Advertisement
ချစ်သူရည်းစား ဆက်ဆံရေးတစ်ခုမှာ Sex ကအရေးကြီးလား

ကိုယ်ရဲ့ ကိုယ်ပိုင် ယုံကြည်ချက်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ့်ဆက်ဆံရေးအပေါ်မှာ ထားတဲ့ သဘောများပေါ်မှာပဲ မူတည်တာ ဖြစ်ပါတယ်

အချစ်ရေးမှာ sex က အရေးကြီးသလားဆိုတာ တသမတ်ထဲ ထွက်လို့ရတဲ့ အဖြေမရှိပါဘူး။ လူတိုင်းက မတူညီကြတဲ့အတွက် အချို့အတွက် အရေးကြီးသောအရာက အခြားသူများအတွက် လုံးဝအရေးမကြီးမှာ မဟုတ်ပါဘူး။ ကိုယ်ရဲ့ ကိုယ်ပိုင် ယုံကြည်ချက်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ့်ဆက်ဆံရေးအပေါ်မှာ ထားတဲ့ သဘောများပေါ်မှာပဲ မူတည်တာ ဖြစ်ပါတယ်။

လိင်ဆက်ဆံဖို့ မလိုအပ်ဘူး

တချို့ဆက်ဆံရေးတွေမှာ လိင်ဆက်ဆံခြင်းမရှိပဲ ပျော်ရွင်ပြည့်စုံပြီး ကျန်းမာလှပတဲ့ ဆက်ဆံရေးများ ရှိကြပါတယ်။ လိင်မဆက်ဆံခင် အချိန်ပိုကြာအောင် ချိန်းတွေ့ချင်တယ်။ လက်မထပ်မီ လိင်ဆက်ဆံခြင်းကနေ ရှောင်ကြဉ်လိုကြတယ်။ ဒါကို အဆင်မပြေတဲ့ ဆက်ဆံရေးလို့ ဆိုလိုတာလဲ မဟုတ်ပါဘူး။ ပြီးတော့ ကိုယ့်ချစ်သူက တကယ်မချစ်ဘူးဆိုတဲ့  လက္ခဏာတစ်ခုလဲ မဟုတ်ပါဘူး။ အဓိကအချက်အနေနဲ့ သာယာတဲ့ပျော်ရွင်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့အတွက် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေက တကယ်အရေးကြီးတဲ့အရာ မဟုတ်ပါဘူး။

ဒါပေမယ့် တချို့အတွက် အရေးကြီးနိုင်ပါတယ်

အခြားလူများအတွက် လိင်ဆက်ဆံတာက  အချစ်ရေးမှာ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်နေနိုင်ပါတယ်။ လူတော်တော်များများက သူတို့ရဲ့ အချစ်ရေးမှာ ချစ်သူနှင့် လိင်ဆက်ဆံလိုကြပါတယ်။ လိင်စိတ်က ရောင်စဉ်တန်းတစ်ခုပေါ်တွင် ရှိနေတယ်လို့ ဆိုပါတယ်။ လိင်နှင့်ပတ်သက်တဲ့ ခံစားချက်များနဲ့ လိင်ဆွဲဆောင်မှုစွမ်းရည်များက လူတိုင်းမှာ အမျိုးမျိုးရှိတာကြောင့် လူတိုင်းအတွက် လိင်ဆက်ဆံဖို့ ချည်းကပ်လုပ်ဆောင်ပုံ အမျိုးမျိုးရှိကြပါတယ်။ ဒီလို ချည်းကပ်လုပ်ဆောင်မှုတွေမှာ ဘာမှ မှားယွင်းခြင်း မရှိပါဘူး။

Ref: Healthline

Comments

0 comments