ချစ်သူရဲ့ အမြင်မှာ ဆွဲဆောင်မှုရှိနေဖို့

by: Nway Nway Aung
 0 comments  21 love

အထူးတလည် ကြိုးပမ်းအားထုတ်စရာ မလိုဘဲ ကြည့်လို့ကောင်းပြီး ဆွဲဆောင်မှုရှိစေဖို့ လူတိုင်းစွဲမက်သွားမယ့် အပြုအမူ ဟန်ပန်တွေရဲ့ လျှို့ဝှက်ချက် အချို့

လူတိုင်းကတော့ ကိုယ့်ချစ်သူရဲ့ အမြင်မှာ ဆွဲဆောင်မှု ရှိချင်ကြပါတယ်။ အပြုံးတွေ၊ အကြည့်တွေ၊ နေထိုင်ပုံတွေ၊ လမ်းလျှောက်ပုံတွေကို အလှဆုံး ဖြစ်ချင်ကြပါတယ်။ အဲ့လိုဖြစ်ဖို့အတွက် လည်း အထူးတလည်း ကြိုးစား အားထုတ်တတ်ကြပါတယ်။ အထူးတလည် ကြိုးပမ်းအားထုတ်စရာ မလိုဘဲ  တကယ်ကြည့်လို့ကောင်းပြီး ဆွဲဆောင်မှုရှိစေဖို့ လူတိုင်းစွဲမက်သွားမယ့် အပြုအမူ ဟန်ပန်တွေရဲ့ လျှို့ဝှက်ချက် အချို့ကို ပြောပြပေးချင်ပါတယ်။

လှပတဲ့ အကြည့်လေးတွေ

လှပတဲ့ အကြည့်လေးတွေ (Photo – Onlymyhealth)

လှပတဲ့ အကြည့်လေးတွေ ဖြစ်ဖို့အတွက်ကတော့ အကောင်းမြင်စိတ်ရှိဖို့ လိုအပ်ပါတယ်။ မျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက် မဟုတ်လား။ တခြားသူတစ်ယောက်ကို ကြည့်တဲ့အခါ ကောင်းတဲ့အမြင်နဲ့ပဲ ကြည့်ပေးပါ။ လူတစ်ဖက်သားရဲ့ အားသာချက်ကို မြင်တတ်၊ အသိအမှတ်ပြုတတ်တဲ့ စိတ်ထားလေးရှိမယ်ဆိုရင် ကိုယ့်ရဲ့ အကြည့်လေးတွေက လှနေမှာ သေချာပါတယ်။

 

ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းလေးတွေ

ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းလေးတွေ (Photo – Boldsky.com)

နှုတ်ခမ်းထူထူ ဖောင်းဖောင်းလေးတွေက ဆွဲဆောင်မှုရှိတာလား။ နှုတ်ခမ်းပါးလေးတွေက ဆွဲဆောင်မှု ရှိတာလား။ တကယ်တော့ ကြင်နာတဲ့ စကားလေးတွေကို ပြောတတ်တဲ့ နှုတ်ခမ်းလေးတွေက ဆွဲဆောင်မှု အရှိဆုံး နှုတ်ခမ်းလေးတွေပါ။ ကြည့်ကောင်းတဲ့ နှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်ဖို့ ကြင်နာမှုရှိတဲ့၊ ကိုယ်ချင်းစာတရားရှိတဲ့ စကားလေးတွေကိုပဲ ပြောကြရအောင်။

ချစ်ဖို့ကောင်းတဲ့ မျက်နှာလေး

ချစ်ဖို့ကောင်းတဲ့ မျက်နှာလေး (Photo – bridestory.com)

ချစ်ဖို့ကောင်းတဲ့ မျက်နှာလေး ဖြစ်ဖို့ အမြဲပျော်ပျော်နေပါ။ အမြဲ ပြုံးနေဖို့ မမေ့ပါနဲ့။ အပြုံးလေးတွေဆိုတာ မြင်ရသူတိုင်းကို စိတ်ချမ်းသာစေပါတယ်။

အားကိုးရတဲ့ လက်မောင်းတစ်စုံ

အားကိုးရတဲ့ လက်မောင်းတစ်စုံ (Photo – Pinterest)

ကိုယ့်ချစ်သူရဲ့ အားကိုးမှုကို ခံရဖို့ ကိုယ့်ချစ်သူအတွက် မဟာတံတိုင်းမျိုး ဖြစ်ဖို့ ကိုယ့်ရဲ့ လက်မောင်း တစ်စုံက သူအားငယ်နေချိန်တိုင်း မှီတွယ်နေနိုင်တဲ့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါစေနော်။

ကျက်သရေ ရှိတဲ့ ခြေလှမ်းများ

ကျက်သရေ ရှိတဲ့ ခြေလှမ်းများ (Photo- Catholic Match)

ကျက်သရေရှိတဲ့ ခြေလှမ်း ဖြစ်ဖို့ ဘုရားသခင်နဲ့ အတူ လမ်းလျှောက်ပါတဲ့။ ဆိုလိုတာကတော့ မနှေးလွန်း၊ မမြန်လွန်းဘဲ သတိလေးနဲ့ စမတ်ကျကျ ခြေလှမ်းတတ်ဖို့ လိုသလို ကောင်းမွန်တဲ့ အတွေး၊ ခံစားချက်တွေနဲ့ လှမ်းတဲ့ ခြေလှမ်းဖြစ်ဖို့ အတွက်ပါ။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords