Advertisement

တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ဆုံမက်ကြတဲ့အခါ ဓမ္မတာအရ ကြုံဆုံရတာတွေကို လုံခြုံစိတ်ချစွာ ကျော်ဖြတ်နိုင်စေဖို့ အတွက် ဒီလိုအချက်လေးတွေကို မဖြစ်မနေသိထားသင့်ဖို့ လိုအပ်လှပါတယ်။

ကိုယ်ရဲ့ ချစ်ခင်မြတ်နိုးရတဲ့ သူအပေါ်မှာ တန်ဖိုးထားပါ

မိမိရဲ့ ကြင်နာသူအပေါ်မှာ ရိုင်းပြစွာမေးတဲ့ မေးခွန်းတွေကို ရှောင်ပါ ။ နှလုံးသားပါတဲ့ ချစ်ခြင်းတရား ဖြစ်ပါစေ ။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေကို အချိန်ယူတစ်ဆောက်ပါ။

အကာအကွယ်ပါပါစေ

တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ပဲ ယုံကြည်ရပါစေ စိတ်ချရတဲ့ ဆက်ဆံမှုမျိုးမှသာ ကျန်းမာရေးနဲ့ ညီညွှတ်စေတာ ဖြစ်ပါတယ် ဒါကြောင့် အကာအကွယ်ကို အမြဲသုံးပြီး ချစ်တေးနှောခြင်းကို လုပ်ဆောင်သင့်ပါတယ်။ တကယ်လို့ ဒီလို မလုပ်ဆောင်နိုင်ခဲ့ရင်လည်း ဆေးစစ်ပြီးမှသာ မိမိရဲ့ အဖော်ဖြစ်သူနဲ့ ရှိသင့်တာ ဖြစ်ပါတယ်

ချစ်ခြင်းတရားနဲ့ သာ ခိုင်မာခြင်းတွေကို တည်ဆောက်ပါ

လှပတဲ့ အိမ်ထောင်တစ်ခု လှပတဲ့ Relationship တစ်ခု ဖြစ်ဖို့ ဆိုတာဟာ Sex ကိစ္စကို လွန်စွာ အသားပေးနေဖို့ မလိုအပ်ဘူးလို့ ထင်မြင်မိသော်လည်း သဘာဝတရားဆိုတဲ့ အရာကို မည်သူတစ်ဦးတစ်ယောက်မှ လွန်ဆန်လို့ မရကောင်းတာက အမှန်တရားပါ။ ဒါကြောင့် အရာရာတိုင်းတိုင်းမှာ အသိဉာဏ် ၊ ဗဟုသုတတွေ ဆိုတာ မရှိရင် မကောင်းတာမို့ လေ့လာဆည်းပူးရင်း ချစ်ခြင်းတရားနဲ့ လှပတဲ့ အနာဂတ်တွေကို ဦးဆောင်ပြီး  ဖြေရှင်းနိုင်ကြပါစေလို့ အကြံပြု ဖော်ပြပေးလိုက်ပါတယ်

Comments

0 comments