Advertisement

လမ်းခွဲဖို့ စပြီးစဉ်းစားမိပြီဆိုကတည်းက ရည်းစားမှာ သည်းမခံနိုင်တဲ့ အချက်တွေ၊ စိတ်ညစ်ရပြီး ကိုယ်မကြိုက်တဲ့ အချက်တွေ ရှိနေမှာ သေချာသလောက်ပါပဲ။

စုံတွဲလေးတို့ရေ တွဲလာတဲ့ သက်တမ်း ဘယ်လောက်ပဲကြာကြာ၊ ဘယ်လောက်ပဲ ချစ်ချစ် တခါတလေမှာတော့ လမ်းခွဲလိုက်ရင် ပိုပျော်ရမလားဆိုပြီး တွေဝေတွေးတတ်လာတဲ့ နေ့ရက်တွေ ရှိကောင်း ရှိလာနိုင်ပါတယ်။ ဒီလိုအတွေးမျိုးက တစ်ခါတစ်လေ မဟုတ်ဘဲ ခဏခဏ တွေးလာပြီဆိုရင် အချစ်ရေးမှာ အဖုအထစ်တွေ စပြီးဖြစ်လာပါပြီ။ လမ်းခွဲရမလားလို့ တွေဝေနေပြီဆိုရင်တော့ ဒီအချက်တွေ ပြန်တွေးပြီး လမ်းခွဲသင့်ရင် ခွဲလိုက်တာ အကောင်းဆုံးပါ။

ကိုယ့်ကို မချစ်ဘူးလို့ ခံစားလာရတာ

ချစ်သူစုံတွဲလေးတွေမှာ ကိုယ့်ကို ချစ်တယ် မချစ်တော့ဘူးဆိုတာ အလိုလို ခံစားမိပါတယ်။ ကိုယ့်ကို မချစ်တော့ဘူးလို့ ခံစားမိလာရတယ်၊ အပြုအမူ အပြောအဆိုတွေ အရင်လို မဟုတ်ဘဲ လက်မခံနိုင်လောက်အောင်အထိ လျော့လာတယ်ဆိုရင်တော့ လမ်းခွဲဖို့ ခပ်မြန်မြန် ဆုံးဖြတ်ပါ။ မချစ်တော့ဘူးဆိုရင် ဘာနဲ့မှ ညှိုလို့ မရနိုင်ပါဘူး။

မဆုံတဲ့လမ်းကို ‌ရွေးချယ်တော့မလား

မဆုံတဲ့လမ်းကို ‌ရွေးချယ်တော့မလား

အမှားတစ်ခုကို ခဏခဏ လုပ်နေတာ

ကိုယ်မကြိုက်ဘူး ပြောထားပါရဲ့၊ ဒီကိစ္စနဲ့ပဲ ပြဿနာတက်နေတာကို ခွင့်လွှတ်ပေးထားပြီးတာတောင် နောက်တစ်ကြိမ် ထပ်မှားတာကလည်း ဆင်တူ အမှားမျိုး ဆိုရင်တော့ စွန့်လွှတ်လိုက်တာ အကောင်းဆုံးပါပဲ။ သူရော ကိုယ်ပါ ထပ်ခါထပ်ခါ နာကျင်နေရပြီး သူလည်းဘယ်တော့မှ ပြင်ဆင်လာမှာ မဟုတ်ပါဘူး။ အဲဒီလိုဆိုရင်တော့ မတွေဝေနေပါနဲ့တော့။

အမှားတစ်ခုကို ခဏခဏ လုပ်နေတာ

အမှားတစ်ခုကို ခဏခဏ လုပ်နေတာ

ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာတာ

တချို့တွေက ရည်းစားထားပြီဆိုရင် အကုန်လုံး ပိုင်တယ်လို့ ထင်သွားကြပါတယ်။ အချိန်၊ အလုပ် အစအဆုံးပါပဲ။ သူတို့နဲ့ တစ်ထေရာတည်း တူအောင် ကိုယ့်ကို ကန့်သတ်ထိန်းချုပ်တာတွေ ရှိတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာတယ် ကိုယ့်ကိုယ်ကို မပိုင်ဘူးလို့ ထင်ရလောက်အောင် ခံစားနေရရင်တော့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။ မတွေဝေပါနဲ့နော်။ ချစ်သူရည်းစားဆိုပေမယ့် ကိုယ်ပိုင်အချိန် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရှိသင့်တယ်လေ။

ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာတာ

ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာတာ

သူမရှိဘဲ အဆင်ပြေလား

ချစ်လေးတို့ရေ လမ်းခွဲခါစမှာတော့ သူမရှိဘဲ အဆင်မပြေလောက်ပါဘူး။ ဘာလို့လဲဆိုတော့ အမှတ်တရတွေ တွေးပြီး သတိရနေမှာ သေချာတာကိုး။ သူမရှိဘဲ အဆင်မပြေဘူးလို့ အမြဲခံစားနေရမှာ သေချာသလောက်ပါပဲ။ ဒါပေမယ့် သူနဲ့ ပတ်သက်တာပြီး တွေးတာတွေ၊ အဆက်အသွယ် လုပ်တာတွေကို နည်းနည်းချင်းစီ လျှော့ကြည့်ပါ။ အဆင်ပြေတယ်ဆိုရင် တကယ်လမ်းခွဲတဲ့အခါ ပိုအဆင်ပြေမှာပါ။ သူမရှိဘဲ နေနိုင်လားဆိုတာ ကိုယ့်ခံစားချက်သာ အသိဆုံးပါ။

သည်းမခံနိုင်တဲ့အချက်တွေ

လမ်းခွဲဖို့ စပြီးစဉ်းစားမိပြီဆိုကတည်းက ရည်းစားမှာ သည်းမခံနိုင်တဲ့ အချက်တွေ၊ စိတ်ညစ်ရပြီး ကိုယ်မကြိုက်တဲ့ အချက်တွေ ရှိနေမှာ သေချာသလောက်ပါပဲ။ အဲဒီအချက်တွေကို အိမ်ထောင်ကျပြီးတဲ့အထိ သည်းခံနိုင်လားဆိုတာ  အထပ်ထပ် အခါခါ စဉ်းစားပါ။ လုံးဝ သည်းမခံနိုင်လောက်ဘူးသေချာရင် ပြင်ပေးဖို့ နည်းနည်းကြိုးစားကြည့်ပြီး မရတာနဲ့ လမ်းခွဲတာ အကောင်းဆုံးပါ။

 

Comments

0 comments