Advertisement

တစ်ယောက်နဲ့ တစ်ယောက် ချစ်သူရည်စားအနေနဲ့ အပြင်မှာ ဆုံတွေ့ကြတော့မယ် ဆိုရင် အင်္ကျီအဝတ်အစားရွေးချယ်တဲ့ အခါမှာကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြစ်နေစေပြီး ဆွဲဆောင်မှုအားကောင်းနေဖို့ဆိုတာလိုအပ်သလို အခုလိုရွေးချယ်ရမယ့် အရောင်တွေအလိုက် ကွဲပြားတဲ့ ထူးခြားချက်တွေ အကြောင်းကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်

တစ်ယောက်နဲ့ တစ်ယောက် အင်မတန်ဆွဲဆောင်နိုင်စေမယ့် အရောင်မျိုးကို ဝတ်ဆင်ရမယ့် နေရာမျိုးမှာ အနီရောင်ကို ဝတ်ဆင်သင့်ပါတယ် အနီရောင် နဲ့ ပန်းရောင်ကတော့ အချစ်ကိုဖော်ကျူးတဲ့ အရောင်တွေ အနေနဲ့ သိထားဖို့ လိုပါတယ်

ခရမ်းရောင်ကို ဖော်ကျူးတဲ့ အရာကတော့ သစ္စာတရားလို့ ဖော်ကျူးနိုင်ပါတယ် ဒါကြောင့်လည်း တစ်ယောက်အပေါ်တစ်ယောက် ပိုလို့နားလည်ပြီး နီးစပ်လာကြပြီဆိုတဲ့ အချိန်မျိုးမှာ ခရမ်းရောင်ဆင်တူ အင်္ကျီလေးတွေ ကို ဝတ်ဆင်ပြီး ဖော်ကျူးနိုင်ပါတယ်နော်

လိမ္မော်ရောင်ကတော့ အရောင်တွေထဲမှာ မျှော်လင့်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ကို ဆောာင်တဲ့ အရောင်ဖြစ်ပါတယ် ။ ဒီအရောင်လေးကနေ တဆင့် ကောင်မလေးကို အဖြေတောင်းတဲ့ အခါ လက်ဆောင်ပစ္စည်းလေးတွေ ပေးပြီး သူ့ဆီကနေ အဖြေရရှိဖို့ အတွက် မျှော်လင့်နေတယ် ဆိုတာမျိုးကိုလည်းဖော်ပြနိုင်တာ ဖြစ်ပါတယ်

အဝါရောင်ကတော့ သေချာတဲ့ အဖြေတစ်ခုကိုဆုံးဖြတ်ချက်ပြုလုပ်တဲ့ နေရာမှာဝတ်ဆင်လေ့ရှိကြတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး သေချာတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ဆောင်တဲ့ နေရာမှာ ဝတ်ဆင်ကြဖို့ အတွက် ဖော်ပြပေးလိုက်ပါတယ်နော်

Tags: sex and love

Comments

0 comments