ရွှေရည်သုန်သုန်ရဲ့ စိတ်ကူးထဲက လက်ထပ်ပွဲလေးနဲ့ အချစ်ရေး

by: Phyo Pyae Thu
 0 comments  0 love

 မော်ဒယ်လ်ရွှေရည်သုန်သုန်ကလည်း သူ့ရဲ့ စိတ်ကူးထဲက မင်္ဂလာပွဲ ပုံစံလေးနဲ့ အချစ်ရေးအကြောင်းကို ပြောပြထားပါသေးတယ်။

မော်ဒယ်လ်ရွှေရည်သုန်သုန်

သတို့သားလောင်းလေးပဲဖြစ်ဖြစ်၊ သတို့သမီးလောင်းလေးပဲဖြစ်ဖြစ် စိတ်ကူးထားတဲ့ လက်ထပ်ပွဲပုံစံလေး ရှိမှာပါ။ လက်ထပ်ပွဲနဲ့ ပတ်သက်ရင် မိန်းကလေးတွေက ပိုပြီး စိတ်ကူးယဉ်တာ များပါတယ်။ ဘယ်လိုဝတ်စုံ၊ ဘယ်လိုအပြင်အဆင်နဲ့ လက်ထပ်ပွဲလေး ကျင်းပမယ်ဆိုတာမျိုးပေါ့။ ဒီလိုမျိုး စိတ်ကူးထဲက မင်္ဂလာပွဲလေးနဲ့ ပတ်သက်ပြီး မော်ဒယ်လ်ရွှေရည်သုန်သုန်ကလည်း သူ့ရဲ့ စိတ်ကူးထဲက မင်္ဂလာပွဲ ပုံစံလေးနဲ့ အချစ်ရေးအကြောင်းကို ပြောပြထားပါသေးတယ်။

မင်္ဂလာပွဲလေး ကျင်းပမယ်ဆိုရင် ဘယ်လိုဝတ်စုံလေး ဝတ်ချင်လဲ

စိတ်ကူးထားတဲ့ မင်္ဂလာပွဲလေးထဲက ဝတ်စုံလေးဆိုရင်တော့ ကြက်သွေးရောင်လေးလည်း ကြိုက်တယ်၊ အဖြူရောင် ပန်းရောင်လေး ကြိုက်တယ်။ ချစ်စရာကောင်းတဲ့ ဝတ်စုံ ပုံစံလေး ဝတ်ချင်တယ်။ လိုက်ဖက်မယ့် ပုံစံလေး ဝတ်ချင်တာပေါ့နော်။

မင်္ဂလာပွဲ ကျင်းပမယ့် ပုံစံလေးကရော ဘယ်လိုလေး ဖြစ်မလဲ

ကျင်းပမယ်ဆိုရင်တော့ ကမ်းခြေတစ်ခုခုမှာ ကျင်းပချင်တယ်။ Pre wedding ဆိုရင်တော့ ပြင်သစ်နိုင်ငံမှာ သွားရိုက်ချင်တယ်။ ဒါလေးကတော့ စိတ်ကူးထားတာလေးပေါ့။

ခံယူထားတဲ့ အချစ်ရေးလေးက ဘယ်လိုမျိုးလဲ

နားလည်လက်ခံထားတာကတော့ ကိုယ့်စိတ်မပူလောင်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ပေးနိုင်ဖို့ပေါ့။ အဓိကကတော့ အေးချမ်းဖို့ပါပဲ။

အခုလောလောဆယ် အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောချင်တာလေး

အခုကတော့ အလုပ်ဘက်မှာပဲ အချိန်တွေ ပေးထားတာဖြစ်တဲ့အတွက် အချစ်ရေးကတော့ အထွေအထူး မရှိပါဘူး။ တစ်ယောက်တည်းပါပဲ။

မင်္ဂလာဆောင်ဝတ်စုံဆိုရင် ချစ်စရာကောင်းတဲ့အရောင်လေး ဝတ်ချင်တယ်

ဝါကျွတ်မှာ မင်္ဂလာဆောင်မယ့် စုံတွဲလေးတွေအတွက် စကားလက်ဆောင်

မင်္ဂလာဆောင်တော့မယ်ဆိုတော့ ကိုယ့်ဘဝမှာ အရမ်းကို ပျော်စရာကောင်းပြီး ရင်ခုန်စရာကောင်းတဲ့ အချိန်ပေါ့။ လက်တွဲပြီးသွားရင်လည်း နောင်နှစ်ပေါင်းများစွာအထိ ချစ်ချစ်ခင်ခင်နဲ့ နေနိုင်ကြပါစေ၊ ပျော်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့လည်း စိတ်ကူးထဲက မင်္ဂလာပွဲလေးတွေ ရှိမယ်လို့ ယုံကြည်ပါတယ်။ မော်ဒယ်လ် ရွှေရည်သုန်သုန် ခံယူထားတဲ့ အချစ်လေးလိုပဲ Marry က စုံတွဲလေးတွေ အေးမြတဲ့အချစ်တွေ ပိုင်ဆိုင်နိုင်ပြီး စိတ်ကူးထဲက မင်္ဂလာပွဲလေးအတိုင်း ကျင်းပနိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။

From Marry with

Tag: loveadvicebriderelationshipcele

Comments

0 comments
Latest video
Community
Latest wedding promotions
Keywords