Advertisement

ချစ်တို့ရေ ချစ်ချစ်နဲ့ ချစ်ကြတဲ့အခါ စိတ်ရောကိုယ်ပါ သာယာကြည်နူးဖို့ ဒီလိုအလွဲတွေ မလုပ်မိဖို့ လိုတယ်နော်။

အရွယ်တစ်ခုရောက်လာရင်တော့ ကိုယ့်ချစ်သူ၊ ကိုယ့်ခင်ပွန်းနဲ့ ချစ်တင်းနှောကြ ချစ်ကြမှာပါပဲ။ ချစ်ကြတဲ့အခါ ချစ်သူခင်ပွန်းနဲ့ အပေးအယူ မျှမျှ ဖြစ်နေမှ Enjoy Sex ဖြစ်နေမှာလေနော်။ ချစ်တို့ ချစ်သူနဲ့ သာယာရမယ့် အချက်တွေထဲမှာ ချစ်တင်းနှော တာလည်း ပါပါတယ်။ ဒီတော့ ချစ်ချစ်နဲ့ ချစ်တင်းနှောတဲ့အခါ ဆောင်ရန် ရှောင်ရန်လေးတွေ သိထားဖို့ လိုပါတယ်။

စိတ်မပါချင်ယောင်ဆောင်တာ

မိန်းကလေးအများစုဟာ ချစ်တင်းနှောတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်မပါချင်ယောင်ဆောင်တာမျိုး ဒါမှမဟုတ် ဒီလိုစိတ်မျိုး ရှိတယ်ဆိုတာမျိုး မသိအောင် နေလေ့ရှိကြ ဟန်ဆောင်လေ့ ရှိကြပါတယ်။ တကယ်တော့ ကိုယ့်ချစ်သူနဲ့ ဆက်ဆံတဲ့အခါမှာ စိတ်မပါချင်ယောင်ဆောင်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ချင်းစာကြည့်လေနော် ကိုယ်နဲ့ချစ်ဖို့ စိတ်မပါနေတဲ့သူနဲ့ ကိုယ်ဆိုရင်ရော ချစ်ချင်ပါ့မလား။ ကိုယ့်ချစ်သူမှာလည်း ဒီလိုအတွေးမျိုး ရှိမှာပါ။

အပေးအယူမျှဖို့ မကြိုးစားတာ

အပေးအယူမျှဖို့ ချစ်တို့ ကြိုးစားပေးဖို့ လိုပါတယ်။ အိပ်ရာပေါ်မှာ သာယာတဲ့ ကိစ္စတွေ ဖန်တီးဖို့ဆိုတာ နှစ်ယောက်စလုံးနဲ့ သက်ဆိုင်ပါတယ်နော်။ ကိုယ့်ချစ်သူကောင်လေးမှာပဲ တာဝန်ရှိနေတယ်လို့ ထင်နေတဲ့ အတွေးဟာ တကယ်ကို အမှားတစ်ခုပါ။ ချစ်တို့လည်း လိုက်လျောညီထွေ အပေးအယူမျှဖို့ လိုပါတယ်။

ရှက်စရာလို့သတ်မှတ်နေတာ

ကိုယ့်ချစ်သူနဲ့ ချစ်တင်းနှောတယ်ဆိုတာ ရှက်စရာလို့ သတ်မှတ်နေတာမျိုး မလုပ်ပါနဲ့။ ချစ်တင်းနှောတဲ့အခါမှာ ခန္ဓာကိုယ် တစ်ကိုယ်လုံးကို မြင်မှာစိုးနေတာမျိုး၊ ချစ်ချစ်ခင်ခင် မပြောတမျိုးတွေနဲ့ ရှက်နေတာမျိုးက ကိုယ့်ချစ်သူအတွက် အဆင်မ‌ပြေစေဘူးနော်။ ချစ်တင်းနှောတာ ရှက်စရာ မဟုတ်ဘူးနော် ချစ်တို့ရေ။ ကိုယ့်ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေရမှာပါ။

/guides.uoguelph.ca

ကိုယ့်ချစ်သူက စိတ်မပါတာ

ချစ်သူနဲ့ ချစ်တင်းနှောတဲ့အခါ ကိုယ့်ချစ်သူက အမြဲတမ်းတော့ အဆင်သင့် မဖြစ်နေနိုင်ပါဘူး။ စိတ်မပါတဲ့ အခါတွေလည်း ရှိမှာပါ။ ဒါကို နားလည်ပေးဖို့ လိုပါတယ်နော်။ အဲဒီလို စိတ်မပါတဲ့အခေါက်တွေမှာ ကိုယ့်ကို စိတ်ထဲမရှိတော့လို့ မချစ်တော့လို့ ဒါမျိုးဆက်ဆံတာလားဆိုပြီး အထင်မလွဲဖို့လည်း လိုပါတယ်။ စိတ်ရှုပ်ကိစ္စတွေ ရှိ‌နေတာမျိုးကလည်း ချစ်တင်းနှောတဲ့အခါ ကြည်ကြည်နူးနူး မဖြစ်တတ်တာကို သတိထားပေးနော်။

 

Tags: coupleSex

Comments

0 comments