Advertisement

ချစ်တို့ရေ ကိုယ့်ချစ်ချစ်နဲ့ ရန်ဖြစ်ရတဲ့ရက်တွေ များနေပြီဆိုရင် ဒီလိုနည်းလမ်းလေးနဲ့ ဖြေရှင်းကြည့်ကြပါနော်။ အမြန်ဆုံး အဆင်ပြေမှာပါ။ 

ချစ်သူစုံတွဲလေးတိုင်း ပြဿနာကိုယ်စီ ရှိတတ်ကြပါတယ်။ ကြည်နူးကြတဲ့ရက်တွေ ရှိသလို ပြဿနာတွေ တောက်လျှောက်တတ်ပြီး ရန်ဖြစ်ကြတဲ့ရက်တွေလည်း ရှိပါတယ်။ ဒီတော့ ပြဿနာ တက်ရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ သိထားဖို့ လိုပါတယ်။ မဟုတ်ရင် ရန်ဖြစ်တာနည်းနည်း စိတ်တွေပိုရှုပ်ပြီး ပြတ်စဲသွားတာမျိုး ဖြစ်တတ်တာကြောင့်ပါ။

တဖက်က လျှော့ပါ

ရန်ဖြစ်ကြတဲ့အခါမှာ တဖက်ကတော့ ပိုစိတ်ဆိုး၊ ပိုဒေါသထွက်နေမှာ သေချာပါတယ်။ အဲဒီအခါမှာ စိတ်ဆိုးဒေါသထွက်နေလည်း တဖက်က လျှော့ပေးလိုက်ပါ။ တဖက်က အတတ်နိုင်ဆုံး စိတ်လျှော့ထားလိုက်တဲ့အခါ ကျန်တဖက်ကပါ စိတ်အလိုလို ပြန်ပြေလာပါ့လိမ့်မယ်။ မဟုတ်ရင် သူတင်း ကိုယ်တင်းနဲ့ ပြဿနာပိုကြီးလာနိုင်ပါတယ်။

လူချင်းတွေ့ပြီး ရှင်းပါ

သမီးရည်းစားကြားမှာ ဘာပြဿနာပဲ တက်တက် လူချင်းတွေ့ပြီးပဲ ဖြေရှင်းပါ။ လူချင်းတွေ့ပြီး ဖြေရှင်းတာမျိုး မဟုတ်ဘဲ social တွေပေါ်မှာ ရှင်းတာမျိုး၊ ဖုန်းနဲ့ ရန်တွေ ဖြစ်နေတာမျိုး မလုပ်ပါနဲ့။ ချစ်သူဆိုတာတွေ့နေရရင် ပြဿနာ တဝက်ငြိမ်းပါတယ်နော်။

ငယ်ကျိုးငယ်နာတွေ မဖော်ပါနဲ့

ရည်းစားတွေ ရန်ဖြစ်ကြတဲ့အခါ ငယ်ကျိုးငယ်နာ ဖော်တာတွေ နာကျင်အောင် ပြောဆိုတာတွေ လုံးဝ မလုပ်မိဖို့ လိုပါတယ်။ ဖြစ်တဲ့ပြဿနာပေါ်ပဲ မူတည်ပြီး ဖြေရှင်းပါနော်။ မဟုတ်ရင် ပိုပြီးတော့ စိတ်ညစ်ရပြီး လမ်းခွဲရတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။

ပြဿနာကို အချိန်မဆွဲပါနဲ့

ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါမှာ စိတ်ထဲမှာ ရှင်းလင်းသွားတဲ့အထိ ဖြေရှင်းပါ။ ပြဿနာကို အချိန်ဆွဲမထားပါနဲ့။ ပြီးပြီးရောလည်း မဖြေရှင်းဘဲနဲ့ သေချာတစ်ခုချင်း ပြေလည်အောင်သာ ရှင်းပါ။ အဲဒီလိုမှ မဟုတ်ရင် နှစ်ယောက်စလုံးအတွက် ပိုပြီးတော့ အဆင်မပြေတာတွေ ဖြစ်လာနိုင်တာကြောင့်ပါ။

နှလုံးသားနောက်ကို လိုက်ပါ

ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ စိတ်ဆိုးဆိုး နှလုံးသားက မပြတ်နိုင်တာ သေချာရင် မပြတ်နိုင်ကြောင်း ပြောပါ။ တဖက်က ပြတ်မယ်ပြောတိုင်း ကိုယ်ကပါ မာနတွေတင်းပြီး မလျှော့ရင် ပြဿနာ ပိုဖြစ်နိုင်ပါတယ်။ ပြတ်ဆဲကြမယ်ဆိုဦးတော့ နှလုံးသားက မပြတ်နိုင်ရင် မပြတ်နိုင်ဘူးပဲ ပြောပါ။

 

Tags: loverrelationship

Comments

0 comments