Advertisement

ကိုယ်နဲ့ ချစ်သူကြားမှာ စိတ်ညစ်စရာတွေ ကင်းဝေးပြီး ရက်ဆက် ရန်ဖြစ်တာမျိုးတွေ မဖြစ်ချင်ရင် ဒါတွေမလွဲပါနဲ့ မမှားပါနဲ့နော်။

 

စုံတွဲလေးတို့ရေ ချစ်သူသမီးရည်းစားကြားမှာ အမြဲအဆင်ပြေချင်တယ်မလား။ ဒါဆိုရင်တော့ နှစ်ယောက်စလုံး မှားတတ်တဲ့အမှားလေးတွေကို ရှောင်ကြဉ်ထားဖို့ လိုပါတယ်။ စုံတွဲလေးတွေ ရေရှည်လက်တွဲခိုင်မြဲပြီး အဆင်ပြေချင်တယ်ဆိုရင် မှားတတ်တာလေးတွေ ကြိုပြင်ထားရပါမယ်။ မဟုတ်ရင် တွဲသာတွဲနေတယ် အဖုအထစ်တွေပဲ ဖြစ်ပြီး ကြာလာရင် စိတ်ညစ်စရာ ကောင်းလာမှာပါ။

ပြဿနာတစ်ခုကို ပြီးအောင် မရှင်းတာ

စုံတွဲလေးတွေ မှားတတ်တဲ့ အမှားတွေထဲမှာ ပြဿနာတစ်ခုကို ပြီးအောင် မရှင်းတာပါ။ စုံတွဲလေးတို့ ပြဿနာတက်တဲ့အခါမျိုးမှာ အဲဒီပြဿနာကို စိတ်ထဲပြေလည်ကျေနပ်သွားတဲ့အထိ ရှင်းပါ။ မဟုတ်ရင် ပြန်သာတည့်သွားတာ အဲဒီကိစ္စတွေးမိတိုင်း စိတ်ဆိုးနေရတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။

Body Shaming လုပ်တာ

စုံတွဲလေးတို့ကြားမှာ ကိုယ့်ရည်းစားကို ပိန်လွန်းတယ်၊ ဝလွန်းတယ် ပုလွန်းတယ် ပြောတာတွေက ချစ်စနိုးနဲ့ ပြောတယ်ဆိုပေမယ့် ပြောတာများတဲ့အခါ တဖက်သူက စိတ်ညစ်လာပြီး သူများစိတ်ပျက်နေမလားတွေးမိပြီး စိတ်ဓါတ်ကျတာတွေ ရှိလာနိုင်ပါတယ်။ အသေးအမွှားလေးလို့ ထင်ရပေမယ့် မဖြစ်သင့်တဲ့ အမှားလေး တစ်ခုပါပဲနော်။

sg.theasianparent.com

အသိမပေးတာ

ယောကျ်ားလေး အများစုက သူတို့ရဲ့ အတွေးတွေ၊ အချစ်တွေကို ထုတ်ပြလေ့ ပြောပြလေ့ မရှိပါဘူး။ ဒါဟာ စုံတွဲလေးတို့ကြားမှာ မဖြစ်သင့်တဲ့ အမှားပါနော်။ အများစု မှားတတ်ကြတဲ့ အမှားပါပဲ။ စုံတွဲလေးတို့ ရေရှည်အဆင်ပြေချင်တယ်ဆိုရင်တော့ ချစ်ရင် ချစ်တဲ့အကြောင်း၊ တွေးထားတဲ့အကြောင်းတွေ ပြောပြဖို့ လိုတယ်နော်။ အလုပ်ကိစ္စတွေမှာလည်း အသိမပေးတာတွေက ရေရှည်မှာ တကယ်မချစ်ဘူးလားလို့ အထင်ခံရနိုင်ပါတယ်။

တစ်ခုပြီး တစ်ခု ရစ်နေတာ

ပြဿနာ တစ်ခုတောင် ရှင်းလို့မပြီးသေးဘူး နောက်တစ်ခု ပေါ်လာအောင် ဖန်တီးတာမျိုး မလုပ်ပါနဲ့နော်။ အဓိကကတော့ မိန်းကလေးတွေပဲနော် တစ်ခုကို စိတ်ကောက်နေတုန်း နောက်ထပ်တစ်ခုကို ထပ်စိတ်ကောက်နေတာမျိုးပေါ့။ ရေရှည်ဘယ်သူမှ မကြိုက်တာမို့ ဒါမျိုးအမှားလေးတွေ ဆင်ခြင်နော်။

ချစ်ကြောင်းပဲ ပြောချင်တာ

စုံတွဲလေးတို့အနေနဲ့ ချစ်လွန်းလို့ ချစ်ကြောင်း၊ လွမ်းကြောင်းတွေပဲ ပြောချင်ကြတာ ထုံးစံဖြစ်သလို စုံတွဲတိုင်းအတွက် သဘာဝပါပဲ။ ဒါပေမယ့်လည်း ချစ်သူတွေကနေ တဆင့်တက်လို့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ကြမယ်ဆိုရင်တော့ ဘဝအတွက်ပါ ပြောဖို့လိုပါတယ်နော်။ မိသားစုအကြောင်း၊ စီးပွားရေးအကြောင်းတွေရောပေါ့။ တစ်ချို့စုံတွဲလေးတွေမှာ တစ်ယောက်က အချစ်အကြောင်းတွေပဲ ပြောချင်နေပြီး တစ်ယောက်က ဘဝအတွက်ပါ စီစဉ်နေတာမျိုး ရှိပါတယ်။ ဒီလိုဆိုရင် နှစ်ယောက်ကြားမှာ အလွဲအမှားတွေ၊ နားမလည်ပေးနိုင်တာတွေ ဖြစ်နေမှာပါ။ ဒါကြောင့် ချစ်ကြောင်းပဲ ပြောချင်တာမျိုး လျှော့နော်။

 

Tags: advicerelationship

Comments

0 comments