Advertisement

သူငယ်ချင်းနဲ့ ရည်းစားထားမယ့်သူတွေသာ ရနိုင်မယ့် အားသာချက်မို့ ကိုယ့်ကို Friend zone ထဲက ထွက်ခဲ့ဖို့ ပြောနေတဲ့သူရှိရင် ချက်ချင်းပဲ မီးစိမ်းပြလိုက်တော့နော်။

ချစ်သူထားတဲ့အခါ ကိုယ့်ရဲ့ အလုပ်ခွင်၊ ကျောင်းအတူတူ တက်တဲ့သူတွေထဲက ဖြစ်နိုင်သလို သူငယ်ချင်းလည်း ဖြစ်နိုင်တာပါပဲ။ ကိုကိုတွေ၊ မောင်မောင်တွေကို ရွေးရင် အားသာချက်ရှိသလိုမျိုး သူငယ်ချင်းကို ချစ်သူတော်လိုက်ရင်လည်း အားသာချက်တွေ ရှိတာပါပဲ။ အားသာချက်တွေကို သိသွားပြီးရင်တော့ Friend zone ကို ခုချက်ချင်း ကျော်ဖြတ်ချင်စိတ်ပေါက်သွားမယ်နော်။ ကဲ… ဘာတွေဖြစ်လဲ ဖတ်ကြည့်ရအောင်။

အကြောင်းအကုန်သိတယ်

သူငယ်ချင်းကို ရည်းစားတော်မယ်ဆိုရင်တော့ အကြောင်းအကုန် သိနေပြီးသား ဖြစ်မှာပါ။ တခြားသူတွေလို အရင်က ဘယ်သူတွေနဲ့ ကြိုက်ခဲ့လဲ၊ ဘာလို့ပြတ်လဲ အစရှိတာတွေ သီးသန့်မေးနေ စုံစမ်းနေစရာ မလိုတော့ဘူးပေ့ါ။ သူ့အကြောင်း ကိုယ့်အကြောင်း ထူးထွေပြီး ပြောပြနေစရာ မလိုတော့ဘူးနော်။ နောက်ကြောင်းတွေကြောင့် အာရုံမနောက်ရဘူးလေ။

စကားပြောတဲ့အခါ

သူငယ်ချင်းဆိုတော့ စကားပြောတဲ့အခါ ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါး ရှိတယ်လေ။ ရှက်နေစရာ ရှိန်နေစရာ မလိုဘူးပေါ့။ အရင်လိုပဲ သူငယ်ချင်းလို ဆက်ပြောလည်း ရနေသေးတယ်လေ။ ဒီတော့ စကားပြောရတာ အဆင်မပြေတာတွေ မဖြစ်တော့ဘူးပေါ့။ ကိုယ်စကားပြောတဲ့အခါလည်း အမှားပြောမိမှာ သိပ်မလိုဘူးပေါ့။

သူ့စိတ်ကို နားလည်ပြီးသား

သူ့စိတ်ကို နားလည်ပြီးသား

သူငယ်ချင်းဆိုတော့ တချို့အရာတွေမှာ နားလည်မှု ရှိပြီးသား ဖြစ်မှာပါ။ အစားအသောက်၊ အသွားအလာတွေကအစ သိပ်မညှိရတော့ဘူးပေ့ါ။ စိတ်အရင်းကို သိနေတဲ့အတွက် တခြားနားလည်မှုတွေလည်း တည်ဆောက်ဖို့ သိပ်ခက်မှာ မဟုတ်ပါဘူး။

တိုင်ပင်လို့ရမယ်

ချစ်သူသမီးရည်းစားဆိုတာ တိုင်ပင်လို့ရတာပဲ ဆိုပေမယ့် သူငယ်ချင်းနဲ့ဆိုတော့ သူငယ်ချင်းလိုမျိုး တိုင်ပင်ဖို့ လိုတာတွေလည်း တိုင်ပင်လို့ ရပြီးသား ဖြစ်သွားမှာပါ။ အလုပ်ကိစ္စ၊ မိသားစုကိစ္စတွေမှာ ထိန်ချန်ထားစရာ မလိုဘဲ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ရုံပါပဲ။ ဘာအကြောင်းနဲ့မှ အားနာစရာ မလိုဘူးလေ။

တိုင်ပင်လို့ရမယ် (photo: truly)

ကိုယ့်စိတ်ကို သိနေမယ်

ချစ်သူသမီးရည်းစားတွေကြားမှာ အချိန်ယူပြီး သိအောင် လုပ်ရတာက ကိုယ့်စိတ်ကို သူသိအောင် သူ့စိတ်ကို ကိုယ်သိအောင်ပါပဲ။ သူငယ်ချင်းဆိုတော့ ကိုယ့်မျက်နှာ ဘာဖြစ်နေလဲ၊ ကိုယ့်စိတ်ထဲ ဘာဖြစ်နေလဲဆိုတာ အထူးတလည် ပြောပြနေစရာ မလိုတော့ဘူးပေ့ါ။ အပေါင်းအသင်း လုပ်လာတာကြာတဲ့အတွက် သူ့စိတ်ကိုလည်း ဖတ်နိုင်ပြီးသား ဖြစ်မှာပါ။ ဒီတော့ ပြဿနာတွေ ဖြစ်တာနည်းလာပြီး ရန်ဖြစ်လည်း ခဏပါပဲနော်။

 

Comments

0 comments