ကိုကို့အတွက် လက်ဆောင်ရွေးပေးတဲ့အခါ

by: Phyo Pyae Thu
 0 comments  0 love

လိုချင်တာကို ဝယ်ပေးလိုက်ရတာက အဆင်ပြေပေမယ့် သီးသန့်စီစဉ်မှာဆိုရင်တော့ သေချာရွေးဖို့ လိုပါပြီ။ ဘာပေးမလဲဆိုတာ အရင်စဉ်းစားကြမယ်နော်

ချစ်သူသမီးရည်းစား ဖြစ်ပြီဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်သက်လက်ဆောင် ပေးလေ့ရှိကြတယ်မလား။ ကိုကို့တို့အတွက် လက်ဆောင်ရွေးရတာလည်း ထင်သလောက် မလွယ်ဘူးနော်။ လိုချင်တာကို ဝယ်ပေးလိုက်ရတာက အဆင်ပြေပေမယ့် သီးသန့်စီစဉ်မှာဆိုရင်တော့ သေချာရွေးဖို့ လိုပါပြီ။ ဘာပေးမလဲဆိုတာ အရင်စဉ်းစားကြမယ်နော်။

ကိုကိုတွေအတွက်ဆိုရင်တော့ မျက်မှန်၊ခါးပတ်၊ အဝတ်အစား၊ ဖိနပ်၊ ရေမွှေး ရွေးချယ်လို့ ရပါတယ်။ ကိုကိုက သောက်တတ်တယ်ဆိုရင်တော့ ယမကာပုလင်းလေးတွေ ပေးပေါ့လေနော်။ ယမကာ မဟုတ်ဘူးဆိုရင်တော့ အပေါ်က ပြောတာလေးတွေရွေးပေးကြတာပေါ့။ ဘယ်လိုရွေးချယ်ကြမလဲ။

အရောင်

ဘယ်ပစ္စည်းပဲ ရွေးပေးပေး အရောင်ကို ဂရုစိုက်ဖို့ လိုတယ်နော်။ မိန်းကလေးတွေမှာပဲ လိုက်ဖက်တဲ့ အရောင်ရှိတာ မဟုတ်ပါဘူး။ ကိုကိုတို့အတွက် လိုက်ဖက်မယ့်အရောင်နဲ့ သူတို့ကြိုက်နှစ်သက်တဲ့ အရောင် ဖြစ်ဖို့ လိုပါတယ်။ သူဘယ်လို အရောင်လေး ကြိုက်လဲ နည်းနည်း လေ့လာထားနော်။ အရောင်နုတာ၊ လွင်တာလေးတွေ ပေးမယ်ဆိုရင် အဝတ်အစားအနေနဲ့ အပြာရောင်လေးတွေ ရွေးချယ်ပေးပါ။

ဒီဇိုင်း

မျက်မှန်၊ အဝတ်အစား ဘယ်ဟာပဲဖြစ်ဖြစ် ဒီဇိုင်း ရွေးဖို့ သေချာ ကြည့်ရပါမယ်။ ဒီဇိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သူဘယ်လို ပုံစံလေးကြိုက်လဲ နည်းနည်း အကဲခတ်ပါ။ အဝတ်အစားဆိုရင်လည်းပိန်လား၊ ဝလားပေါ့။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ရွေးချယ်ပါ။ ပြောင်ပိတ်စ ကြိုက်လား၊ စပို့ရှပ်လား၊ အကွက်စိပ်တာ ကြိုက်လား အစရှိသလို ရွေးချယ်ပါ။

ဘယ်အမျိုးအစားကြိုက်လဲ

ပျိုပျိုမေတွေပဲ Brand ကြိုက်တယ်၊ ကြည့်တယ် မထင်ပါနဲ့နော်။ ကိုကိုတွေလည်း ကြိုက်ပါတယ်။ သူတို့မှာလည်း မျက်မှန်၊ ရေမွှေး၊ အိတ်၊ အဝတ်အစား စတာတွေမှာ ကြိုက်တဲ့ Brand အမျိုးအစား ရှိမှာပါ။ အဲဒါလေးတွေလည်း နည်းနည်း တီးမိခေါက်မိ ရှိပါစေ။

ဆိုဒ်ရွေးတဲ့အခါ

ဆိုဒ်ရွေးရင်လည်း တော်မှာပဲဆိုပြီး စိတ်မှန်းနဲ့ မရွေးပါနဲ့နော်။ ဝယ်ပြီးမှ မတော်ရင် စိတ်ညစ်ရမယ်မလား။ ဒီတော့ ဘယ်ဟာလေးပဲ ရွေးရွေး သူ့ဆိုဒ်ကို သေချာသိပါစေ။ မျက်မှန်ဆိုရင်လည်း သူ့အတွက် ကြီးတာ၊ သေးတာ ဖြစ်နိုင်သလို အင်္ကျီဆိုဒ်ဆိုရင်လည်း S, M, L ဆိုပြီး ရှိတာမို့ သူဘယ်ပုံစံမှာ ဘယ်Size ဝတ်လဲ သိပါစေနော်။

ကိုကိုတို့အတွက် လက်ဆောင်ရွေးတဲ့အခါ သူ့အကြိုက်နဲ့ တထပ်တည်းကျပြီး ကွက်တိဖြစ်ဖို့ လက်ဆောင်ဖြစ်ဖို့ Marry အကြံပေးထားတာလေး ဖတ်ကြည့်နော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords