Advertisement

ဒီလိုခေတ်မှီလာတဲ့ ခေတ်အခြေအနေမှာ လူငယ်တော်တော်များများဟာ အနေအထိုင်အပြောအဆို တင်မကဘဲ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံတဲ့ ပုံစံတွေကအစ ပြောင်းလဲလာကြတာကို သတိထားမိကြမှာပါ

ဒီလိုဖြစ်လာတာနဲ့ အမျှပိုလို့ပိုလို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ ဗဟုသုတတွေကိုလည်း လေ့လာလိုက်စားကြဖို့ အတွက်လိုအပ်လှပါတယ်

ဒီဘက်ခေတ်တွေမှာလူငယ်တွေမှာ အများစုတွေ့ရတာက Bar တွေသွားကြမယ် ၊ ညဘက်အပျော်ကျူးပြီး တစ်ခါမှမတွေ့ဘူး မဆုံဘူးသူတွေ နဲ့တောင် အတူတူ နေကြဖို့ အတွက် ဝန်မလေးလာတဲ့ အပြုအမှုတွေကို လုပ်ဆောင်တတ်လာမျိုးတွေကို တွေ့ရမှာဖြစ်ပါတယ်

ဒီလိုအရာတွေ ဖြစ်လာတဲ့ အခါ မိမိရဲ့ ကျန်းမာရေး အတွက် ရေရှည်ကောင်းရဲ့ လား မိမိရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အာမခံချက်ပေးနိုင်ရဲ့လားဆိုတာ ကျန်းမာရေး အသိဉာဏ်နဲ့ တွဲဆက်နေတာဖြစ်လို့ တစ်ညတာဟာတစ်ဘဝစာ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အသိစိတ်ကို ထည့်သွင်းစဉ်းစားတတ်ကြစေဖို့ လိုအပ်လှပါတယ်

ဒီနေ့ပြီးရင် မနက်ဖြန်ကိုတောင် ကြိုတင်လို့ မပြောနိုင်တဲ့ အချိန်တွေမှာ  ဒီလို အရာတွေကို လုပ်ဆောင်တော့မယ် ဆိုရင် ဘယ်လောက်ပဲ အသက်အရွယ်က ကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းရှိတယ် ဆိုပေဦးတော့ မိမိရဲ့ စိတ်သန့်ရှင်းနေမှုအတွက် ကိုတော့ ဦးစားပေးဆုံးဖြတ်ကြပါလို့ပဲ အကြံပြုချင်ပါတယ်

တစ်ညတာမှာ အချစ်မပါဘဲ ပတ်သက်ခဲ့ကြပြီး တစ်ယောက်အပေါ်တစ်ယောက် စိတ်မသန့်မရှင်း နဲ့ ဖက်တွယ်နေကြမှာမျိုးတွေကို မလုပ်ဆောင်သင့်ဘဲ တစ်ယောက်ကို တစ်ယောက် နားလည်မှသာ ဒီလိုအရာတွေကို လုပ်ဆောင်သင့်ဖို့ တယ်လို့ အကြံပြုရင်း တစ်ညတာအတွက် တစ်ဘဝစာကို မစတေးကြဖို့ အကြံပေးလိုက်ပါတယ်နော်

Tags: sex and love

Comments

0 comments