Advertisement

အချစ်ရေးမှာ ပျက်စီးတာတွေ မဖြစ်ချင်ဘူးဆိုရင်တော့ အခုပြောပြတဲ့အချက်လေးတွေ လိုက်နာပေးပါနော်။ အဲဒီလိုဆိုရင် စုံတွဲလေးတို့ကြားမှာ ပြတ်တာတွေ မဖြစ်တော့ပါဘူး။

စုံတွဲလေးတို့ရေ ချစ်သူသက်တမ်း ဘယ်လောက်ရှိရှိ တချို့ အချစ်ဇာတ်လမ်းလေးတွေက ဇာတ်နာပြီး လမ်းခွဲလိုက်ရတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ စုံတွဲလေးတို့ အချစ်ရေးမှာလည်း ပြဿနာလေးတွေ ရှိပေမယ့် လမ်းခွဲပြတ်စဲတာတွေအထိ မဖြစ်ဖို့တော့ ထိန်းသိမ်းထားရမှာပါ။ မပျက်စီးဖို့အတွက် အချစ်ရေးမှာ မမှားသင့်တာလေးတွေ  ပြောပြပေးမယ်နော်။

သစ္စာရှိပါ

စုံတွဲလေးတို့ရေ သစ္စာရှိရမယ့် အချက်ကတော့ ချစ်သူသမီးရည်းစားတိုင်း လိုက်နာရမှာပါ။ လုံးဝကို မမှားသင့်တဲ့ အမှားတွေထဲမှာ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်နေဖို့ပါ။  နောက်တစ်ယောက်ကို ရင်မခုန်ဖို့ပါ။

 ရည်းစားနဲ့ မပြတ်ချင်ဘူးဆိုရင်

ရည်းစားနဲ့ မပြတ်ချင်ဘူးဆိုရင် (photo: www.freepik.com/)

 

စိတ်မကြည်နေတဲ့အချိန်

ချစ်သူသမီးရည်းစားတွေ အတူရှိနေပေမယ့်လည်း တစ်ခါတလေမှာ စိတ်မကြည်လင်တဲ့ အချိန်တွေ ရှိနေမှာပါ။ စိတ်မကြည်နေတဲ့အချိန်မျိုးမှာ ဘယ်လိုစကားပဲ ပြောပြော နှစ်ယောက်စလုံးအတွက် အဆင်ပြေမှာ မဟုတ်ပါဘူးနော်။ အဲဒီလို အချိန်တွေမှာလည်း စိတ်မကြည်နေကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြထားပါ။ အဲဒီလို မဟုတ်ရင် စကားတွေ၊ အတွေးတွေက နာကျင်စေနိုင်ပြီး လမ်းခွဲဖို့အထိ ဖြစ်နိုင်ပါတယ်။

စွက်ဖက်လွန်းတာ

စွက်ဖက်လွန်းတာ (photo: depositphotos.com)

စွက်ဖက်လွန်းတာ

စုံတွဲလေးတို့ရေ ချစ်သူသမီးရည်းစားတွေမို့ တစ်ယောက်အကြောင်း တစ်ယောက်သိတာ အကောင်းဆုံး ဆိုပေမယ့် ကိစ္စတိုင်းကို သိချင်ပြီး စွက်ဖက်နေတာမျိုးတော့ မလုပ်သင့်ပါဘူး။ ကိုယ်ပိုင်လွတ်လပ်ခွင့်တော့ ရှိဖု့ိ လိုပါတယ်။ သူ့ရဲ့ တစ်နေတာအကြောင်းလေး သိရရင် အဆင်ပြေပါတယ်။ ကိစ္စအဝဝကို သူမပြောပြဘဲ အတင်းသိအောင် မေးတာ၊ စုံစမ်းတာတွေကတော့ စွက်ဖက်လွန်းရာ ကျပြီး အဆင်မပြေတာတွေ ဖြစ်စေနိုင်ပါတယ်။ အချစ်ရေး အဆင်ပြေချင်တယ်ဆိုရင် ဒီအချက်တွေကိုလည်း ဂရုစိုက်ပါ။

အားကိုးလွန်တာ လျော့ပါ

အားကိုးလွန်တာ လျော့ပါ(photo: www.freepik.com)

အားကိုးလွန်တာ လျော့ပါ

စုံတွဲလေးတို့အနေနဲ့ ချစ်သူသမီးရည်းစားထားတာ အပြန်အလှန် ချစ်ခင်အားကိုးမှုတွေ ရဖို့ ဆိုပေမယ့် အသေးအမွှားလေးတွေကအစ အားကိုးလွန်းတာကတော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ အားကိုးလွန်းတာက တစ်ဖက်သူကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အထိ ဆိုရင် ကြာလာရင် စိတ်ကုန်တာတွေ၊ စိတ်ပျက်တာတွေ ဖြစ်လာနိုင်တာကြောင်ပါ။ တချို့စုံတွဲလေးတွေ ပြတ်စဲကြတာ ဒီအချက်လည်း ပါဝင်ပါတယ်။

ကိုယ်ချင်းစာတရားထားပါ

တစ်ဦးနဲ့တစ်ဦး အနီးကပ် ဆက်ဆံပတ်သက်ကြပြီဆိုရင် ကိုယ်ချင်းစာတရား ထားပေးဖို့ လိုပါတယ်။  ကိုယ်ချင်းစာတရား ထားမှ ရေရှည် အဆင်ပြေမှာလေ။ သူမကြိုက်တာ ကိုယ်မလုပ်သလို၊ ကိုယ်မကြိုက်တာတွေလည်း သူမလုပ်ဘူးဆိုရင် နှစ်ယောက်စလုံး အတွက် ပြဿနာတွေ ဘာမှ ရှိမှာ မဟုတ်ပါဘူးနော်။

စုံတွဲလေးတို့ အချစ်ရေးမှာ ပျက်စီးတာတွေ မဖြစ်ချင်ဘူးဆိုရင်တော့ Marry က အခုပြောပြတဲ့အချက်လေးတွေ လိုက်နာပေးပါနော်။ အဲဒီလိုဆိုရင် စုံတွဲလေးတို့ကြားမှာ ပြတ်တာတွေ မဖြစ်တော့ပါဘူး။

Tags: couplerelationship

Comments

0 comments