လက်ထပ်ပြီးခါစ ချစ်တင်းနှောတဲ့အခါ စိတ်မညစ်ရအောင်

by: Phyo Pyae Thu
 0 comments  0 love

စပြီးတော့ ချစ်တင်းနှောတဲ့အခါမှာ ရှက်တာ၊ ကြောက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကလည်း စုံတွဲလေးတိုင်း ဖြစ်နေကျမို့ အရမ်းစိတ်ထဲ မထားပါနဲ့နော်။

စုံတွဲလေးတို့ရေ လက်ထပ်ပြီးခါစ ချစ်တင်းနှောတဲ့အခါမှာ နှစ်ယောက်စလုံး အဆင်ပြေဖို့၊ စိတ်ချမ်းသာပျော်ရွှင်ဖို့ အရေးကြီးတယ်နော်။ First Impression ကအစ စိတ်မညစ်ဖို့ လိုတယ်လေ။ ဒီတော့ ပထမဆုံး ချသ်တင်းနှောကြတော့မယ်ဆိုရင် ဘာတွေ လုပ်ဆောင်ရမလဲ၊ ဘာတွေသိထားရမလဲဆိုတာ Marry က ပြောပြပေးလိုက်ပါတယ်နော်။

ချစ်တင်းနှောတဲ့အခါ (Photo: Istock)

စိတ်ကျေနပ်အောင်

အလိုလိုက်တယ်ဆိုတာ တစ်ဖက်လူကို စိတ်ကျေနပ်စေတဲ့အရာပါ။ ဒီအချက်က ကြင်စဦးဇနီးမောင်နှံတို့ လိင်ဆက်ဆံတဲ့အခါမှာ အရမ်းအရေးကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အလိုလိုက်ဖို့ လိုပါတယ်။ ချစ်တင်းနှောတဲ့အခါမှာ တစ်ယောက် ဆန္ဒကို တစ်ယောက် အလိုလိုက်ဖို့ လိုပါတယ်။ လိင်ဆက်ဆံနေချိန်မှာ အကုန်လုံး လိုက်လျောပါ။

ကိုယ့်ဆန္ဒတွေကိုပဲ ရှေ့တန်းမတင်ပါနဲ့

ဒီအချက်ကလည်း ကိုကိုတွေ အထူးဆင်ခြင်ရမယ့် အချက်ပဲနော်။ ကိုယ့်ဆန္ဒကိုပဲ ဦးစားပေးပြီး ဇွတ်မဆက်ဆံပါနဲ့။ ဇနီးနဲ့ အလိုက်အထိုက်လေး ဖြစ်နေပါစေ။ သူ့အကြိုက်လေးလည်း ဆောင်ရွက်ပေးဖို့ မမေ့ပါနဲ့။ ကိုယ့်ဆန္ဒတွေပဲ ရှေ့တန်းတင်တဲ့အခါ တဖက်လူမှာ စိတ်ညစ်သွားနိုင်ပါတယ်။

စိတ်မညစ်ရအောင်

ပင်ပန်းစရာလို့ မတွေးပါနဲ့

ချစ်တင်းနှောတာကို စိတ်ပင်ပန်းစရာတစ်ခုလို့ တွေးထားမယ်ဆိုရင် အိမ်ထောင်ရေးသုခကို အပြည့်အဝ မရရှိနိုင်ပါဘူး။ ဒါကြောင့် ချစ်တင်းနှောတဲ့အခါမှာ ပျော်စရာတွေ တွေးထားပါ။ ပျော်စရာလို့ မြင်ပါ။ အချစ်သီချင်း ဒါမှမဟုတ် တီးလုံးချိုချိုလေးတွေ ဖွင့်ထားပါ။ ဖြစ်နိုင်ရင်တော့ ဝိုင်ချိုချိုလေးတွေ တစ်ခွက်လောက် သောက်ထားပါ။ ရီဝေဝေလေးပေါ့။ အရင်ဆုံး ပျော်စရာတွေ ဖန်တီးပါ။

ပင်ပန်းစရာလို့ မတွေးပါနဲ့ (photo: whatiscodependency.com)

ရှက်ကြောက်တာတွေ လျှော့ပါ

စပြီးတော့ ချစ်တင်းနှောတဲ့အခါမှာ ရှက်တာ၊ ကြောက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကလည်း စုံတွဲလေးတိုင်း ဖြစ်နေကျမို့ အရမ်းစိတ်ထဲ မထားပါနဲ့နော်။ ကိုကိုတို့အနေနဲ့လည်း ကိုယ့်ရဲ့ဇနီးကို ချောမော့ပြီး ပြောဆိုဖို့ လိုပါတယ်နော်။ ရှက်တာတွေ၊ ကြောက်တာတွေ မဖြစ်အောင် နှစ်ယောက် ချစ်သူဘဝတုန်းက အမှတ်တရတွေ၊ အနာဂတ်အတွက် အစီအစဉ်တွေ ပြောရင်း ရင်းနှီးအောင် နေပါ။ ဒါဆိုရင်တော့ ရှက်ကြောက်တာတွေ လျှော့သွားမှာပါ။

စုံတွဲလေးတို့ ချစ်တင်းနှောတဲ့အခါ စိတ်မညစ်ရမဖြစ်ရလေအောင် Marry က ပြောပြတာလေးတွေ လုပ်ဆောင်နော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords