Advertisement

စုံတွဲလေးတို့ရေ အချစ်ရေးမှာ စိတ်ညစ်စရာတွေ၊ အဆင်မပြေတာတွေ ရှိနေပြီလား။ အချစ်ရေးမှာ အဆင်မပြေတာတွေ၊ ရန်ဖြစ်တာတွေ၊ အေးတိအေးစက် ဆက်ဆံတာတွေ ဖြစ်နေပြီဆိုရင်တော့ ဒီလိုအဖုအထစ်တွေကို ပြေလည်အောင် ဖြေရှင်းဖို့ လိုပါတယ်။ အဖုအထစ်တွေ ဖြစ်နေတယ်ဆိုရင်တော့ အကောင်းဆုံးနည်းနဲ့ အမြန်ဖြေရှင်းမှသာ ပျော်စရာကောင်းတဲ့ အချစ်ရေး ပြန်ရမှာပါ။

အချိန်တိုင်း အတူရှိနေချင်တာ (photo: www.freepik.com)

ကိုယ့်စိတ်ကို ပြန်စဉ်းစားပါ

စုံတွဲလေးတို့ရေ တစ်ခါတလေမှာ အချစ်ရေးအဆင်မပြေတာက ချစ်သူရည်းစားကြောင့် မဟုတ်ဘဲ ကိုယ့်ရဲ့စိတ်၊ အတွေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကို မချစ်တော့ဘူးလို့ တွေးနေမိတာ၊ အတူတူနေရင် အဆင်ပြေပါ့မလား၊ ဘယ်သူတွေက ကန့်ကွက်မလဲ အစရှိတဲ့ အတွေးတွေ လိုက်တွေးပြီး အချစ်ရေးမှာ အဆင်မပြေနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဆင်မပြေတာက ကိုယ့်စိတ်က ပူလောင်ပြီး ဖြစ်နေလားဆိုတာ စဉ်းစားပါ။

အချိန်တိုင်း အတူရှိနေချင်တာ

စုံတွဲလေးတို့ကြားမှာ အဆင်မပြေတဲ့ အကြောင်းတွေ ထပ်ဖြစ်စေတာကတော့ အချိန်တိုင်း အတူရှိနေရမယ်၊ အချိန်တိုင်း စကားတွေ ပြောမယ်၊ ဖုန်းတွေပြောမယ်ဆိုတာမျိုးပါ။ ကိုယ့်ချစ်သူမှာလည်း ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ အချိန်တိုင်း အမြဲအတူရှိနေပြီး တဖက်ကို ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ မပေးတာက ပြဿနာတွေ၊ အဖုအထစ်တွေ ဖြစ်စေနိုင်တာပါ။ ဒါကြောင့် အချိန်တိုင်း အတူရှိနေတာမျိုး မလိုချင်ပါနဲ့။

အချိန်တိုင်း အတူရှိနေချင်တာ (photo: www.freepik.com)

မတောင်းဆိုပါနဲ့

စုံတွဲလေးတို့ရေ ကိုယ့်ကိုအများကြီး ချစ်ပေးဖို့၊ ဂရုစိုက်ပေးဖို့ အရမ်းမတောင်းဆိုပါနဲ့နော်။ ချစ်တာ၊ ဂရုစိုက်တာကို လူတိုင်းလိုချင်ပေမယ့် ခဏခဏ အတင်းတောင်းဆိုတာမျိုး မလုပ်မိဖို့တော့ လိုပါတယ်။ အတင်းတောင်းဆိုတဲ့အခါ တဖက်လူမှာလည်း စိတ်တွေ ညစ်ရပြီး အချစ်ရေး အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။ အဖုအထစ်တွေ မရှိတဲ့ အချစ်ရေး ဖြစ်ဖို့ ဘယ်အရာကိုမှ အတင်းမတောင်းဆိုပါနဲ့နော်။

ချစ်ကြောင်းပြောပါ (photo: www.freepik.com)

ချစ်ကြောင်းပြောပါ

စုံတွဲလေးတို့ရေ အချစ်ရေးမှာ အဖုအထစ်တွေ မဖြစ်ချင်ဘူးဆိုရင်တော့ ကိုယ့်ချစ်သူလေးကို ချစ်ကြောင်း အမြဲပြောပေးပါ။ အမြဲလည်း ချစ်ပြပေးပါ။ မဟုတ်ရင် မချစ်တော့ဘူးလား၊ နောက်တစ်ယောက်ရနေပြီလားဆိုပြီး သံသယတွေ ဖြစ်ပြီး ပြဿနာတွေ တက်ကြတာပါပဲ။ ဒါကြောင့်မို့ ချစ်ကြောင်း ပြောပါ။

စုံတွဲလေးတို့ အချစ်ရေးမှာ အဖုအထစ်တွေ မဖြစ်ချင်ဘူးဆိုရင် Marry ပြောတာတွေ မမေ့နဲ့နော်။

 

Comments

0 comments
Advertisement