Advertisement

မနဲ့မောင် ဇာတ်လမ်းလေးတွေ ဖြစ်နေတဲ့ချစ်တို့အတွက် ငယ်တဲ့သူနဲ့ ကြိုက်တဲ့အခါ ကြုံရမှာလေးတွေနဲ့ အချစ်စိတ် ဖြစ်ပေါ်တတ်တာလေးတွေကို သိထားသင့်တယ်နော်။

အချစ်ဆိုတာ ထူးဆန်းတဲ့ အရာတွေထက်တောင် ထူးဆန်းတဲ့ အရာပါ။ နှလုံးသားကလည်း သူချစ်ချင်တဲ့သူ ချစ်နေမှာပါပဲ။ အသက်ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာ မရွေးပေါ့။ ဒီထဲမှာမှ အသက်ငယ်တဲ့ မောင်လေးတွေကို ချစ်မိသွားတာမျိုး ဖြစ်နိုင်ပါတယ်။ မောင်လေးတွေကလည်း မမမှ မမဖြစ်နေပြီ၊ သီချင်းထဲကလို မ မချစ်လို့တော့ သေနိုင်တယ်ဆိုတာမျိုး ကိုယ်မှကိုယ် ဖြစ်နေပြီဆိုရင်တော့ မနဲ့မောင် ဇာတ်လမ်းလေး တပုဒ်ဖြစ်တော့မှာပါနော်။ မောင်လေးတွေကို ချစ်မိနေပြီဆိုရင် ဘာတွေတွေ့ကြုံရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

အနေမတည်တာလေးတွေ

မောင်လေးတွေကို ချစ်မိနေပြီဆိုရင်တော့ ခပ်တည်တည်နေတတ်တဲ့အကျင့်တွေထက် ရွှတ်နောက်နောက် နေတတ်တဲ့ အကျင့်လေးတွေကို ပိုင်ဆိုင်ရမှာပါနော်။ တချိန်လုံး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အပြင် ကိုယ့်ကိုလည်း စနောက်ပြီး အသည်းတွေကြွေအောင် ချွေမယ့်သူပါပဲ။

အနေမတည်တာလေးတွေ

အနေမတည်တာလေးတွေ

အသက်ကွာတာ

အသက်ကွာတယ်ဆိုတာ ပညတ်ချက်တစ်ခုပါပဲ။ တကယ်တော့ ချစ်နေဖို့က အဓိကပါနော်။ ပတ်ဝန်းကျင်ကတော့ ငယ်တဲ့သူကိုကြိုက်ရင် လိုက်ထိန်းရမှာနော်။ ဟိုက ကြာရင်ထားသွားမယ်နော် ဒါမျိုးတွေ ပြောကောင်း ပြောကြမှာပါ။ တကယ်သာ ချစ်ရင် ဒီစကားတွေဟာ ပန်းနဲ့ပေါက်သလောက်ပါပဲနော်။ အသက်ငယ်တဲ့သူကို ယူရင် အဆင်ပြေပါ့မလားဆိုတာတွေလည်း တွေးမိမှာပါ။ အသက်ငယ်ပေမယ့် ကိုယ့်ချစ်သူ ကိုယ့်အပေါ်မှာ တကယ်ကောင်းတယ်ဆိုရင် ရေရှည်လက်တွဲလို့ ရပါတယ်နော်။

ငယ်တဲ့သူတွေရဲ့ အချစ်ဆိုတာ

မမတို့ရေ မောင်လေးတွေက ကိုယ့်ကိုချစ်တယ်၊ ကြွေနေတဲ့အထဲမှာ ကိုယ့်ရဲ့ ရင့်ကျက်မှု၊ တည်ငြိမ်မှုနဲ့ အရည်အချင်းကောင်းတွေ၊ ကိုယ့်ဆီမှာ ရှိတဲ့ ကောင်းမွန်တဲ့ အချက်တွေကို အားကျမိတာလည်း ပါပါတယ်။ ဒီတော့ မမတု့ိ့အနေနဲ့ ကလေးဆိုးလေးလို အမြဲဆိုးလို့တော့ ဘယ်ရမလဲနော်။ မောင်လေးတွေက အချစ်ကို တွေ့ရှိတဲ့ အတွေ့အကြုံနည်းတာကြောင့် ဇွတ်တရွတ်ဆန်တာတွေလည်း ရှိမှာပါပဲ။ ဒီအခါမှာ အချစ်ရေး အဆင်မပြေတာတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါဟာ မောင်လေးတွေရဲ့ အချစ်လွန်တဲ့စိတ်ကြောင့်ပါ။ မမက ဖြည်းဖြည်းချင်း ပြောပြရှင်းပြတာမျိုး လုပ်ပါနော်။

ငယ်တဲ့သူတွေရဲ့ အချစ်ဆိုတာ

ငယ်တဲ့သူတွေရဲ့ အချစ်ဆိုတာ

တည်ငြိမ်ရဲ့လား

မောင်လေးတွေဟာ မရင့်ကျက်ဘူး၊ မတည်ငြိမ်ဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်ထပ်လို့ မရဘူးတော့ မဟုတ်ပါဘူးနော်။ အသက်ငယ်လို့ အတည်တကျ ဖြစ်ပါ့မလားဆိုတာ မောင်လေးရဲ့ စိတ်နေစိတ်ထားနဲ့ပဲ ဆိုင်ပါတယ်နော်။ သူတို့တွေရဲ့ အချစ်ပေါ်မှာ ထားတဲ့ ခံယူချက်၊ မမအပေါ်မှာ ထားရှိတဲ့ လေးနက်မှုကိုကြည့်ပြီး ယုံကြည်ရမှာပါဖြစ်ပါတယ်။

မနဲ့မောင် ဇာတ်လမ်းလေးတွေ ဖြစ်နေတဲ့ချစ်တို့အတွက် ငယ်တဲ့သူနဲ့ ကြိုက်တဲ့အခါ ကြုံရမှာလေးတွေနဲ့ အချစ်စိတ် ဖြစ်ပေါ်တတ်တာလေးတွေကို သိထားသင့်တယ်နော်။

Comments

0 comments