Advertisement

စုံတွဲလေးတို့ မင်္ဂလာဦးညမှာ ဖြစ်တတ်တာတွေကို မျှော်လင့်ထားပြီး ကြိုတင်ပြင်ဆင်ထားပါ။ ဒီလိုဆိုရင် မင်္ဂလာဦးညလေးမှာ ပျော်ရွှင်စရာတွေပဲ ကြုံတွေ့ရမှာပါနော်။

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာပွဲလေး ပြီးပြီဆိုရင်တော့ မင်္ဂလာဦးညလေးတွေအတွက် ကြိုတင်ရင်ခုန်နေမှာ အသေအချာပါပဲနော်။ စုံတွဲလေးတို့အနေနဲ့ မင်္ဂလာဦးညလေးအတွက် မျှော်လင့်ထားရမှာတွေလည်း ရှိပါတယ်။ အဲဒါမှလည်း စုံတွဲလေးတို့ ပျော်ရွှင်ရတဲ့ မင်္ဂလာဦးညလေး ဖြစ်မှာပါ။ ဘယ်အချက်တွေကို မျှော်လင့်ထားရမလဲဆိုတော့….

အလောကြီးတတ်တာ

ဒါက ယောကျာ်းလေးတွေမှာ အဖြစ်များပါတယ်။ မင်္ဂလာဦးညဆိုတာ တစ်ဘဝလုံးမှာ အမှတ်တရ အဖြစ်ဆုံး အချိန်အခါ ညလေးတစ်ည ဖြစ်တာမို့ အလောမကြီးဘဲ ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဖြတ်သန်းလိုက်ဖို့ လိုပါတယ်။ အလောကြီးချင်တဲ့ စိတ်တွေ ဖြစ်နိုင်တာကို ကြိုတင်မျှော်လင့်ထားပြီး သေချာလေး ထိန်းချုပ်ပါ။

စိုးရိမ်လွန်တာ

ဒီအချက်ကတော့ မင်္ဂလာဦးညမှာ မိန်းကလေးတွေ အဖြစ်အများဆုံးပါ။ ချစ်တင်းနှောချင်စိတ်ကို ထိန်းချုပ်မထားသင့်သလို ချစ်တင်းနှောလိုက်ရမှာကိုလည်း ကြောက်ရွံ့စိုးရိမ်နေတာမျိုး မဖြစ်သင့်ပါဘူး။ ဒီလို အခြေအနေတွေ ဖြစ်လာနိုင်တာကိုတော့ မျှော်လင့်ထားရမှာပါ။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ့်တစ်စိတ် ဖြတ်သန်းဖို့ ဒီညလေးကိုတော့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ လိုပါတယ်နော်။

လူပျို အပျိုစင် မင်္ဂလာဦးညအတွက် ဖြတ်ကျော်ရမှာတွေ (photo: www.specialistaustralia.com.)

ပွင့်ပွင့်လင်းလင်း ပြောပါ

မင်္ဂလာဦးညမှာ တစ်ယောက်နဲ့ တစ်ယောက် ရှက်နေတတ်တာကလည်း သဘာဝတစ်ခုပါပဲ။ မင်္ဂလာဦးညဆိုတာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမှာမို့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံဖို့ လိုပါတယ်။ တစ်ယောက်ကြိုက်တာကို တစ်ယောက်က သိဖို့ဆိုတာလည်း ပြောမှလေနော်။ မပွင့်မလင်းဖြစ်တာမျိုးကလည်း မျှော်လင့်ထားရမယ့် အခြေအနေတစ်ခုပဲမို့ စိတ်ရှည်ရှည်ထားဖို့လည်း ပြင်ဆင်ထားပေးပါ။

ပွင့်ပွင့်လင်းလင်း ပြောပါ (photo: www.specialistaustralia.com.)

အဆင်မပြေတာ

မင်္ဂလာဦးည ချစ်တင်းနှောတဲ့အခါမှာလည်း ကိုယ်မြင်ဖူး၊ ကြားဖူးသလိုလည်း ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒီအချက်ကိုလည်း ကြိုတင်မျှော်လင့်ထားပါ။ တစ်ယောက်နဲ့ တစ်ယောက် ဘာကြိုက်တတ်လဲ၊ ဘာလိုချင်လဲဆိုတာကို သိဖို့က ချက်ချင်းကြီးတော့ မဖြစ်သေးပါဘူး။ ဒီတော့ အဆင်မပြေတာ၊ စိတ်တိုင်းမကျတာတွေ ဖြစ်နိုင်ပါတယ်နော်။ အဆင်မပြေတဲ့အခါ စိတ်တိုတာ၊ ဒေါသထွက်တာ၊ မျက်နှာပျက်တာတွေ မဖြစ်သွားဖို့ ဂရုစိုက်ပါ။

ခန္ဓာကိုယ်နာကျင်တာ

မင်္ဂလာဦးည ချစ်တင်းနှောပြီးနောက်မှာ ခန္ဓာကိုယ် နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်လက်နာကျင်တာနဲ့ ကိုက်ခဲတာတွေ ဖြစ်တတ်တဲ့အပြင် မိန်းကလေးတွေမှာ ဆီးစပ်အောင့်တာ၊ ဆီးစပ်နာကျင်တာတွေနဲ့ မိန်းမကိုယ်နာတာတွေ ဖြစ်တတ်ပါတယ်။ ဒီ့အတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်နော်။

စုံတွဲလေးတို့ မင်္ဂလာဦးညမှာ ဖြစ်တတ်တာတွေကို မျှော်လင့်ထားပြီး ကြိုတင်ပြင်ဆင်ထားပါ။ ဒီလိုဆိုရင် မင်္ဂလာဦးညလေးမှာ ပျော်ရွှင်စရာတွေပဲ ကြုံတွေ့ရမှာပါနော်။

 

Comments

0 comments