Advertisement

နှစ်ယောက်သား အတူရှိနေချိန်မှာ ခန္ဓာကိုယ်ရဲ့  အခြားအစိတ်အပိုင်းတွေ မထိတွေ့ဖြစ်ရင်တောင် ခြေချောင်းလေးတွေ ထိတွေ့နေဖို့ လိုအပ်ပါတယ်နော်

နေ့တိုင်းမှာ အချစ်စိတ်တွေ နိုးကြားနေစေဖို့

Marry ရဲ့ စုံတွဲလေးတို့ရေ သိပ်ချစ်ကြတဲ့ ချစ်သူရည်းစား၊ လင်မယားတွေ ဖြစ်ဖို့အတွက် နေ့ရက်တိုင်းမှာ အချစ်စိတ်တွေ နိုးကြားနေဖို့ လိုတာပေါ့။ ဒါဟာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ချစ်သူစုံတွဲတွေ ကြားမှာ လိုအပ်တဲ့ အရာတစ်ခု ဖြစ်သလို လက်ထပ်ပြီးသွားတဲ့ လင်မယားတွေ အတွက်လည်း အိမ်ထောင်ကျပြီးနောက် အချစ်တွေ လျော့ပါး အေးစက်မသွားဖို့ အရေးကြီးတာကြောင့် အချစ်စိတ်တွေကို အမြဲလတ်ဆတ်နေအောင် နှိုးဆွနေနိုင်ဖို့ အရေးကြီးလှပါတယ်။

အချစ်စိတ်တွေကို အမြဲလတ်ဆတ်နေအောင် နှိုးဆွနေနိုင်ဖို့ အရေးကြီးလှပါတယ်

ဒါကြောင့် Marry က နေ့တိုင်းမှာ အချစ်စိတ်တွေကို နိုးကြားနေအောင် လှုံ့ဆော်ပေးနိုင်တဲ့ အထိအတွေ့ အပြုအမူလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။

  • နီးနီးကပ်ကပ် ထိုင်ပါ။ ညစာစားချိန်မှာပဲ ဖြစ်ဖြစ်၊ တီဗီကြည့်နေတဲ့ အချိန်မျိုးမှာပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် အသားချင်းထိတွေ့နေအောင် နီးနီးကပ်ကပ် ထိုင်ပေးပါ။
  • ခြေချောင်းလေးတွေချင်း ထိတွေ့ထားပါ။ တစ်ယောက်ဘေးနား တစ်ယောက်ထိုင်နေတဲ့ အချိန်မျိုးမှာ သူ့ခြေထောက်ကို ကိုယ့်ခြေချောင်းလေးတွေနဲ့ လှမ်းပြီးထိတွေ့ထားနိုင်လောက်တဲ့ အနေအထားအထိ နီးကပ်နေအောင် ထိုင်သင့်တာပါ။ နှစ်ယောက်သား အတူရှိနေချိန်မှာ ခန္ဓာကိုယ်ရဲ့  အခြားအစိတ်အပိုင်းတွေ မထိတွေ့ဖြစ်ရင်တောင် ခြေချောင်းလေးတွေ ထိတွေ့နေဖို့ လိုအပ်ပါတယ်နော်။
  • ပခုံးလေးတွေကို ထိထားပေးပါ။ အထူးသဖြင့် ယောက်ျားလေးတွေက ပြုလုပ်ပေးရမှာပါ။ သွားနေလာနေတဲ့ အခါမျိုးမှာ ကိုယ့်မိန်းကလေးရဲ့ ပခုံးလေးကို ထိတယ်ဆိုရုံလေး ဖက်ထားပေးပါ။

အချစ်စိတ်တွေကို နိုးကြားနေအောင် လှုံ့ဆော်ပေးနိုင်တဲ့ အထိအတွေ့ အပြုအမူလေးတွေ အကြောင်း

  • နောက်ကျောဘက်ကို လက်နဲ့ ပွတ်သပ်ပေးပါ။ အထူးသဖြင့်တော့ တစ်စုံတစ်ခု ပြောတဲ့ အခါမျိုးမှာ ကိုယ့်ရဲ့ လက်တွေက သူ့ရဲ့ ကျောနဲ့ခါးတွေကို အထက်အောက် ပွတ်သပ်ပေးနေရင်း စကားပြောသင့်ပါတယ်။
  • အတူတူ ထိုင်ချိန်မှာ ဒူးနဲ့ပေါင်တွေကို ကိုင်ထားပါ။ အထူးသဖြင့် မိန်းကလေးတွေ လုပ်တတ်တဲ့ အပြုအမှုလေးပါ ကိုယ့်ချစ်သူကောင်လေးနဲ့ အတူတူထိုင်နေချိန်မှာ သူ့ဒူးခေါင်းလေးကို ကိုင်ထားတာ ပေါင်ပေါ်လက်တင်ထားတာတွေက အချစ်စိတ်ကို နိုးကြားစေမယ့် အပြုအမူတွေပါပဲ။
  • ဆံပင်လေးတွေကို ဖွပါ။ အထူးသဖြင့် ချီးကျူးစကားပြောတဲ့အခါမှာ သူ့ဆံပင်လေးတွေကို ဖွပြီး ပြောပေးပါ။
  • လမ်းလျှောက်ရင်း ပါးလေးကို နမ်းပါ။ မထင်မှတ်ဘဲ ပေးလိုက်တဲ့ အနမ်းလေးက သူ့ရင်ထဲက အချစ်စိတ်တွေကို တိုးပွားစေမှာပါ။

Comments

0 comments