စုံတွဲလေးတို့ကြားမှာ ဆက်ဆံချင်စိတ် ဘာကြောင့် နည်းတာလဲ

by: Phyo Pyae Thu
 0 comments  0 love

ဆက်ဆံချင်စိတ် လျော့နည်းတာက ကိုယ်နဲ့ အဆင်မပြေတဲ့အကြောင်းအရာ တစ်ခုခု ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်

စုံတွဲလေးတို့ကြားမှာ လက်ထပ်ပြီးမှ ကိုယ့်ရဲ့ အိမ်ထောင်ဘက်က ဆက်ဆံချင်စိတ် နည်းတာမျိုး ဖြစ်နေလား။ အဲဒီလိုဆိုရင် နှစ်ယောက်စလုံး အိမ်ထောင်ရေးမှာ ပျော်ရွှင်ရမှာ မဟုတ်ဘဲ စိတ်ညစ်စရာ ဖြစ်နေမှာပါ။ ဒါပေမယ့်လည်း ဘာကြောင့် ဒီလိုဖြစ်တာလည်းဆိုတဲ့ အကြောင်းရင်းကို သိရရင်တော့ အဆင်ပြေနိုင်ပါတယ်နော်။

ဆက်ဆံချင်စိတ် ဘာကြောင့် နည်းတာလဲ (photo: tapchiphunuvn.com)

သားဆက်ခြားနည်းတွေ

စုံတွဲလေးတို့ကြားမှာ ဆက်ဆံချင်စိတ်တွေ နည်းသွားတာက သားဆက်ခြားနည်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သားဆက်ခြားနည်းတွေမှာ ပါဝင်တဲ့ ဟော်မုန်းက ဆက်ဆံချင်စိတ် နည်းတာ၊ များတာကို ဖြစ်စေနိုင်တာမို့ စုံတွဲလေးတို့အတွက် အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သားဆက်ခြားနည်းနဲ့ ပတ်သက်ပြီး သေချာ ဆွေးနွေးတိုင်ပင်ပြီးမှသာ သုံးပါ။ သားအိမ်တွင်းထဲ ထည့်တဲ့ ပစ္စည်းကတော့ ဟော်မုန်းမပါလို့ အဲဒီလိုတွေ ခံစားရမှာ မဟုတ်ပါဘူးနော်။

စိတ်ဖိစီးမှု များနေတာ (photo: tapchiphunuvn.com)

စိတ်ဖိစီးမှု များနေတာ

စုံတွဲလေးတို့ထဲက တစ်ယောက်မှာ စိတ်ဖိစီးမှု များနေတယ်ဆိုရင် ချစ်တင်းနှောချင်စိတ် လျော့နည်းတတ်ပါတယ်။ အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ မိသားစု ကိစ္စတွေကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှု များနေရင် ချစ်တင်းနှောတာကို စိတ်ဝင်စားလေ့ မရှိတော့ပါဘူးနော်။ ကိုယ့်အိမ်ထောင်ဘက်မှာ အဲဒီလို စိတ်ဖိစီးမှု များနေလားဆိုတာ လေ့လာပါ။ များနေတယ်ဆိုရင် အဆင်ပြေစေမယ့် နည်းလမ်းလေးတွေ ဆွေးနွေးပါနော်။

အဆင်မပြေတာ ရှိတာ

ဆက်ဆံချင်စိတ် လျော့နည်းတာက ကိုယ်နဲ့ အဆင်မပြေတဲ့အကြောင်းအရာ တစ်ခုခု ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှောတာနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ ပွင့်ပွင့်လင်းလင်း ပြောဖို့လည်း ပြောထားပါ။ မပွင့်မလင်း ဖြစ်တာကြောင့် ချစ်တင်းနှောချင်စိတ် နည်းနေတာမျိုးဆိုရင်တော့ အဆင်ပြေအောင် ပြန်ပြီး ညှိနှိုင်းကြည့်ပါ။

ရှက်တာ (photo: tapchiphunuvn.com)

ရှက်တာ

တချို့ အမျိုးသမီးလေးတွေထဲမှာ ချစ်တင်းနှောတာကို ရှက်တာမျိုး ရှိတတ်ပါတယ်။ အဲဒါကြောင့် ချစ်တင်းနှောချင်စိတ် နည်းတာမျိုး ဖြစ်တတ်တာပါ။ ကိုယ့်ရဲ့ အိမ်ထောင်ဘက်က ချစ်တင်းနှောတာနဲ့ ပတ်သက်ပြီး ရှက်တတ်လားဆိုတာ သိထားပေးနော်။ ဒါဆိုရင်လည်း အကျိုးအကြောင်း ရှင်းပြလို့ ရတာပေါ့။

စုံတွဲလေးတို့ကြားမှာ ဆက်ဆံတာနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နေတယ်ဆိုရင်တော့ အဖြေရှာကြည့်ဖို့ လိုတယ်နော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords