Advertisement

ချစ်တို့ရေ ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး စိတ်မချဖြစ်နေတယ်ဆိုရင်တော့ အခုပြောပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီလားဆိုတာ စစ်ကြည့်ပါနော်။

သစ္စာမရှိလို့ သစ္စာဖောက်သွားလို့ စတဲ့ စကားတွေ  ခဏခဏ ကြားရမှာပါ။ ဒါကလည်း ချစ်သူတွေကြားထဲမှာ ဖြစ်တတ်ကြပါတယ်။ ဘယ်သူမဆို ကိုယ့်အပေါ် သစ္စာရှိတဲ့သူကိုပဲ လိုချင်ကြမှာပါ။ ဒါပေမယ့်လည်း သစ္စာ ရှိတယ် မရှိဘူးဆိုတာက လူပုံစံကို ကြည့်ပြီး ချက်ချင်းကြီး သိနိုင်တာမျိုး မဟုတ်ပြန်ပါဘူး။ လူပုံစံကိုကြည့်ပြီး သစ္စာရှိ မရှိ သိနိုင်ဖို့ မလွယ်ပေမယ့် အခု Marry က ဖော်ပြထားတဲ့အချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်နော်။

သံသယဝင်အောင် မလုပ်ဘူး

ချစ်တို့ရေ ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ သစ္စာရှိတယ်ဆိုရင် အထင်လွဲစေမယ့် ကိစ္စတွေ၊ သံသယဝင်စေမယ့် ကိစ္စတွေ မရှိအောင် နေမှာပါ။ တခါတလေ အဆက်အသွယ်လုပ်လို့ မရတာ၊ မေးတဲ့အခါ တိတိကျကျ ပြန်မဖြေတာတွေက သံသယဖြစ်စေတယ်လေ။ ဒီလိုဆိုရင် ကိုယ့်နောက်ကွယ်မှာ ခြေရှုပ်နေမလားဆိုပြီး တွေးပူရတာပါပဲ။ ကိုယ့်အပေါ်မှာ သစ္စာရှိတဲ့သူဆိုရင်တော့ ကိုယ်အထင်လွဲစေမယ့် ကိစ္စတွေကို လုပ်မှာမဟုတ်ပါဘူး။

ကိုယ့်ကို အလေးထားတယ်

ကိုယ့်ချစ်သူက ကိုယ့်ကို အလေးထားတယ်၊ ကိုယ်မရှိလို့ မဖြစ်ဘူး၊ ကိုယ့်အပေါ်မှာ တကယ်ကို ဂရုစိုက်ပြီး ချစ်ပေးတယ်ဆိုရင်တော့ ဒါဟာ သစ္စာရှိတယ်လို့ မှတ်ယူလို့ ရတဲ့သူပါပဲ။ ကိုယ့်စကား၊ ခံစားချက်တွေကို တလေးတစား ဆက်ဆံပေးရဲ့လားဆိုတာ ကြည့်ပါ။

ကိုယ်နဲ့ ချစ်သူဖြစ်ခွင့်ရလို့ ပျော်နေတတ်သူ

ကိုယ်နဲ့ ချစ်သူဖြစ်ရလို့ ပျော်နေတယ်၊ ကိုယ်နဲ့ ပတ်သက်ပြီး ဂုဏ်ယူနေတတ်တယ်ဆိုရင်တော့ ဒါဟာ ကိုယ့်အနားမှာ အမြဲတမ်းနေချင်နေတဲ့သူပါပဲ။ ဒါဆိုရင်တော့ သစ္စာရှိမှာ သေချာပါတယ်။ ကိုယ့်ရဲ့ ကောင်းကျိုးကို ကြည့်ပေးတတ်ပြီး ကိုယ့်ရဲ့ ကောင်းကွက်တွေကို တွေးပြီး ပျော်နေတယ်ဆိုရင် သစ္စာရှိသူလို့ ယူဆလို့ ရမှာပါ။

ဖြစ်ကြောင်းကုန်စင် ပြောပြတတ်တဲ့သူ

စုံတွဲလေးတို့ကြားမှာ လျှို့ဝှက်ချက်တွေ ရှိနေတာမျိုး မဖြစ်သင့်ပါဘူး။ စုံတွဲလေးတို့ကြားမှာ တစ်ခုခုကို ထိန်ချန်ထားတာမျိုးက ဘယ်လိုနည်းနဲ့မှ သစ္စာရှိသူ မဖြစ်နိုင်ပါဘူးနော်။

news.utk.edu

ကိုယ်ကလွဲလို့

ကိုယ်ကလွဲလို့ တခြားသူတွေကို စိတ်ဝင်စားလေ့ မရှိဘူး၊ ခပ်တည်တည်နေတာများတယ်ဆိုရင်လည်း သစ္စာရှိသူ ဖြစ်နိုင်ချေ များပါတယ်။ ကိုယ့်ထက် ပိုပြီး တခြားသူတွေကို စိတ်ဝင်စားနေတာ၊ ကိုယ့်ထက် တခြားသူတွေကို အချိန်ပေးနေတာမျိုး မရှိတဲ့သူဆိုရင် ကိုယ့်အပေါ်မှာ သစ္စာဖောက်မှာ မဟုတ်ပါဘူးနော်။

ကိုယ်နဲ့ ရှိနေရရင် ပျော်နေတတ်သူ

ချစ်သူစုံတွဲတိုင်းတော့ ချစ်သူအနားမှာ ရှိနေတိုင်း မပျော်ရွှင်တတ်ကြပါဘူး။တွေ့တိုင်းဂကျီဂကြောင်ကြနေတဲ့ ချစ်သူနားမှာ ရှိနေလည်း မပျော်ရွှင်ကြသလို စိတ်လုံခြုံမှု မပေးနိုင်တဲ့ ချစ်သူနားမှာ နေရရင်လည်း မပျော်ရွှင်တာမျိုး ရှိနေတတ်ပါတယ်။ ကိုယ့်ရဲ့ ချစ်သူက အဲဒီလို မဟုတ်ဘဲ တကယ့်ကို ပျော်နေတယ်ဆိုရင်တော့ သစ္စာရှိသူဖြစ်မှာပါ။

 

Comments

0 comments