မိန်းကလေးတွေကြွေတဲ့ ယောကျာ်းလေးတို့ အရည်အချင်း

by: Nway Nway Aung
 0 comments  2 love

ရုတ်တရက်ကြီး ချစ်မိသွားတာမျိုး မဟုတ်ရင်တောင် တဖြည်းဖြည်းနဲ့ ကြွေလာမှာ အသေချာပဲမို့ မိန်းမချောလေးတွေရဲ့ အကြွေခံချင်တဲ့ အမျိုးသားလေးတိုင်းသိဖို့

Marry ရဲ့ ပရိသတ် ယောက်ျားလေး၊ မိန်းကလေးတို့ရေ ဘယ်လို ယောကျာ်းလေးမျိုးကို မိန်းကလေးတွေက ချစ်ချင်ကြလိမ့်မယ်လို့ ထင်ပါသလဲ။ ရုပ်ချောတဲ့ ယောကျာ်း၊ ဥာဏ်ရည် ထက်မြက်တဲ့ ယောကျာ်း၊ ချမ်းသာတဲ့ ယောကျာ်း၊ ဂုဏ်သိက္ခာရှိတဲ့ ယောကျာ်း  အစရှိသဖြင့် မိန်းကလေးတွေ ကြွေနိုင်တဲ့  ယောကျာ်းလေးတို့ အရည်အချင်းက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

မိန်းကလေးတွေ ကြွေနိုင်တဲ့  ယောကျာ်းလေးတို့ အရည်အချင်းက အမျိုးမျိုး ဖြစ်နိုင်ပါတယ် (Photo – altphotos.com)

တကယ်တော့ မိန်းကလေးတွေရဲ့ ချစ်ခင် နှစ်သက်မှုကို ခံရဖို့ အပေါ်က အချက်တွေက လိုအပ်တယ် ဆိုပေမယ့် ရာနှုန်းပြည့်တော့ မဟုတ်ပါဘူး။ တကယ် အဓိက ကျတဲ့ အချက်တွေ ရှိပါသေးတယ်။ Marry အခုပြောပြပေးမယ့် အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ အမျိုးသားလေးတွေ ကိုတော့ မိန်းကလေးတိုင်းက ချစ်ချင်ကြတယ်ဆိုတာ အာမခံပါတယ်။ ရုတ်တရက်ကြီး ချစ်မိသွားတာမျိုး မဟုတ်ရင်တောင် တဖြည်းဖြည်းနဲ့ ကြွေလာမှာ အသေချာပဲမို့ မိန်းမချောလေးတွေရဲ့ အကြွေခံချင်တဲ့ အမျိုးသားလေးတိုင်း ဒီအရည်အချင်းတွေ ရှိဖို့ လိုမယ်နော်။

ကြင်နာတတ်တယ် (Photo – altphotos.com)

  • ကိုယ့်ရဲ့ အားသာချက်တွေကို သိတဲ့အရည်အချင်းရှိတယ်။
  • အဲ့ဒိ အားသာချက်တွေကိုလည်း အခါအားလျော် ထုတ်သုံးတတ်တယ်။
  • အားနည်းချက်တွေ ကိုတော့ သေးသိမ်သွားအောင် လုပ်နိုင်စွမ်းရှိတယ်။
  • အမြဲတမ်း တက်ကြွနေတတ်တယ်။
  • လူတစ်ဖက်သားကို ကူညီဖို့ ဝန်မလေးတတ်ဘူး။
  • လူတစ်ဖက်သား အပေါ်မှာ လေးလေးစားစား ပြုမူ ဆက်ဆံတတ်တယ်။
  • လူတစ်ဖက်သား အပေါ်မှာ နားလည်ပေးနိုင်စွမ်းရှိတယ်။
  • ကြင်နာတတ်တယ်။
  • ထိန်းချုပ်နိုင်စွမ်း ရှိတယ်။
  • ဗဟုသုတ ကြွယ်ဝတယ်။
  • ယုံကြည်ရတယ်။

ဒီလို အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ပြည့်စုံတဲ့ ယောကျာ်းမျိုးနဲ့ ခင်မင် ပတ်သက်ရတဲ့ မိန်းကလေးတိုင်းက အဲ့ဒိသူကို မချစ်ဘဲ မနေနိုင်တော့ပါဘူးတဲ့။ ဒါကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ဖို့ Marry အခုပြောပြထားတဲ့ အချက်လေးတွေနဲ့ ပြည့်စုံအောင် ကြိုးစား လိုက်ပါနော်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords