ကောင်လေးတစ်ယောက် ကိုယ့်ကို စိတ်ဝင်စားနေလား သိနိုင်ဖို့

by: Nway Nway Aung
 0 comments  11 love

သူကိုယ့်ကို စိတ်ဝင်စားနေမှာပဲလို့ ထင်ခဲ့ပေမယ့် တစ်ခါတစ်ရံမှာတော့ မထင်မှတ်ထားလောက်အောင် သူစိမ်းဆန်ဆန် ဥပေက္ခာပြုတာမျိုး ကြုံဖူးမှာပါ။

(Photo – Coffee and Irony)

ဒီတစ်ခါမှာတော့ Marry ရဲ့ မိန်းကလေးပရိသတ်တွေ အတွက် မိန်းကလေးတိုင်း ရှိထားရမယ့် အရည်အချင်းလေး တစ်ခုအကြောင်း ဝေမျှပေးချင်ပါတယ်။ အဲ့ဒိ အရည်အချင်းလေးကတော့ ကောင်လေးတစ်ယောက် ကိုယ့်ကို စိတ်ဝင်စားနေလား ဆန်းစစ်နိုင်မယ့် အရည်အချင်းလေးပါ။ မိန်းမသားတို့ရဲ့ စူးရှတဲ့ ဆဋ္ဌမ အာရုံအရ ကောင်လေးတစ်ယောက် ကိုယ့်ကို စိတ်ဝင်စားနေရင် ခံစားသိရှိတတ်ပေမယ့် ပိုပြီး တိတိကျကျ သိနိုင်ဖို့ အတွက် စိတ်အထင်ထက်ပိုပြီး သေချာတဲ့ အချက်အလက် တစ်ချို့လိုအပ်ပါသေးတယ်။ ဒီတော့ အခု Marry ပြောပြမယ့် အပြုအမူ တချို့ သူ့ဆီမှာရှိနေလား ကြည့်ရအောင်။

ကိုယ့်ကို မကြာခဏ ကြည့်နေတတ်တယ်

လှည့်ကြည့်လိုက်ရင် သူ့အကြည့်တွေနဲ့ ဆုံတတ်တာမျိုးပေါ့ (Photo – Chartcons)

မကြာခဏ ကိုယ်နဲ့ မျက်လုံးချင်း ဆုံမိနေတဲ့ ကောင်လေးကို သတိထားပါ။ သူက သင့်ကို စိတ်ဝင်စားမှု ရှိနေတာ ငါးဆယ်ရာခိုင်နှုန်း သေချာနေလို့ပါ။ အကြည့်ချင်း ဆုံတယ် ဆိုကတည်းက သူက သင့်ကို မကြာခဏ ကြည့်ကြည့်နေတတ်လို့ပါ။ တစ်ခါတစ်လေ စိတ်ထဲက တမျိုးတမည် ခံစားရလို့ လှည့်ကြည့်လိုက်ရင် သူ့အကြည့်တွေနဲ့ ဆုံတတ်တာမျိုးပေါ့။ ဒီလိုမျိုး မျက်လုံးချင်းဆုံတာ မကြာခဏ ဖြစ်နေပြီဆိုရင် သင့်အပေါ်မှာ သူစိတ်ဝင်စားမှု ရှိနေပါပြီ။

ကိုယ်ရှိနိုင်မယ့် နေရာတွေမှာ တွေ့နေရတတ်တယ်

ကိုယ်သွားတတ်တဲ့ စာအုပ်ဆိုင်တို့၊ ကော်ဖီဆိုင်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း မထင်မှတ်ဘဲ တွေ့နေရတတ်ပါတယ် (Photo – THE TRANQUIL BLOKE)

သင့်ကို အမြဲတစေ တွေ့နေရမယ့် နေရာမျိုး၊ ဥပမာ –  မနက်ခင်း ရုံးသွားချိန်တွေ၊ ရုံးပြန်ချိန်လိုမျိုးတွေ၊ ကိုယ်သွားတတ်တဲ့ စာအုပ်ဆိုင်တို့၊ ကော်ဖီဆိုင်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း မထင်မှတ်ဘဲ တွေ့နေရတတ်ပါတယ်။ တစ်ခါ တစ်ရံမှာ တိုက်ဆိုင်တာ ဖြစ်ပေမယ့်၊ တစ်ခါတစ်ရံမှာတော့ သင်နဲ့ မဆုံဆုံအောင် သူ့ဘက်က အထူးတလည် ကြိုးစားတာ ဖြစ်ပါတယ်။

ဥပေက္ခာ ပြုတတ်တယ်

မထင်မှတ်ထားလောက်အောင် သူစိမ်းဆန်ဆန် ဥပေက္ခာပြုတာမျိုး ကြုံဖူးမှာပါ (Photo – mbuyy.com)

သူ့ရဲ့ အပြုအမူတွေကြောင့် သူကိုယ့်ကို စိတ်ဝင်စားနေမှာပဲလို့ ထင်ခဲ့ပေမယ့် တစ်ခါတစ်ရံမှာတော့ မထင်မှတ်ထားလောက်အောင် သူစိမ်းဆန်ဆန် ဥပေက္ခာပြုတာမျိုး ကြုံဖူးမှာပါ။ အဲ့ဒါလည်း သူ့ရဲ့ စိတ်ဝင်စားနေမှုကို မပေါ်လွင်အောင် ဖုံးကွယ်တဲ့ အပြုအမူ တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ကောင်လေးတစ်ယောက်က တစ်ခါတစ်ရံမှာ ကိုယ့်ကို စိတ်ဝင်တစား လိုက်လိုက်ကြည့်နေတတ်ပြီး တစ်ခါတစ်ရံမှာတော့ လုံးဝမသိချင်ယောင် ဆောင်နေတတ်ရင် ကိုယ့်ကို စိတ်ဝင်စားနေလို့ ဖြစ်ပါတယ် မိန်းကလေးတို့ရေ။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords