Advertisement

ဘယ်လို ကြုံတွေ့ရနိုင်မလဲဆိုတာ သိထားသင့်တယ်နော်။ ဒီလိုကြိုသိထားမှလည်း အချစ်ရေးမှာ ပြင်စရာရှိတာ ပြင်၊ ထိန်းသိမ်းသင့်တာလေးတွေ

ချစ်ရေးဆိုပြီး အဖြေစောင့်နေတဲ့ အချိန်တွေမှာ ချစ်သူသမီးရည်းစားဖြစ်ဖို့ အမြဲတမ်း မျှော်လင့်ခဲ့တယ်မလား။ ချစ်သူသမီးရည်းစား ဖြစ်သွားပြီဆိုရင် ပျော်စရာတွေရော၊ ငိုစရာတွေရော ရောထွေးပြီး ကြုံရမှာပါ။ ဒီတော့ ရည်းစားထားတော့မယ်ဆိုရင် သမီးရည်းစားဘဝမှာ ဘယ်လိုမျိုးလေးတွေ ကြုံတွေ့ရနိုင်မလဲဆိုတာ သိထားသင့်တယ်နော်။ ဒီလိုကြိုသိထားမှလည်း အချစ်ရေးမှာ ပြင်စရာရှိတာ ပြင်၊ ထိန်းသိမ်းသင့်တာလေးတွေ ထိန်းသိမ်းထားပြီး အချစ်ရေးလေးက မြဲနေမှာလေ။

ငွေရေးကြေးရေး အရှုပ်အရှင်းတွေ

ချစ်သူတွေကြားမှာ ပိုက်ဆံကိစ္စ ပြောတာက အဆင်မပြေလှဘူးဆိုပေမယ့်လည်း လိုအပ်တဲ့အရာမို့ ပြောဖို့လိုပါတယ်။ သမီးရည်းစားနှစ်ယောက် အတူတူစုမယ်ဆိုပြီး အတူတူ ချွေတာတာမျိုး၊ လစာအပ်တာမျိုးလေးတွေလည်း လုပ်လေ့ရှိပါတယ်။ အနာဂတ် ရည်မှန်းချက်တွေကြောင့် နှစ်ယောက် အတူတူ ပိုက်ဆံစုတာက ကောင်းတယ်ဆိုပေမယ့် တစ်ယောက်က သူ့လစာတွေ အကုန်မသုံးရတဲ့အခါ၊ သုံးမယ်ဆိုတိုင်း ပြောပြနေရတာ၊ ခွင့်တောင်းနေရတာမျိုးတွေ ဖြစ်လာရင် အချစ်ရေးမှာ အဖုအထစ် ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ပိုက်ဆံအတူတူစုကြမယ်၊ အတူတူချွေတာကြမယ်ဆိုရင် နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ အချက်တွေကိုလည်း ကြိုတွေးပါ။

အချိန်တွေ အပိုင်လိုချင်တာ

သမီးရည်းစားဘဝမှာ အများစုကြုံတွေ့ရတာက ရည်းစားရဲ့အချိန်တွေမှန်သမျှ အကုန်အပိုင်လိုချင်တာပါပဲ။ အချိန်တိုင်း စကားပြောရမယ်၊ အချိန်ပြည့် ကိုယ့်အနားရှိနေရမယ်၊ ကိုယ့်ဘာသာတစ်ရေးနိုးရင်တောင် ကိုယ့်ချစ်သူကို ဖုန်းဆက်ပြီး နှိုးတာမျိုးပေါ့။ ကိုယ့်ရည်းစားမှာလည်း ကိုယ်ပိုင်အချိန်တွေရှိတယ်ဆိုတာ မမေ့ပါနဲ့။ ချစ်ခါစမို့ မလိုရင်တောင် နောက်ပိုင်းမှာ လိုလာမှာပါ။ သမီးရည်းစားဘဝမှာ အချိန်ပေးတာတွေနဲ့ ပတ်သက်ပြီး ညှိယူရမှာမို့ ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုတယ်နော်။

Vacation Couple Walking on Beach

ရစ်လွန်း၊ စိတ်ကောက်လွန်းတာ

သမီးရည်းစားဘဝစရောက်ပြီဆိုတာ စပြီးတော့ ကြုံရမှာက ရစ်လွန်း၊ စိတ်ကောက်လွန်းတာပါပဲ။ သမီးရည်းစားဆိုတော့ ကောင်မလေးတွေအနေနဲ့ ချွဲချင်ကြ၊ ရစ်ချင်ကြတာ ထုံးစံပါပဲ။ ရည်းစားဖြစ်ခါစမှာ ပိုပြီးတော့တောင် ချွဲကြပါသေးတယ်။ ဒီလိုမျိုး ရစ်တာ၊ စိတ်ကောက်တာ၊ ချွဲတာတွေက ရည်းစားဖြစ်ခါစမှာ စိတ်ညစ်စရာလို့ မမြင်ပေမယ့် ရည်းစားသက်တမ်းလေး နည်းနည်းကြာလာပြီဆိုတာနဲ့ စိတ်ရှုပ်စရာတစ်ခုဖြစ်လာပါပြီနော်။ နောက်တော့ ရစ်လွန်းလို့၊ စိတ်ကောက်တတ်လွန်းလို့ဆိုတဲ့ အချက်တွေနဲ့ အကြောင်းပြချက်တွေပေးပြီး ပြတ်စဲကြတဲ့အတွဲတွေ ရှိကြပါတယ်။ ဒီတော့ သမီးရည်းစားဘဝမှာ ရစ်လွန်း၊ စိတ်ကောက်လွန်းတာတွေ အလွန်အကျွံမလုပ်ပါနဲ့နော်။

Tags: couplerelationship

Comments

0 comments