ချစ်တင်းနှောပြီးနောက် နာကျင်တာတွေ ပျောက်အောင်

by: Phyo Pyae Thu
 0 comments  157 love

ချစ်တင်းနှောပြီးနောက်မှာ ခန္ဓာကိုယ်က နာကျင်တာတွေ ဖြစ်တယ်ဆိုရင်  Marry က ပြောပြထားတဲ့ အချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်ပေးနော်။

စုံတွဲလေးတို့ရေ အိမ်ထောင်ရေး သာယာချင်တယ်ဆိုရင် ချစ်တင်းနှောတာကို မေ့ထားလို့ မရပါဘူးနော်။ အိမ်ထောင်ရေး သာယာစေမယ့် အချက်တွေထဲက တစ်ခုဖြစ်တဲ့ ချစ်တင်းနှောတဲ့အခါမှာ သိထားရမှာတွေလည်း ရှိပါတယ်။ တချို့ စုံတွဲလေးတွေက ချစ်တင်းနှောပြီးတဲ့အခါမှာ နာကျင်တာမျိုးတွေ ဖြစ်တတ်တာကြောင့် ချစ်တင်းနှောတာကို စိတ်မပါတာမျိုး ဖြစ်စေနိုင်ပါတယ်။

ဆီးစပ်နာကျင်တာ၊ အောင့်တာ

ချစ်တင်းနှောပြီးတဲ့နောက်မှာ ဆီးစပ်နာကျင်တာမျိုး ဖြစ်ပါတယ်။ ချစ်တင်းနှောပြီး နောက်မှာ သတို့သမီးလေးတို့ ဆီးစပ်တဝိုက် နာကျင်တာ၊ အောင့်တာ ဖြစ်တတ်ပါတယ်။ ဆီးသွားတဲ့အခါ ပုံမှန်ထက် ပိုပြီး နာကျင်တာ၊ မခံနိုင်အောင် နာကျင်တာမျိုးဖြစ်ပြီး ရက်တော်တော်ကြာကြာနဲ့ မသက်သာဘူးဆိုရင် ဆီးစပ်နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုမျိုး ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်ဆီ ပြတာမျိုး လုပ်ပါ။ တချို့က ပိုးဝင်တာမျိုးလည်း ဖြစ်သွားတတ်တာမို့ပါ။

မိန်းမကိုယ် နာကျင်တာ (Photo: medicalnewstoday.com)

မိန်းမကိုယ်နာကျင်တာ

မိန်းမကိုယ် နာကျင်တာလည်း ဖြစ်တတ်ပါတယ်။ အဲဒါကတော့ ချောမွေ့မှုမရှိတာ၊ မိန်းမကိုယ်အနားသားလေးတွေ ပွန်းပဲ့တာမျိုး ဖြစ်တဲ့အခါမျာ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်နေရာမှာ နာကျင်တာတွေ ရှိတယ်ဆိုရင် မသန့်ရှင်းတဲ့လက်နဲ့ မကိုင်မိပါစေနဲ့။ မိန်းမကိုယ်က ဆက်တိုက်နာကျင်နေတယ်ဆိုရင် ဆက်ဆံတာကို ခဏရှောင်ထားပါ။ အဲဒါဆိုရင် နည်းနည်း သက်သာလာနိုင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ သွေးထွက်ပြီး မခံနိုင်အောင် နာကျင်ရင်တော့ ဆရာဝန်ပြပါ။

ချစ်တင်းနှောပြီးနောက်

ဗိုက်အောင့်တာ

ချစ်တင်းနှောပြီးနောက်မှာ ဗိုက်အောင့်တာမျိုး ဖြစ်တတ်ပါတယ်။ တချို့ကတော့ ဆက်ဆံပြီး ခဏလောက်ပဲ ဗိုက်အောင့်တတ်ကြပေမယ့် တချို့ကတော့ အချိန်ကြာကြာ ဗိုက်အောင့်တတ်ပါတယ်။ အဲဒီလိုဆိုရင် အရင်ဆုံး ရေနွေးအိတ် နွေးနွေးလေး ကပ်ပေးထားကြည့်ပါ။ ရေနွေးအိတ် ကပ်လို့မှ မသက်သာရင်တော့ ဆရာဝန်ပြပါ။

ရေနွေးအိတ်ကပ်ပါ (Photo: medicalnewstoday.com)

ကိုယ်လက်နာကျင်တာ

စုံတွဲလေးတို့ရေ ချစ်တင်းနှောပြီးနောက်မှာ ကိုယ်လက်နာကျင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကိုယ်လက်နာကျင်တာမျိုး ရှိလာပြီဆိုရင်တော့ အခန့်မသင့်ရင် ဖျားနာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်လက်နာကျင်ကိုက်ခဲတာမျိုးဆိုရင်တော့ အကိုက်အခဲ ပျောက်ဆေးသောက်တာမျိုး လုပ်လို့ ရပါတယ်။ ဆက်တိုက် မသက်သာနေဘူးဆိုရင်တော့ ဆရာဝန်ပြဖို့ လိုပါတယ်နော်။

ချစ်တင်းနှောပြီးနောက်မှာ ခန္ဓာကိုယ်က နာကျင်တာတွေ ဖြစ်တယ်ဆိုရင်  Marry က ပြောပြထားတဲ့ အချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်ပေးနော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords