Advertisement

ရည်းစားနဲ့ လမ်းခွဲကြတဲ့အခါ အေးအေးဆေးဆေးဖြစ်ဖို့ အထာကျကျ လမ်းခွဲတတ်ဖို့တော့ လိုတယ်နော်။ ဒီနည်းလမ်းလေးတွေ ဖတ်ထားကြည့်ဦး ချစ်တို့ရေ။

ချစ်တို့ရေ ရည်းစားထားပြီဆိုရင် ရည်းစားဖြတ်တတ်ဖို့လည်း အရေးကြီးတယ်နော်။ ထားတုန်းက ထားတတ်ပြီး ဖြတ်ကြ ပြတ်ကြတဲ့အခါကျမှ  ရန်တွေဖြစ်ကြ မုန်းကြ စိတ်တွေဆိုးကြနဲ့ ကမ္ဘာ့ရန်သူတွေ ဖြစ်ကြတာ အများကြီးပါ။ ကမ္ဘာ့ရန်သူတွေ ဖြစ်သွား ဘာမှမဖြစ်ပေမယ့် ကိုယ့်ကို မကျေနပ်လို့ လိုက်နှောင့်ယှက်နေတာမျိုးနဲ့ ကြုံရရင်တော့ စိတ်ညစ်ရပြီလေ။ ဒီလို မဖြစ်ရအောင် အေးအေးဆေးဆေး လမ်းခွဲရအောင်။

ဖောက်ပြန်တာကြောင့် လမ်းမခွဲပါနဲ့

သမီးရည်းစားတွေ ပြတ်တဲ့ အကြောင်းအရင်း အများစုဟာ နောက်လူရှိလာတာကြောင့်ပါပဲ။ နောက်လူထားချင်လို့ ဖြတ်ချင်တယ်၊ လမ်းခွဲချင်တယ်ဆိုရင်တောင် အရင်ဆုံး ဖြတ်ပြီးမှ နောက်ရည်းစားနဲ့ တွဲပါ။ မဖြတ်ခင်ကတည်းက နောက်ရည်းစားထားတာက သစ္စာမရှိတာပဲမို့ ကိုယ့်ချစ်သူက ကိုယ့်ကို နာကျည်းမုန်းတီးနေမှာ သေချာပါတယ်။ ဒါကြောင့် နောက်တစ်ယောက်ထားပြီးမှ လမ်းမခွဲပါနဲ့။

မျက်နှာချင်းဆိုင် စကားပြောပါ

မျက်နှာချင်းဆိုင် လမ်းခွဲစကားပြောပါ။ လမ်းခွဲစကားပြောမယ်ဆိုရင် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သေချာစဉ်းစားပြီးမှသာ ပြောပါ။ ဖုန်းတွေဆက်၊ စာတွေပို့ပြီး မပြောပါနဲ့။ မျက်နှာချင်းဆိုင် လမ်းခွဲစကား ပြောတာက တခြားသွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ ဖြတ်တာထက်စာရင် အများကြီး ခံစားရ သက်သာပါတယ်။ စာတွေပို့တဲ့အခါ အပြန်အလှန် အချေအတင် ပြောနေတာနဲ့တင် ဆိုလိုရင်းမရောက် ဖြစ်နေတတ်တယ်နော်။

အကျိုးအကြောင်း ပြောပါ

တစ်ယောက်နဲ့ တစ်ယောက် ချစ်ပြီးမှ လမ်းခွဲကြတယ်ဆိုတာ အကြောင်းအရင်း တစ်ခုခုတော့ ရှိမှာပါပဲ။ ဘာကြောင့်ပဲ လမ်းခွဲချင် ခွဲချင် အကျိုးအကြောင်း ပြောပြပါ။ ရှေ့ဆက် အတူတူ မရှိနိုင်တော့တဲ့ အကြောင်းရင်းကို သေချာပြောပြလိုက်မယ်ဆိုရင် အမုန်းတွေနဲ့ လမ်းခွဲရတာမျိုး မဟုတ်ဘဲ တဖက်ကလည်း နားလည်ပေးနိုင်ဖို့ ကြိုးစားမှာပါ။

မကောင်းကြောင်းတွေ မပြောပါနဲ့

မကောင်းကြောင်းတွေ မပြောပါနဲ့

မကောင်းကြောင်းတွေ မပြောပါနဲ့

လမ်းခွဲတဲ့အခါ မကောင်းကြောင်းတွေ တန်းစီပြောခဲ့တာမျိုး မလုပ်ပါနဲ့။ ဘာဖြစ်လို့ ညာဖြစ်လို့ ဘာမလုပ်ပေးခဲ့လို့ ညာမလုပ်ပေးခဲ့လို့ စတဲ့ အပြစ်တွေ တန်းစီပြီး ပြောတာမျိုးက အမုန်းတွေပဲ ဖြစ်စေမှာပါ။ အပြစ်တွေ မဖို့ခဲ့မိဖို့ သတိထားနော်။

ယတိပြတ် အဆက်အသွယ် မဖြတ်ပါနဲ့

လမ်းခွဲတဲ့အခါ ယတိပြတ် အဆက်အသွယ် ပြတ်အောင် ရုတ်တရက် လုပ်လိုက်တာက အဆိုးဆုံး ဖြစ်မှာပါ။ တဖက်လူက ဖြတ်လို့ ဖြတ်မှန်းမသိနဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကနေ တဆင့် အဆက်အသွယ် လုပ်ဖို့ကြိုးစားတာတွေ ရှိရင်လည်း ကိုယ်ပဲ စိတ်ညစ်ရမှာလေ။ နောက်ပြီး ရုတ်တရက် အဆက်အသွယ် ဖြတ်လိုက်တာက ကိုယ့်ကိုလည်း ပိုပြီးတော့ မုန်းစေ၊ စိတ်နာစေပါတယ်။ အဆုံးသတ် မလှတဲ့ လမ်းခွဲခြင်း မဖြစ်ချင်ဘူးဆိုရင်တော့ ရုတ်တရက် အဆက်မဖြတ်လိုက်ပါနဲ့။

ရည်းစားနဲ့ လမ်းခွဲကြတဲ့အခါ အေးအေးဆေးဆေးဖြစ်ဖို့ အထာကျကျ လမ်းခွဲတတ်ဖို့တော့ လိုတယ်နော်။ ဒီနည်းလမ်းလေးတွေ ဖတ်ထားကြည့်ဦး ချစ်တို့ရေ။

Comments

0 comments