အချစ်ရေး အဆင်ပြေချင်ရင် ဒီလိုလေး နေပေးပါ

by: seng yar
 0 comments  0 love

ချစ်သူတွေကြား အဆင်ပြေဖို့ အတွက်ကတော့ ပွင့်လင်းမှုပါပဲ

နားလည်မှု လွဲတယ်လို့ ခံစားရရင် ရှင်းပြပါနော် (Photo:pexels)

Marry ရဲ့ ချစ်သူလေးတို့ရေ ချစ်သူတွေကြားမှာ အမြဲ ပျော်ရွှင်ကြည်နူးနေစရာကောင်းနေမယ့် နည်းလေးကို ပြောပြပေးချင်ပါတယ်။ ချစ်သူတွေ ဆိုတဲ့အချိန်မှာ ချစ်တဲ့သူတွေ အချင်းချင်းပဲ ဖြစ်တာကြောင့် ဘယ်သူကမှ ရန်ဖြစ်တာမျိုး၊ အဆင်မပြေတာမျိုး ဖြစ်ချင်မှာ မဟုတ်ပါဘူးနော်။ အခု ပြောပြပေးမယ့်အရာလေးတွေကို ပြုလုပ်ပေးမယ် ဆိုရင်တော့ အမြဲတမ်း ပန်းခင်းလမ်းကလေးလို သာယာတဲ့ချစ်စရာနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်မှာနော်။

လုပ်ရမယ့် အချက်တွေ

  • နားလည်မှု လွဲတယ်လို့ ခံစားရရင် ရှင်းပြပါ။ လူတစ်ကိုယ် စိတ်တစ်မျိုး မကတောင် ဖြစ်တတ်တဲ့အတွက် ဘယ်လောက် ချစ်တဲ့ချစ်သူတွေ ဖြစ်ပါစေ။ စိတ်ချင်းဆက်စပ်နေပါစေ။ အမြင်မတူတာ အနည်းနဲ့အများ ဖြစ်ပေါ်တတ်ပါတယ်။ ဒီလို အချိန် တစ်ယောက်တည်း လိုရာကို ဆွဲတွေးလိုက်တာမျိုး မပြုလုပ်ရပါဘူးနော်။ အချင်းချင်းကြားမှာ စိတ်ရှည်လက်ရှည် ရှင်းပြတတ်ပါစေ။

ချစ်သူတွေကြားမှာ ကိုယ်လိုချင်တဲ့အရာတိုင်းကို တောင်းဆိုပါ (Photo:pexels)

  • သိချင်တာ ရှိရင် မေးပါ။ တခါတလေကျရင် ကိုယ့်စိတ်ထဲ ထင်ချင်တာ ထင်မိတာကြောင့် တအုံနွေးနွေးနဲ့ တစ်ယောက်တည်း အဆင်မပြေတာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။ မမေး မမြန်းဘဲ စိတ်ထဲ မထားပါနဲ့နော်။ ချစ်သူလေးကို သေသေချာချာ မေးမြန်းပါ။ တိုက်ရိုက် မေးလိုက်ပြီး စိတ်ထဲ မရှင်းတာတွေကို ဖြေဖျောက်လိုပါ။
  • တောင်းဆိုတတ်ဖို့လည်း အရေးကြီးပါတယ်။ ချစ်သူတွေကြားမှာ ကိုယ်လိုချင်တဲ့အရာတိုင်းကို တောင်းဆိုပါ။ တောင်းဆိုပါ ဆိုတာ ပူဆာခိုင်းတာ မဟုတ်ဘူးနော်။ တစ်ပတ်မှာ အနည်းဆုံး (၃) ရက်တော့ တွေ့ချင်တယ်လို့ တောင်းဆိုတာမျိုးတို့ကို ပြောချင်တာပါ။ ကိုယ်ကတော့ တွေ့ချင်တယ်။ ဒါပေမယ့် သူက မအားတာမျိုး ဖြစ်နေမှာစိုးလို့ တစ်ယောက်တည်း ကြိတ်တွေးနေတာမျိုးထက် တောင်းဆိုကြည့်ပါ။

ချစ်သူတွေကြား အဆင်ပြေဖို့ အတွက်ကတော့ ပွင့်လင်းမှုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်ကြား ထိန်းချုပ်ထားတာမျိုး မပြုလုပ်ဘဲ အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး တောင်းဆို တတ်ပါစေနော်။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords