Advertisement

ချစ်သူနဲ့ လက်တွဲဖြုတ်လိုက်ရတဲ့ အကြောင်းအရင်းကို သိပြီဆိုရင်တော့ စုံတွဲလေးတို့ ကြားထဲမှာ ဒီအကြောင်းတွေ မဖြစ်လာအောင် ရှောင်ဖို့လိုတယ်နော်။ ဒါမှရေရှည် လက်တွဲမြဲမှာပါ။

ချစ်သူနဲ့ သက်ဆုံးတိုင် လက်မတွဲချင်တယ်သူလို့ ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း လမ်းခုလတ်မှာတင် လမ်းခွဲပြတ်စဲလိုက်ကြရတဲ့ အခြေအနေတွေလည်း ရှိကြတာပါပဲ။ ချစ်သူတွေ လမ်းခွဲကြတာဟာ သစ္စာမရှိလို့ မချစ်တော့လို့ဆိုတဲ့ အကြောင်းတွေထက်ပိုတဲ့ အကြောင်းအရင်းတွေလည်း ရှိပါတယ်။ အဲဒီတော့ ချစ်သူနဲ့ လက်တွဲဖြုတ်လိုက်ရမယ့် အကြောင်းအရင်းတွေ သိထားတယ်ဆိုရင် စုံတွဲလေးတို့လည်း ပြင်ဆင်ပြီး နေထိုင်လို့ရတာပေါ့နော်။

သူများတွေနဲ့ နှိုင်းယှဉ်လွန်းတာ

ချစ်သူတွေကြားထဲမှာ လက်တွဲဖြုတ်ရတဲ့ အကြောင်းအရင်းတွေကတော့ သူများတွေနဲ့ နှိုင်းယှဉ်လွန်းတာပါပဲ။ တခြားသူတွေက ဘယ်လိုတော်တာ၊ ဘယ်လိုထက်မြက်တာ၊ မင်းက ဘာမှအသုံးမကျဘူး၊ ဘာမှမလုပ်တတ်ဘူး ဆိုပြီး ပြောလွန်းတာတွေပါ။ ကိုယ်က ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်ပေမယ့် ပြောတာတွေ များလာရင် ကိုယ့်ချစ်သူက စိတ်ဓါတ်တွေ ကျလာပြီး နောက်ဆုံး လမ်းခွဲလိုက်ရတဲ့အထိ ဖြစ်သွားတတ်ပါတယ်။

photo: charleneeckstein.com

ကတိမတည်တာ

ကတိမတည်တာက စုံတွဲလေးတွေကြားမှာ ပြဿနာ အကြီးကြီးပါပဲ။ ကတိသေးသေးလေးတွေကအစ တည်ဖို့ လိုပါတယ်။ ဖုန်းပြန်ဆက်မယ်ပြောရင် ပြန်ဆက်တာ၊ ပြောပြမယ်လို့ ကတိပေးထားရင် ပြောပြပေးတာမျိုး ဒီလိုအသေးလေးတွေကစလို့ ကိစ္စအကြီးကြီးတွေအထိ ကတိတည်ဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ရင် သမီးရည်းစားတွေ ခဏခဏ ပြဿနာတက်ပြီး စိတ်ညစ်ရမှာ အသေအချာပါပဲ။

photo: ringscollection.com

လက်ထပ်ဖို့ တွန်းအားပေးလွန်းတာ

ချစ်သူသမီးရည်းစားတိုင်းမှာ ဘယ်လိုရည်မှန်းချက်တွေ ပြည့်မှ လက်ထပ်မယ်ဆိုတဲ့ အတွေးတွေ၊ စိတ်ကူးတွေ ရှိပြီးသားပါ။ ယောက်ျားလေးမှာလည်း သူ့အတွေးတွေ ရှိသလို မိန်းကလေးမှာလည်း ရှိပါတယ်။ ရည်မှန်းချက်တွေ မပြည့်သေးခင် လက်ထပ်ဖို့ အတင်းတွန်းအားပေးလွန်းတာ၊ မင်္ဂလာပွဲ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး ဖိအားပေးလွန်းတာတွေက ချစ်သူသမီးရည်းစားတွေ လမ်းခွဲရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ ဒီတော့ သေချာတိုင်ပင်ဆွေးနွေးပါ။

ခွင့်မလွှတ်တာ

ချစ်သူသမီးရည်းစားတွေကြားထဲမှာ ” စိတ်ဆိုးတတ်ရင် ခွင့်လွှတ်တတ်ရပါမယ်” နော်။ ကိစ္စသေးသေးလေးကို ပုံကြီးတွေချဲ့ပြီး ရစ်လွန်းနေတာ၊ ခွင့်မလွှတ်ပေးတာတွေက အက်ကြောင်း ဖြစ်စေတဲ့ အချက်တွေပါပဲ။ အဲဒါကြောင့် ခွင့်လွှတ်ပေးနိုင်ဖို့လည်း ကြိုးစားကြည့်ပါ။

အတိတ်က ကိစ္စတွေကို ပြန်ပြောတာ

ရှိတယ်မလား ရည်းစားဟောင်းအကြောင်းတွေ ပြန်ပြောပြီး စိတ်ညစ်နေကြရတာမျိုးပေါ့။ အတိတ်က ကိစ္စတွေ ပြန်တူးဆွပြီး အရင်လူလောက် မချစ်ဘူးမလား၊ အရင်လူနဲ့ အဆက်အသွယ် ရှိနေလား အစရှိသလိုတွေ အတိတ်က ကိစ္စတွေနဲ့ ပြဿနာရှာနေတာကလည်း စုံတွဲတွေ ပြတ်စဲသွားနိုင်တဲ့ အကြောင်းအရင်းပါပဲ။

 

Comments

0 comments