မင်္ဂလာဦးည အမှတ်တရလေးတွေ ရင်ခုန်စရာကောင်းနေဖို့

by: Nway Nway Aung
 0 comments  0 love

ဘယ်လိုပဲ ဖြတ်သန်းကြပါစေ မင်္ဂလာဦးည အမှတ်တရလေးတွေက ရင်ခုန်စရာ ကောင်းနေဖို့ လိုပါတယ်။ ဒါကြောင့် နည်းလမ်းကောင်းလေးအချို့ ဝေမျှပေးချင်ပါတယ်

မင်္ဂလာဦးည အမှတ်တရလေးတွေ ရင်ခုန်စရာကောင်းနေဖို့ (Photo – wedding night sex)

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာပွဲတစ်ခုရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖို့ အကောင်းဆုံးနဲ့ အရေးအပါဆုံး အခန်းကဏ္ဍလေးက မင်္ဂလာဦးညလေး မဟုတ်ပါလား။ မင်္ဂလာဦးညကို ဘယ်လို ဖြတ်သန်းကြမလဲ ဆိုတဲ့ စိတ်ကူးတွေ၊ အတွေးတွေက သတို့သားလေး၊ သတို့ သမီးလေးတို့မှာ ကျိန်းသေရှိနေမှာပါပဲ။ ဘယ်လို ဖြတ်သန်းမယ်လို့ မသေချာသေးတဲ့ စိတ်ကူးယဉ် စုံတွဲလေးတွေလည်း ရှိကြမှာပါ။ ဘယ်လိုပဲ ဖြတ်သန်းကြပါစေ မင်္ဂလာဦးည အမှတ်တရလေးတွေက ရင်ခုန်စရာ ကောင်းနေဖို့ လိုပါတယ်။ ဒါကြောင့် နည်းလမ်းကောင်းလေးအချို့ ဝေမျှပေးချင်ပါတယ်။

ဝိုင်သောက်ပါ

ဝိုင်သောက်ပါ (Photo – Shutterstock)

သတို့သားလေး အများစုကတော့ မင်္ဂလာဦးညမှာ ရဲဆေးတင်ဖို့ အနည်းငယ် သောက်တတ်ကြပါတယ်။ အနည်းငယ်လောက်ဆို ကိစ္စမရှိပေမယ့် များသွားတဲ့အခါ အမူးလွန်တာတွေ၊ အန်တာတွေ ဖြစ်ပြီး မင်္ဂလာဦးညလေးက မလှပတော့ဘဲ အကျည်းတန်သွားမှာပါ။ ဘယ်သတို့သမီးလေးကမှလည်း မင်္ဂလာဦးညမှာ အန်ဖတ်ကျုံးချင်မှာ မဟုတ်ဘူးနော်။ ဒီတော့ မသောက်နဲ့ မဟုတ်ပါဘူး။ သောက်ပါ။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ သောက်တာထက် နှစ်ယောက်အတူတူ ဝိုင်လေးသောက်တာက မင်္ဂလာဦးညလေးကို ပိုပြီး ရင်ခုန်စရာကောင်းစေမှာပါ။

အိပ်ခန်းထဲတန်းမဝင်ပါနဲ့

အိပ်ခန်းထဲတန်းမဝင်ပါနဲ့ (Photo – Daily Mail)

မနက်ပိုင်းပွဲတွေ ဆိုရင် ကိစ္စမရှိပေမယ့် ညစာစားပွဲတွေနဲ့ ဧည့်ခံမယ်ဆိုရင်တော့ ပွဲပြီးတဲ့အချိန်ဟာ အိပ်ခန်းထဲ ဝင်သင့်တဲ့ အချိန်ရောက်နေပါပြီ။ အဲ့လိုဆိုပေမယ့်လည်း ပွဲအပြီး အိပ်ခန်းထဲ တန်းမဝင်သင့်ပါဘူးနော်။ ဧည့်ခံပွဲမှာ ဝတ်ထားတဲ့ အင်္ကျီတွေ၊ အတွင်းခံတွေမှာ ချွေးနံ့တွေ ရှိနေနိုင်ပါတယ်။ နှစ်ကိုယ်တူ ချစ်ရည်လူးချိန်မှာ တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးပါတာမို့ ကိုယ်လက်သန့်စင်တာနဲ့ အတွင်းခံ အဝတ်တွေကို အသစ်လဲလှယ် ဝတ်ဆင်တာမျိုးတွေ လုပ်သင့်ပါတယ်။

စိုးရိမ်စိတ်တွေ လျှော့ထားပါ

စိုးရိမ်စိတ်တွေ လျှော့ထားပါ (Photo – Makeup, Skin, Fashion, Nail Art)

စိုးရိမ်မှုတွေနဲ့ စိတ်ကို တင်းကျပ်မနေပါစေနဲ့။ သဘာဝအတိုင်း ကြုံတွေ့ရမယ့် ကိစ္စတစ်ခုဖြစ်လို့ သူ့အလိုလို အဆင်ပြေသွားမှာပါ။ သတို့သားလေးတို့ သတို့သမီးလေးတို့မှာ ကြောက်လန့်မှုတွေ၊ စိုးရိမ်မှုတွေ ရှိနေမယ်ဆိုရင် မင်္ဂလာဦးညလေးမှာ ကြည်နူးစရာ အမှတ်တရတွေ ဖန်တီးနိုင်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords