Advertisement

သမီးရည်းစား ကိစ္စတွေထဲမှာ အေးတိအေးစက်တွေ ဖြစ်လာတာက တကယ့်ကို ဆိုးရွားတဲ့ အက်ကြောင်းမလို့ ရန်ဖြစ်ကြတဲ့အခါတိုင်း ဒီနည်းလမ်းလေးတွေ လုပ်ကြည့်နော်။

စုံတွဲလေးတို့ရေ ချစ်သူတွေကြားမှာ ပြဿနာ မတက်ချင်ဘူးဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ထားဖို့ လိုပါတယ်။ နားလည်မှုထားပြီး ရှေ့ဆက်မှလည်း ရေရည်တည်မြဲမှာလေနော်။ ဒီတော့ ချစ်သူကြားမှာ အဆင်ပြေစေချင်တယ်ဆိုရင် ဘယ်လိုနားလည်မှုတွေ ထားရမလဲဆိုတာ ပြောပြမယ်နော်။

ခံစားချက်ကို ဂရုစိုက်ပါ

ချစ်သူနှစ်ဦးကြားမှာ ခံစားချက်တွေကို ဂရုစိုက်ဖို့ လိုပါတယ်။ သူ့ရဲ့ခံစားချက်ကို ဂရုစိုက်ပေးဖို့ လိုသလို ကိုယ့်ခံစားချက်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ အဲဒီလို ညီမျှတဲ့သူတွေမှသာ လက်တွဲလို့ ရမှာပါ။ သူဘာတွေခံစားနေရလဲ၊ ဘာတွေဖြစ်နေလဲ သိဖို့ လိုသလို မေးလည်း မေးပါ။ ကိုယ့်ခံစားချက်ကိုလည်း ပြောပြပေးပါ။

ပြဿနာကိုပဲ ဦးတည်ပါ

ရန်မဖြစ်တဲ့ စုံတွဲရယ်လို့ မရှိပါဘူး။ ဖြေရှင်းတဲ့အချက်ပေါ် မူတည်ပြီး ပြန်လည်ပြေလည်ကြတာပါ။ ပြဿနာ တက်တဲ့အခါမှာ ဖြစ်တဲ့ ပြဿနာကိုပဲ ဦးတည်ပါ။ အရင်က ပြဿနာတွေကို ဆွဲထည့်တာမျိုး၊ ပြန်အစဖော်တာမျိုး မလုပ်ပါနဲ့။ ပြဿနာကိုပဲ ဦးတည်ပြီး ဖြေရှင်းမှ အမြန်ဆုံးနဲ့ အကောင်းဆုံး ပြေလည်မှာပါ။

ဆိုးရွားတဲ့ အခြေအနေ မဖြစ်အောင် ထိန်းပါ

စုံတွဲလေးတို့ ကြားထဲမှာ ထားသင့်တဲ့ နားလည်မှုတွေထဲမှာ ဘယ်ကိစ္စမဆို ဆိုးရွားတဲ့ အခြေအနေ မဖြစ်အောင် ထိန်းထားပါ။ စိတ်တွေဆိုး ရန်တွေဖြစ်ကြတဲ့အခါ စိတ်နာအောင် ပြောဆိုတာမျိုး မလုပ်ပါနဲ့။ ဆိုးရွာအောင် မလုပ်မိဖို့ ကိုယ့်ကိုယ်ကို ထိန်းပါ။ ဒါဆို ပြေလည်မှာပါ။

ကိုယ့်စိတ်ကို သူသိမယ် မထင်ပါနဲ့

ကိုယ့်စိတ်ကို သူသိမယ် မထင်ပါနဲ့

ကိုယ့်စိတ်ကို သူသိမယ် မထင်ပါနဲ့

တခါတစ်လေမှာ ကိုယ့်စိတ်ကို ကိုယ့်ချစ်သူက ရာနှုန်းပြည့် သိနေရမယ်ဆိုတာမျိုး မမျှော်လင့်ပါနဲ့။ ဘယ်သူကမှ ကိုယ့်ရဲ့စိတ်ကို ရာနှုန်းပြည့် မသိနိုင်ပါဘူး။ တချို့ချစ်သူတွေမှာ နားလည်မှု လွဲတာကတော့ ငါ့စိတ်ကို အကုန်မသိရကောင်းလားဆိုပြီး စိတ်ဆိုးကြ၊ ရန်ဖြစ်ကြတာမျိုးပါပဲ။ ကိုယ့်စိတ်ကို အမြဲသိနေရမယ်၊ အမြဲစိတ်တိုင်းကျ ဖြစ်နေရမယ်ဆိုတာမျိုး မမျှော်လင့်ပါနဲ့။ ဒါဆို အဆင်ပြေမှာပါ။

စုံတွဲလေးတို့ရေ သမီးရည်းစား ကိစ္စတွေထဲမှာ အေးတိအေးစက်တွေ ဖြစ်လာတာက တကယ့်ကို ဆိုးရွားတဲ့ အက်ကြောင်းမလို့ ရန်ဖြစ်ကြတဲ့အခါတိုင်း ဒီနည်းလမ်းလေးတွေ လုပ်ကြည့်နော်။

Comments

0 comments