Advertisement

ချစ်တင်းနှောပြီးနောက်မှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ အတွက်လည်း ကြိုတင်ပြီး ပြင်ဆင်ထားသင့်ပါတယ်နော်

မင်္ဂလာဦးညလေးမှာ ပထမဆုံးအကြိမ် ချစ်တင်းနှောဖို့အတွက် စိတ်ဆန္ဒတွေ လောကောင်းလောနေနိုင်ပါတယ်။ စုံတွဲလေးတော်တော်များများက ချစ်တင်းနှောဖို့အတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားကြပေမယ့် ချစ်တင်းနှောပြီးနောက်မှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ အတွက်လည်း ကြိုတင်ပြီး ပြင်ဆင်ထားသင့်ပါတယ်နော်။ ဘယ်အချက်တွေအတွက် ကြိုတင်ပြင်ဆင်ရမလဲ။

အိမ်ရှင်မလေးက ဆီးစပ်နဲ့ ဗိုက်အောင့်တာ

ဆက်ဆံပြီးနောက်မှာ မိန်းမကိုယ် နာကျင်တာ၊ ဆီးစပ်ကိုက်တာ၊ နာကျင်တာတွေ ဖြစ်တတ်ပါတယ်နော်။ ဒါက ဆက်ဆံပြီးနောက်မှာ ဖြစ်လေ့ ဖြစ်ထရှိပေမယ့် မခံနိုင်အောင် နာကျင်တာတွေ ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်ပြဖို့ လိုပါတယ်။

အိမ်ရှင်မလေးက ဆီးစပ်နဲ့ ဗိုက်အောင့်တာ (photo: Well+Good)

စိတ်ပူတာ

အပေါ်မှာ ပြောပြထားတဲ့  အချက်လေးတွေ ဖြစ်တယ်ဆိုရင်တော့ အိမ်ရှင်မလေးတို့က စိတ်ပူမှာ သေချာပါတယ်။ ဒီအခါမှာတော့ သေချာလေး ဂရုစိုက်ပြီး ရှင်းပြပေးဖို့ လိုပါတယ်။ ဖြစ်လေ့ ဖြစ်ထ ရှိကြောင်းနဲ့ မခံနိုင်အောင်ဖြစ်ရင်တော့ ဆရာဝန်ဆီ သွားဖို့ပါ။ အရမ်းမကြောက်ဖို့ အားပေးပေးနော်။

ရှက်တာ (photo: shutterstock.com)

ရှက်တာ

ဒါကတော့ မင်္ဂလာဦးညမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တွေထဲက တစ်ခုပါ။ ဆက်ဆံပြီးတဲ့အခါမှာ ရှက်သွေးဖြာပြီး ရှက်နေတာမျိုးပါ။ ဒီလိုမျိုးဆိုရင်လည်း ကြည်ကြည်နူးနူးလေး ချစ်ခင်ပြပေးဖို့ လိုပါတယ်။ ဒါမှ အချစ်တွေ ပိုပြီးတိုးပွားလာမှာပါ။

ဂရုမစိုက်တာ (photo: Deccan Chronicle)

ဂရုမစိုက်တာ

အိမ်ထောင်ရှင်ယောက်ျားလေးတွေက ဆက်ဆံပြီးနောက်မှာ အိမ်ရှင်မလေးနား သိပ်မကပ်ဘဲ ဆေးလိပ်သောက်တာ၊ ဂိမ်းဆော့တာ စတဲ့ တခြားကိစ္စတွေကို အာရုံစိုက်တတ်ကြပါတယ်။ အဲဒီလို တခြားကိစ္စတွေကို ဂရုစိုက်တာက အိမ်ထောင်ရှင်မလေးကို ဂရုမစိုက်ရာ ကျပါတယ်။ ဒါ့ကြောင့် သတိထားပေးနော်။

အေးဆေး အနားယူချိန်ထားပါ (photo: Well+Good)

ကိုယ်လက်တွေ ကိုက်ခဲတာ

မင်္ဂလာဦးညအလွန်မှာ ဖြစ်တတ်တဲ့ ဝေဒနာတွေထဲမှာ ကိုယ်လက်တွေ နာကျင်ကိုက်ခဲပြီး ဖျားနာတာတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒိ့အတွက် ကြိုတင်ပြီးတော့ အကိုက်အခဲပျောက်ဆေး ဆောင်ထားတာတွေ လုပ်ပါ။

အေးဆေး အနားယူချိန်ထားပါ

မင်္ဂလာဦးည ဖြတ်သန်းပြီး နောက်နေ့ အလုပ်ခွင် မဝင်လိုက်ပါနဲ့နော်။ မင်္ဂလာဦးညလေး ဖြတ်သန်းပြီးတဲ့ နောက်နေ့မနက်မှာတော့ အေးအေးဆေးဆေ အနားယူတာတွေ လုပ်ပါ။ အဲဒီအတွက် အချိန်ဖယ်ထားပေးပါ။

စုံတွဲလေးတို့ ချစ်တင်းနှောပြီးနောက်မှာ ဖြစ်တတ်တဲ့ အကြောင်းအရာလေးတွေကို သိထားပြီးပြီဆိုတော့ ဆက်ဆံပြီးတဲ့အခြေအနေအတွက်ပါ ကြိုတင်ပြင်ဆင်ထားတော့နော်။

Comments

0 comments