ၊ ဆန်းဆန်းပြားပြား ဖက်ရှင်တွေ မပါပေမယ့်လည်း စုံတွဲလေးနှစ်ယောက်ရဲ့ ချစ်မေတ္တာတွေကြောင့် အသက်ဝင်ပြီး လှပနေတယ်မဟုတ်လား

လက်ထပ်ခါနီး စုံတွဲလေးရဲ့ ကြည်နူးစရာ အခိုက်အတန့်လေးတွေ

မတ်လထဲမှာ မင်္ဂလာဆောင်တော့မယ့် စန္ဒီမြင့်လွင်တို့ စုံတွဲလေးရဲ့ ထူးထူးခြားခြား လှပတဲ့ Pre – wedding ရိုက်ကူးမှု ပုံရိပ်တွေက ပရိသတ်တွေရော အနုပညာမောင်နှမတွေပါ သသောကျမိတဲ့ ပုံရိပ်လေးတွေပါ။ သူတို့စုံတွဲလေးရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေက Pre wedding ဓာတ်ပုံတွေလို သေချာစီစဉ်ပြီး ရိုက်ကူးထားတဲ့ ပုံရိပ်တွေမှာတင် ရှိနေတာ မဟုတ်ပါဘူး။ အချိန်တိုင်းအတွက် ကြည်နူးစရာ ဖြစ်နေတဲ့ စုံတွဲလေးပါ။ အားကျစရာကောင်းလှတဲ့ သူတို့နှစ်ဦးရဲ့ သဘာဝပုံလေးတွေကို Marry ရဲ့ ပရိသတ်တွေ ကြည်နူးမှု ကူးစက်ခံစားနိုင်ဖို့ ဝေမျှပေးပါရစေ။

ဘယ်ကိုသွားသွား အတူတူ

ငါးစာကျွေး ကုသိုလ်လေးတွေ အတူတူလုပ်

Pre wedding ပုံ စတေကာနဲ့ အင်္ကျီလေး

ဘယ်အချိန် ဖြစ်ဖြစ် အင်္ကျီက အရောင်ဆင်တူပဲ

တစ်ယောက်ခါး တစ်ယောက်ဖက်လို့ လျှောက်တဲ့လမ်းတိုင်း ပန်းခင်းတယ်

ရှမ်းမလေး ဖြစ်သွားတော့လည်း ပိုပြီး ချစ်ဖို့ကောင်းသွားပြန်ရော

အချစ်ကောင်းကင်ယံထဲ အတူတူ ရွက်လွှင့်မယ်

အတူတူ သွားမယ် အတူတူ စားမယ်

Mirror selfieတူတူဆွဲမယ်

အနမ်းလေးပေးတာ ချစ်လို့

ကဲ . . . ဘယ်လိုတုန်း Marry ရဲ့ ပရိသတ်လေးတို့ရဲ့ ပုံလေးတွေက ချစ်ဖို့မကောင်းဘူးလား။ ထူးထူးခြားခြား ပြင်ဆင်ခြယ်သမှုတွေ၊ ဆန်းဆန်းပြားပြား ဖက်ရှင်တွေ မပါပေမယ့်လည်း စုံတွဲလေးနှစ်ယောက်ရဲ့ ချစ်မေတ္တာတွေကြောင့် ပုံရိပ်လေးတွေက အသက်ဝင်ပြီး လှပနေတယ်မဟုတ်လား။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords