တကယ်လို့ ကိုယ့်ချစ်သူက မေမေ့သားလေး ဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ

by: seng yar
 0 comments  0 love

ကိုယ့်ချစ်သူလေးကသာ မေမေ့သားလေး ဆိုရင် ကျေးဇူးတင်ပြီး နားလည်ပေးလိုက်ပါ။ အမေ့ကို ချစ်တဲ့သားကတော့ မိန်းမအပေါ်လည်း ဂရုစိုက်ပြီး ချစ်ခင်ပေးတတ်လို့ပါပဲ။ 

အမေ့ကို ချစ်တတ်တဲ့သူက ချစ်သူလေးကိုလည်း ချစ်ပေးတတ်ပါတယ်

တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတဲ့ ချစ်သူလေးတွေကြားမှာ ဖြစ်တတ်တဲ့ သဝန်တိုမှုလေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ ကိုယ့်ချစ်သူက မေမေ့သားလေး ဖြစ်နေတာပါ။ မေမေ့သားလေး ဆိုတာက အရာရာတိုင်းမှာ မေမေကလေ မေမေကလေ ဆိုပြီး သူ့အမေအကြောင်းချည်း ပြောနေတတ်တာမျိုးပါ။ ဒီလို အချိန်ဆိုရင်တော့ ကောင်မလေးတွေစိတ်ထဲ တစ်မျိုး ဖြစ်လာတတ်ပါတယ်။ ကိုယ့်ချစ်သူလေးက မေမေ့သားလေး ဖြစ်နေတဲ့အချိန် ဘယ်လို လုပ်လို့ ရမလဲ ဆိုတာကို Marry က ပြောပြပေးလိုက်ရပါတယ်။

ကျေးဇူးတင်လိုက်ပါ

မေမေ့သား တော်တော်များများက မိန်းမကိုလည်း ချစ်တတ်ပါတယ်။ အမေ့ကို ချစ်တာထက် မလျော့တဲ့အချစ်မျိုးနဲ့ မိန်းမကိုလည်း ချစ်ပေးတတ်တာမို့လို့ပါ။ ကိုယ့်ချစ်သူလေးကသာ မေမေ့သားလေး ဆိုရင် ကျေးဇူးတင်ပြီး နားလည်ပေးလိုက်ပါ။ အမေ့ကို ချစ်တဲ့သားကတော့ မိန်းမအပေါ်လည်း ဂရုစိုက်ပြီး ချစ်ခင်ပေးတတ်လို့ပါပဲ။

ပျော်ရွှင်စရာကောာင်းတဲ့ အချိန်လေး

အမေနဲ့ သွားယှဉ် မပြောမိပါစေနဲ့နော်

တခါတလေကျရင် သူ့အမေနဲ့ ကိုယ်နဲ့ ဆိုပြီး တိုက်ရိုက် ရွေးချယ်ရတဲ့ အချိန်တွေ ဖြစ်လာတတ်ပါတယ်။ ဒီလို အချိန်မှာ အမေနဲ့ ယှဉ်ပြီး မပြောမိပါစေနဲ့နော်။ မေမေ့သားလေးတွေ အနေနဲ့ အတွေးထဲမှာ အမေက တစ်ယောက်ပဲ အစားထိုး မရနိုင်ဘူး သိပ်ချစ်ရတဲ့သူကတော့ နောက်ထပ် ဖြစ်လာနိုင်တယ် ဆိုတဲ့စိတ် ဝင်လာတတ်လို့ပါ။  ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူလေးကို မွေးပေးထားတဲ့သူမို့လို့ ကျေးဇူးတင်ရမယ့်သူတွေ အထဲ ပါတဲ့သူဖြစ်တဲ့အတွက် မယှဉ်မိပါစေနဲ့နော်။

နားလည်မှု ပေးရမှာပါ

မေမေ့သားလေးတွေကို ချစ်မိသွားတဲ့အချိန်မှာ သားက ချစ်သလိုမျိုး သမီးလောင်းလေးတွေကလည်း ချစ်ပေးတတ်ရမှာပါ။ ကိုယ့်ချစ်သူလေးက သူ့အမေအပေါ် ချစ်တဲ့အချစ်တွေကို နားလည်မှုပေးပြီး လိုက်ချစ်ပေးမယ် ဆိုရင်တော့ နှစ်ယောက်သားကြားက ချစ်ခြင်းတွေက အချိန်ကြာလေ ပိုတိုးလေ ဖြစ်လာမှာ သေချာပါတယ်။ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတဲ့စကားအတိုင်း ချစ်ခြင်းဆိုတာ အရောင်ပြန်တတ်တဲ့အရာမို့လို့ အရာတိုင်းမှာ မေတ္တာအရင်းခံလိုက်မယ် ဆိုရင် နေ့ရက်တိုင်းက သာယာလှပနေမှာ သေချာပါတယ်နော်။

 

From Marry with


Comments

0 comments
Latest video