Advertisement
ဒီတစ်ပတ် ၂၈ရက်နေ့ မြန်မာစံတော်ချိန်ည ၁၁ နာရီမှာ England Premier League ရဲ့ဇယားထိပ်မှာ ဦးဆောင်နေတဲ့ Chelsea အသင်းနဲ့ ယာယီနည်းပြအဖြစ်တာဝန်ယူနေတဲ့ Michael Carrick ရဲ့Man United တို့ရဲ့တွေ့ဆုံမှုကတော့ Chelsea အသင်းရဲ့အိမ်ကွင်း Stamford Bridge မှာ ယှဥ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်
 ဒီအဆိုပါ၂သင်းဟာဆိုရင်တော့ ပြီးခဲ့တဲ့ရာသီ Premier League ၂ကျော့ တွေ့ဆုံခဲ့ ၂ကျော့စလုံး သရေရလဒ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။
ယခုနှစ် မှာဆိုရင်တော့ Chelsea အသင်းဟာ နောက်ဆုံးကစားထားတဲ့ ၆ပွဲမှာ ၅ပွဲ အထိအနိုင်ရရှိထားပြီး Manchester United အသင်းဟာဆိုရင်တော့ ၁ပွဲသာအနိုင်ရရှိထားတာဖြစ်ပါတယ်

အခုပွဲ မတိုင်ခင် Champions Leagus ပြိုင်ပွဲစဥ် တွေမှာ ကိုယ်စီအနိုင်ရရှိထားကြတာဖြစ်တဲ့အတွက် ယုံကြည်မှုအပြည့်အဝရရှိနေကြတာဖြစ်တာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာတော့မှာဖြစ်ပါတယ်။အခုထိပ်တိုက်တွေ့ဆုံမှုမှာလဲ Thomas Tuchel ရဲ့ Chelsea ကပဲ အဆင့်၁နေရာကို နိုင်ပွဲတွေ ဆက်ပြီး ဆက်လက်ကာကွယ်သွားနိုင်မလား Michael Carrick ရဲ့ ဒုတိယမြောက် နိုင်ပွဲအဖြစ် Manchester ပရိသတ်တွေကို ပျော်ရွှင်မှုတွေ ပြန်ပေးနိုင်မလားဆိုတာစောင့်ကြည့်ရမယ့် ပွဲစဥ်တစ်ပွဲဖြစ်လာမှာပါ

Comments

0 comments