Advertisement

ချစ်တို့ရေ ကိုယ်တိတ်တိတ်လေး Crush နေရတဲ့သူက တခြားသူမဟုတ်ဘဲ ကိုယ့်ရဲ့ သူငယ်ချင်း အရင်းကြီး ဖြစ်နေပြီလား။ ဒီလိုမျိုး သူငယ်ချင်းကို Crush မိတာဟာ တခြားအပြင်လူကို ချစ်မိတာထက် ပိုပြီးတော့ ပျော်စရာလည်း ပင်ပန်းစရာလည်း ကောင်းပါတယ်။ ကိုယ့်အနီးကပ်လူကို အကဲခတ်ရတာလေ။ မြင်သာမြင် မကြင်ရ ဆိုသလိုမျိုးပေါ့။ အနီးနားမှာသာ ရှိနေတာ ချစ်သူကျမဟုတ်ပြန်ဘူး။ အဲဒီလိုတွေ ဖြစ်နေပြီး Friend Zone ထဲကို ရောက်နေပြီဆိုရင်တော့ ဒါတွေလုပ်ကြည့်သင့်ပါပြီ။

ကိုယ်ကပဲ Crush နေမိတာလား

ချစ်တို့ရေ ဒီလိုအခြေအနေမျိုးမှာ ကိုယ်တိုင်ပြန်စမ်းစစ်ရမှာ ရှိတယ်နော်။ ကိုယ်ကပဲ တဖက်သတ်ချစ်နေမိတာလား၊ သူကရော ကိုယ့်ကို စိတ်ဝင်စားတဲ့ အရိပ်အယောင်တွေ ပြနေလားပေါ့။ ဒါလေးတွေ ပြန်စမ်းစစ်ပါဦး။ ကိုယ်ကပဲ ချစ်မိနေတာဆိုရင်တော့ သူ့ရဲ့ သဘောထားကို မသိမသာလေး အကဲခတ်ကြည့်ပါ။ သူဘက်ကလည်း ကိုယ့်ကို ကြိုက်နေတဲ့ အရိပ်အယောင်လေး တွေ့ရတယ်ဆိုရင် Friend Zone ထဲကနေ လွတ်မြောက်ဖို့ သိပ်မခက်ပါဘူး။

Friend Zone ထဲကနေ လွတ်မြောက်ဖို့

Friend Zone ထဲက လွတ်မြောက်ဖို့ဆိုတာ စွန့်စားရဲဖို့တော့ လိုပါတယ်။ အများစုက ဖွင့်ပြောလိုက်ရင် အခင်အမင် ပျက်သွားမလား၊ အခုအနေအထားလေး ပျောက်သွားမလားဆိုပြီး စိုးရိမ်စိတ်ပူနေတာနဲ့တင် Friend Zone ထဲမှာ တဝဲလည်လည် ဖြစ်နေမှာပါ။ Friend Zone ထဲကနေ လွတ်မြောက်ဖို့ အတွက် ကိုယ်ချစ်နေကြောင်းကို ပွင့်ပွင့်လင်းလင်းသာ ဖွင့်ပြောပါ။ အကယ်လို့ သူငယ်ချင်းက ငြင်းခဲ့မယ်ဆိုရင်လည်း အခင်အမင်မပျက်လေး ဆက်ရှိနေဖို့ တောင်းဆိုကြည့်ပါ။

(photo: goshoppingthailand.com)

သူကရော ကိုယ့်ကို ချစ်နေလား

Friend Zone ထဲကနေရုန်းထွက်ဖို့ဆိုရင် သူ့စိတ်အခြေအနေကိုလည်း ခန့်မှန်းမိဖို့ လိုပါတယ်။ သူကိုယ့်အပေါ်မှာ ဂရုစိုက်တာ၊ ကြင်ကြင်နာနာ နေပြတာမျိုး ရှိလားပေါ့။ အဲဒီလို နေတာကလည်း သူငယ်ချင်း သံယောဇဉ်ကြောင့် ဖြစ်နိုင်တာမို့ တခြားသူငယ်ချင်းတွေအပေါ်မှာရော အဲဒီလိုမျိုး ဆက်ဆံသလားဆိုတာ အကဲခတ်ပါ။ တခြားသူတွေနဲ့ မဟုတ်ဘဲ ကိုယ်နဲ့မှ အဲဒီလိုဆိုရင်တော့ ရှေ့ဆက်တိုးပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖို့သာ ကြိုးစားလိုက်ပါ။ ဒါက အကောင်းဆုံးပါပဲနော်။

ဒီအချက်(၃) ချက်ကို သေသေချာချာ ပြန်စမ်းစစ်ပြီး ရှေ့တိုးမယ်ဆိုရင်တော့ Friend Zone ကနေ အဆင့်တက်နိုင်မှာ သေချာပါတယ်။

Tags: couplerelationship

Comments

0 comments