Advertisement

ချစ်တို့ရေ Crush ရှေ့မှာ ဒါတွေလုပ်မိရင် ဂွမ်းမှာနော်။ အမှတ်တွေ လျော့ပြီး ဆွဲဆောင်မှုတွေ ကျဆင်းမှာမို့ အထူးဆင်ခြင်ကြပါနော်။

အကောင်းမြင်စိတ်နည်းလွန်းတာ

Crush ရှေ့မှာမို့ ကိုယ့်ရဲ့စိတ်ကို ပြောင်းလဲပစ်ရမယ်ဆိုတာမျိုး မဟုတ်ပေမယ့် ဆွဲဆောင်မှု နည်းစေတဲ့ အချက်မဖြစ်သွားအောင်တော့ ဂရုစိုက်ရမယ်လေ။ ကိစ္စသေးသေးလေးတွေကအစ အကောင်းမြင်စိတ် နည်းနေတာက ကောင်လေးတွေ ကြိုက်တဲ့အချက်မဟုတ်ဘူးနော်။ ကိစ္စအဝဝ စန်းစန်းတင့် လုပ်ပြီး အဆိုးမြင်နေတာတွေ လျှော့ပါ။

ကိုယ့်ကိုယ့်ကို ယုံကြည်လွန်းတာ

ယောကျ်ားလေးတွေက Confidence level so high နေတာကိုလည်း သဘောမတွေ့ဘူးနော်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲနေတာက သူတို့မျက်စိထဲတော့ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အချက်တစ်ခုပါပဲ။ ကိုယ့်မှာ ရှိတယ်ဆိုရင်လည်း Crush ရှေ့မှာ ခဏတော့ လျှိုထားလိုက်ပါဦး။

www.telegraph.co.uk

 

ယောကျ်ားလေးတွေနဲ့ ပေါင်းသင်းဆက်ဆံရေး

Crush ရှေ့မှာလည်း ယောကျ်ားလေး သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကို သတိထားဖို့ လိုတယ်နော်။ ဖုန်းတွေ တရင်းတနှီးပြောနေတာ၊ လိုတာထက် ပိုပြီး ရင်းနှီးနေတာမျိုးတွေကျ Crush က သဘောကျမှာ မဟုတ်ပါဘူး။ ဒါလည်း သတိထားပါ။

မိတ်ကပ်တွေ ပြင်လွန်းတာ

ကိုယ်ကတော့ Crush ရှေ့မို့ လှတပတလေး ပြင်သွားတာဆိုပေမယ့် သူ့မျက်လုံးထဲ ဂွမ်းနေလို့ မဖြစ်ဘူးလေ။ မိတ်ကပ်အထူကြီး လိမ်းတာတွေ၊ သူနဲ့ တွေ့မှာမို့ အထူးတလည်ကြီး များများစားစား ပြင်ဆင်တာမျိုး မလုပ်ပါနဲ့။ သေသေသပ်သပ်လေးဆို ရပါပြီ။

 (istock)

အားကိုးလွန်းတာ

ယောကျ်ားလေးတွေက သူတို့ကို အမြဲအားကိုးတာလည်း မကြိုက်သလို အမြဲအားမကိုးတာလည်း မကြိုက်ပြန်ပါဘူး။ ဒီတော့ ကိုယ်က မီးစင်ကြည့်ကတတ်ဖို့ လိုပါတယ်။ Crush ကို အရမ်းအားကိုးလွန်းတာ၊ ဘာဆိုဘာမှ မလုပ်တတ်တာမျိုး မလုပ်ပါနဲ့။ အဲဒီလိုပဲ ဆန့်ကျင်ဘက် အကုန်လုံး ကိုယ်သိကိုယ်တတ် ဘယ်သူမှ အားမကိုးတာလည်း မလုပ်ပါနဲ့။

ရန်စွာလွန်းတာ

Crush ရှေ့ရောက်မှ အော်ကြီးဟစ်ကျယ် စိတ်ဆိုးစရာတွေ တွေ့ပြီး ရန်စွာပြတာမျိုးလည်း ရှောင်နော်။ ယောကျာ်းလေးတွေက ထက်မြက်တာသာ ကြိုက်တာ ရန်စွာတာ၊ ရန်ထောင်တာမျိုးကျ မနှစ်သက်တတ်ကြပါဘူး။ ထုတ်မပြောပေမယ့်လည်း သူတို့စိတ်ထဲမှာတော့ အနုတ်လက္ခဏာ သတ်မှတ်ထားတာပါ။

 

Tags: couplecrush

Comments

0 comments