Advertisement

သဘောထားချင်း မတိုက်ဆိုင်တာက တစ်ခါတလေ မဟုတ်ဘဲ ကိစ္စတိုင်း နီးပါးဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။

စုံတွဲလေးတို့ အချစ်ရေးမှာ အဖုအထစ်တွေ များနေပြီး ရှေ့မဆက်ချင်တော့ဘူးလို့ အခိုက်အတန့်တွေ ရှိနေပြီလား။ အချစ်ရေးနဲ့ ပတ်သက်ပြီး ပျော်စရာ မကောင်းတော့ဘူးလို့ တွေးမိနေပြီဆိုရင်တော့ နှစ်ယောက်စလုံး အချစ်ရေးနဲ့ ပတ်သက်ပြီး ပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။ အဆုံးသတ်ဖို့ လိုအပ်နေပြီလားဆိုတာ သိနိုင်မယ့် အကြောင်းလေးတွေ ပြောပြပေးမယ်နော်။

အဆုံးသတ်လိုက်ရတော့မယ့် အချစ်ရေး (photo: goodtherapy.org)

စကားမပြောချင်တော့ဘူး

တစ်ယောက်နဲ့ တစ်ယောက် စကားမပြောချင်တာမျိုး ရှိနေပြီဆိုရင်တော့ အချစ်ရေးက ပြန်စဉ်းစားဖို့ လိုနေပါပြီ။ ရန်ဖြစ် စိတ်ဆိုး စကားများလို့ မပြောချင်ကြတာမျိုး မဟုတ်ဘဲ ချစ်သူနဲ့ စကားပြောရမှာကို မသိစိတ်က မကြိုက်တော့တာ၊ စကားပြောရမှာကို စိတ်ကုန်ပြီး ကြောက်လာပြီဆိုရင်တော့ အဆုံးသတ်ဖို့ နီးစပ်လာပါပြီ။ ပြန်လည် ဆန်းစစ်သင့်ပါပြီနော်။

ကိုယ့်ကို စိတ်မဝင်စားဘူး

ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ဝင်စားနေသေးလားဆိုတာ ကိုယ်တိုင်သာ အသိဆုံးပါ။ အလုပ်တွေရှုပ်နေလို့ ခဏလောက် ကိုယ့်ကို ဂရုမစိုက်တာမျိုး မဟုတ်ဘဲ ကိုယ်ဘာပြောပြော စိတ်ဝင်စားဟန် မပြဘူး။ ဘာလုပ်လုပ် စိတ်မဝင်စားဘူး။ အရင်လို ဂရုမစိုက်တော့တဲ့ အချိန်ကာလတွေ ကြာလာတယ်ဆိုရင်တော့ ကိုယ့်အပေါ်မှာ စိတ်မဝင်စားတော့ဘူးလား သေချာအောင် မေးပါ။ အကယ်လို့ စိတ်မဝင်စားတော့တာ သေချာရင် အမြန်အဆုံးသတ်လိုက်တာ နာကျင်စရာ ပိုနည်းပါတယ်။

သဘောထား မတိုက်ချင်တော့တာ (photo: goodtherapy.org)

သဘောထား မတိုက်ချင်တော့တာ

စုံတွဲလေးတို့ရဲ့ အချစ်ရေးမှာ အရင်က ဘယ်လောက်ပဲ သဘောထားတွေ တူခဲ့တူခဲ့ နှစ်တွေကြာလာတဲ့အခါ သဘောထား မတိုက်ဆိုင်တာတွေ အရမ်းများလာပြီဆိုရင်တော့ ရှေ့ဆက်ဖို့ကို အတော်လေး ပြန်စဉ်းစားရတော့မှာပါ။ သဘောထားချင်း မတိုက်ဆိုင်တာက တစ်ခါတလေ မဟုတ်ဘဲ ကိစ္စတိုင်း နီးပါးဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။

အဖြေမထွက်တဲ့ ပြဿနာတွေ (photo: goodtherapy.org)

အဖြေမထွက်တဲ့ ပြဿနာတွေ

အဖြေမထွက်တဲ့ ပြဿနာတွေဆိုတာက သဝန်တိုလွန်းတာ၊ ရစ်လွန်းတာ၊ သံသယထားပြီး ယုံကြည်မှု ကင်းမဲ့နေတာမျိုးပါ။ ကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်လိုက်တိုင်း သံသယတွေ ထားနေတာ၊ စိတ်ကျေနပ်လောက်တဲ့ အဖြေတွေမရဘဲ အလျော့ပေးလိုက်ရတာတွေက စိတ်ကုန်စရာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလိုတွေ ဆက်တိုက်ဖြစ်နေပြီဆိုရင် အဆုံးသတ်ဖို့ နီးကပ်လာတဲ့ အချစ်ရေး ဖြစ်လာပါပြီ။ စိတ်မချမ်းသာရတဲ့ အချစ်ရေး ဖြစ်နေပြီဆိုရင်တော့ လမ်းခွဲလိုက်တာ အကောင်းဆုံးနည်းလမ်းပါ။

စုံတွဲလေးတို့ကြားမှာ အချစ်ရေး အဆုံးသတ်ရတော့မလား တွေးနေရင်တော့ ဒါလေးတွေ သိထားသင့်တယ်နော်။

Comments

0 comments
Advertisement