Advertisement

ဒါကတော့ အရေးကြီးတဲ့မေးခွန်းပါ။ ကိုယ့်သားသမီးရဲ့ နောင်ရေးစိတ်အေးရဖို့အတွက် မိဘတိုင်း ဒီမေးခွန်းရဲ့ အဖြေကို စိတ်ဝင်စားကြပါတယ်။

အိမ်ထောင်သည်ဘဝ ရောက်ဖို့ ချဉ်းကပ်တော့မယ်ဆိုရင် အရင်ဆုံး ယောက္ခမလောင်းရဲ့စာမေးပွဲလေးတော့ ဖြေဖို့လိုတယ်လေနော်။ မိဘဆိုတာကလည်း ကိုယ့်သားသမီးနဲ့ တဘဝလုံးလက်တွဲသွားမယ့်သူက ဘယ်လိုလူမျိုးလဲဆိုတာ သိချင်ကြမှာပဲလေ။ ဒီတော့ တွေ့တဲ့အခါ မေးခွန်းတွေ မေးမှာ အသေအချာပါပဲ။ ကိုယ့်ဘက်ကလည်း သေချာ ဖြေနိုင်ဖို့ လိုတယ်နော်။ ဒါမှ ချစ်ခရီးလမ်းလေး အဆင်ပြေမှာ။

ဘယ်လိုစတွေ့ခဲ့ကြတာလဲ

ဒါကတေ့ာ ယောက္ခမလောင်းတိုင်း မမေးပေမယ့် ကြိုတင်ပြင်ဆင်ထားရမယ့်အထဲမှာ ပါပါတယ်နော်။ ချစ်သူကို ရုတ်တရက်ချစ်မိသွားတာလားဆိုတာမျိုးတော့ သိချင်ကြမှာပါ။ ဘယ်လိုစပြီး တွေ့ဆုံခဲ့တယ်ဆိုတာ မေးလာရင်တော့ တိကျပြီး လိုတိုရှင်း ပြောပြတတ်ဖို့ ပြင်ဆင်ထားပါနော်။ ဥပမာ- ကျောင်းတက်ရင်း ဆုံကြတာ၊ သူငယ်ချင်းတွေအဆင့်ကနေ ချစ်သွားတာဆိုတာမျိုးပေ့ါ။ တွေ့ဆုံမှုကို သေချာရှင်းပြပါ။

ဘာအလုပ်လုပ်လဲ

ဒါကတော့ အရေးကြီးတဲ့မေးခွန်းပါ။ ကိုယ့်သားသမီးရဲ့ နောင်ရေးစိတ်အေးရဖို့အတွက် မိဘတိုင်း ဒီမေးခွန်းရဲ့ အဖြေကို စိတ်ဝင်စားကြပါတယ်။ အလုပ်အကိုင်ကို ဘယ်နေရာမှာ ဘာရာထူးနဲ့ ဆိုတာ ပြောပြပါ။ လစာဝင်ငွေနဲ့ ပတ်သက်ပြီးလည်း နည်းနည်းရိပ်မိအောင် ပြောပြထားတာ အကောင်းဆုံးပါနော်။

မိဘတွေကရော

မိဘတွေကရော

မိဘတွေကရော

ဒါကလည်း မျိုးရိုးကို သိချင်တဲ့အခါ မေးလေ့ရှိတဲ့ မေးခွန်းပါပဲ။ မိဘတွေကရောလို့ မေးရင် ကိုယ့်မိဘတွေက ဘယ်ဇာတိ၊ ဘာအလုပ်လုပ်တယ်၊ ညီအကိုမောင်နှမ ဘယ်နှစ်ယောက်၊ ဆုံးသွားတာမျိုး ဆိုရင်လည်း အခုလက်ရှိ အုပ်ထိန်းသူကတော့ ဘယ်သူ အစရှိသလို စီကာပတ်ကုံး ပြောပြပါ။ ဒါက ယောက္ခမလောင်း ကိုယ့်ကို သဘောကျရဲ့လားဆိုတာ သိနိုင်မယ့်အချက်တွေထဲက တစ်ခုပါ။

ဘာတွေစီစဉ်ထားလဲ

ရှေ့ရေးနဲ့ ပတ်သက်ပြီး ကိုယ်စီစဉ်ထားတဲ့ Plan တွေကို သေချာပြောပြဖို့ လိုပါတယ်နော်။ စုံတွဲလေးတို့ နှစ်ယောက် တိုင်ပင်ထားတာတွေရှိရင်လည်း ပြောပြထားပါ။ လက်ထပ်ပြီးရင် ဘယ်လိုမျိုး နေထိုင်မယ်၊ စီးပွားရေးလုပ်ဖို့ စီစဉ်ထားတယ်ဆိုတာကအစ ပြောပြလိုက်ပါ။ ဒါက စိတ်ကျေနပ်စေမယ့် အဖြေဖြစ်ဖို့ လိုတာမလို့ သေချာပြင်ဆင်သွားပါ။

ယောက္ခမလောင်းနဲ့ တွေ့တော့မယ်ဆို ဒီမေးခွန်းတွေအတွက် အဖြေကြိုပြင်သွားနော်။

Comments

0 comments