Advertisement

လင်မယားနှစ်ယောက်ကြား အဆင်မပြေဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ ဒီတော့ ချစ်စိတ်နိုးကြွစေတဲ့ ဟော်မုန်းတွေကို အနှောင့်အယှက်ပေးတဲ့ ကိစ္စတွေကို ရှောင်ရှားဖို့ လိုပါတယ်

ချစ်တင်းနှောဖို့ စိတ်မပါဖြစ်နေတယ်ဆိုရင် ( Photo – Pinterest)

အိမ်ထောင်ရေး သုခမပြည့်ဝခြင်းရဲ့ အဓိကအကြောင်းအရင်းက စိတ်မပါတဲ့ ကိစ္စပါပဲ။ စိတ်ခံစားချက်ဆိုတာ ကိုယ်ခန္ဓာအတွင်းက ဟော်မုန်းတွေနဲ့ စပ်ဆက်နေတာပါ။ လိင်စိတ်ကို နှိုးဆော်တဲ့ ဟော်မုန်းတွေ ကိုယ်တွင်းမှာ လျော့နည်းနေမယ်ဆိုရင် စိတ်မပါတဲ့ ကိစ္စ ဖြစ်လာရတော့တာပါပဲ။ ဒီလို ဟော်မုန်းတွေကို အဟန့်အတား ဖြစ်စေတဲ့ အကြောင်းအရင်း အများစုကတော့ ကိုယ်တိုင်စားမိနေတဲ့ အစားအစာတွေ၊ ကိုယ်တိုင်ပြုမှုနေထိုင်မိနေတဲ့ နေမှုထိုင်မှုတွေကြောင့်ပါ။

ဒီကိစ္စဟာ ကျန်းမာရေးကိုလည်း ထိခိုက်စေသလို

လူမှုရေးမှာလည်း ဆိုးကျိုးသက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်။ အဆိုးဆုံးကတော့ လင်မယားနှစ်ယောက်ကြား အဆင်မပြေဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ ဒီတော့ ချစ်စိတ်နိုးကြွစေတဲ့ ဟော်မုန်းတွေကို အနှောင့်အယှက်ပေးတဲ့ ကိစ္စတွေကို ရှောင်ရှားဖို့ လိုပါတယ်။

အိမ်ထောင်ရေးကို မသာမယာ ဖြစ်စေပါတယ် ( Photo – Pinterest)

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုဟာ ကိုယ်ကျန်းမာရေးအတွက်ရော စိတ်ကျန်းမာရေးအတွက်ရော မကောင်းပါဘူး။ ဟော်မုန်းတွေကို အနှောင့်အယှက်ပေးတာကြောင့်လည်း အိမ်ထောင်ရေးကို မသာမယာ ဖြစ်စေပါတယ်။

ကိုယ်လက်လှုပ်ရှားမှု

ကိုယ်လက်လှုပ်ရှားမှု နည်းလွန်းနေတာ၊ များလွန်းတာကလည်း လိင်စိတ်ကိုနှိုးဆော်တဲ့ ဟော်မုန်းတွေကို လျော့နည်းစေပါတယ်။

ဆေးလိပ်နဲ့ အရက်တွေ

ဆေးလိပ်နဲ့ အရက်တွေ အလွန်အကျွံ သုံးစွဲမိရင်လည်း ဟော်မုန်းတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။

နေ့စဉ်သောက် တားဆေး

နေ့စဉ်သောက် တားဆေးကလည်း ဟော်မုန်းဆေး ဖြစ်တာမို့ ဟော်မုန်းတွေအပေါ် တစ်နည်းတစ်ဖုံ သက်ရောက်မှုရှိတာပါပဲ။

အခုပြောပြထားတဲ့ အချက်တွေကတော့ လူတိုင်းအတွက် တစ်ခုမဟုတ် တစ်ခု လုပ်မိနေမယ့် အပြုအမူတွေ ဖြစ်ပါတယ်။ အလွန်အကျွံ မဖြစ်စေဖို့နဲ့ တတ်နိုင်သလောက် လျော့ချဖို့ အကြံပေးချင်ပါတယ်။

Tags: adviceavoidsex and love

Comments

0 comments