မင်္ဂလာဦးညအတွက် ဘာတွေ ပြင်ဆင်ထားရမလဲ

by: Nway Nway Aung
 1 comments  1 love

မီးရောင်ခပ်ဖျော့ဖျော့ကလည်း အချစ်စိတ်ခံစားမှုတွေကို ပိုပြီးမြင့်တက်လာစေမှာပါ။အနှောက်အယှက် ကင်းဖို့အတွက် အခန်းတံခါးကို ဂျက်ချထားဖို့ လုံးဝမမေ့ပါနဲနော်

မင်္ဂလာဦးညအတွက် ဘာတွေ ပြင်ဆင်ထားရမလဲ

မင်္ဂလာပွဲတစ်ပွဲ ဖြစ်မြောက်ဖို့ အစစ အရာရာ ကြိုတင်ပြင်ဆင်ရသလိုပါပဲ။ မင်္ဂလာပွဲ ကျင်းပပြီးစီးပြီး နောက်မှာ ကြုံတွေ့ရမယ့် မင်္ဂလာဦးညအတွက်လည်း ကြိုတင် ပြင်ဆင်သင့်တာတွေ ရှိပါတယ်။ ဒါမှသာ ချိုမြိန်သာယာတဲ့ မင်္ဂလာဦးညလေးကို ဖြတ်သန်းနိုင်မှာပါ။ ကဲ . . . ကြိုတင် ပြင်ဆင်မှုတွေကို စလိုက်ကြရအောင်။

အိပ်ရာ အခမ်းအနားလေးကို Romantic ဆန်အောင် ပြင်ဆင်ပါ

မင်္ဂလာဦး အခန်းတွင်း အပြင်အဆင်လေးကို Romantic ဆန်ဆန်လေး ပြင်ဆင်ထားမယ် ဆိုရင် မင်္ဂလာဦး မောင်နှံတွေကို ရင်ခုန်စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်မှာဖြစ်တဲ့အပြင် မင်္ဂလာဦးညမှာ ကြုံတွေ့ရမယ့် ကိစ္စ အားလုံးကိုလည်း ချောမွေ့အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ အိမ်မှာပဲ မင်္ဂလာဦးညကို ဖြတ်သန်းကြမယ့် စုံတွဲတွေ အတွက် ပြောတာပါ။

အိပ်ရာ အခမ်းအနားလေးကို Romantic ဆန်အောင် ပြင်ဆင်ပါ

ကိုယ့်ရဲ့ အိမ်အိပ်ခန်းမှာပဲ Romantic ဆန်အောင်

အိပ်ခန်းအတွင်းမှာ သီချင်းခပ်အေးအေးနဲ့ ဖယောင်းတိုင်တွေထွန်းညှိထားပြီး ပြင်ဆင်သင့်ပါတယ်။ အဲ့လို အပြင်အဆင်က  တစ်ယောက်ကို တစ်ယောက်ပိုပြီး ဆွဲဆောင်နိုင်စေမှာ ဖြစ်ပါတယ်။ မီးရောင်ခပ်ဖျော့ဖျော့ကလည်း အချစ်စိတ်ခံစားမှုတွေကို ပိုပြီးမြင့်တက်လာ စေမှာပါ။  မအိပ်စက်ခင်မှာ အနှောက်အယှက် ကင်းဖို့အတွက် အခန်းတံခါးကို ဂျက်ချထားဖို့ လုံးဝမမေ့ပါနဲနော်။

တကယ်လို့ မင်္ဂလာဦးညမှာ

ဟန်းနီးမွန်း ခရီးစတင်နေပြီ ဆိုရင် ကိုယ်တည်းခိုမယ့် ဟိုတယ်ကို မင်္ဂလာဦးည ဖြစ်ကြောင်း ကြိုပြောထားသင့် ပါတယ်။ ဟိုတယ် အများစုကတော့ မင်္ဂလာဦးစုံတွဲ၊ ဟန်းနီးမွန်း စုံတွဲတွေ အတွက် အခန်းတွင်းမှာ နှင်းဆီပွင့်ချပ်တွေ၊ မီးရောင်ခပ်ဖျော့ဖျော့တွေ ဖယောင်းတိုင်မီးတွေနဲ့ Romantic ဆန်အောင်   ကြိုတင် ပြင်ဆင်ပေးလေ့ ရှိပါတယ်။ အကယ်၍ ဟိုတယ်မှာ အဲ့လို ဝန်ဆောင်မှု မပါဘူး ဆိုရင်တော့ ပြင်ဆင်ပေးထားဖို့ တောင်းဆိုပါနော်။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords