Advertisement

ဒီနေ့မှာတော့ ကမ္ဘာပေါ်က အားကစားပြိုင်ပွဲတွေရဲ့ဖလားတွေထဲက စျေးအကြီးဆုံးဖလားတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

01.FIFA World Cup

ဘောလုံးအားကစားပရိသတ်တွေ ကမ္ဘာ့ဖလားလို့လူသိများတဲ့ FIFA World Cup ရဲ့ ဖလားတန်ဖိုးကတော့ $20Million ရှိပြီး အမြင့် 37cm အလေးချိန် 6kg လေးပြီး 19 carat gold နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။အဆိုပါဖလားကို အခုလက်ရှိ ပိုင်ဆိုင်ထားတာကတော့ ပြင်သစ် အသင်းဖြစ်ပါတယ်။

02.Woodlawn Vase

ဒီဆုဖလားဟာဆိုရင်​တော့ မြင်းစီးပြိုင်ပွဲ ရဲ့ စျေးအကြီးဆုံးဖလားတစ်လုံးဖြစ်ပြီး တန်ဖိုး$2.5Million ရှိတဲ့ ဆုဖလားဖြစ်ပါတယ်။အဆိုပါဖလားကိုတော့ ငွေစစ်စစ်နဲ့ပြုလုပ်ထားပြီး အမြင့် ၉၁ စင်တီမီတာ အလေးချိန် ၁၃ ကီလိုဂရမ်  ရှိတာဖြစ်ပါတယ်။

03.Borg warner

Motor Sport လောကရဲ့ တန်ဖိုးအ​​​မြင့်ဆုံး ဆုဖလားဖြစ်သလို $1.3Million ရှိပြီး အဆင့်မြင့် ငွေ စစ်စစ်နဲ့ပြုလုပ်ထားပြီးအမြင့် ၁၆၂၅ စင်တီမီတာ အလေးချိန် ၄၅ ကီလိုဂရမ် ရှိပါတယ်။

  1. FA Cup

ဘောလုံးလောကရဲ့ ဖလားတွေထဲမှာမှ ဒုတိယမြောက် တန်ဖိုးအကြီးဆုံး ဖလားအဖြစ်ကတော့ FA Cup ဖလားပဲဖြစ်ပါတယ်။အမြင့် 61.5cm အလေးချိန် 6.3kg ကို ငွေစစ်စစ်နဲ့ပြုလုပ်ထားပြီး တန်ဖိုးအားအနေနဲ့ကတော့ $ 1,00,000ရှိပါတယ်။

05.Stanley Cup

Ice Hockey အားကစားလောကမှာတော့ Stanley Cup ရဲ့တန်ဖိုးဟာ $650,000 ရှိပြီး အမြင့် ၈၉.၅ စင်တီမီတာ ၁၅ ကီလိုဂရမ် ကို Nickel နဲ့ ငွေ ပေါင်းစပ်ပြုလုပ်ထားတာဖြစ်ပါတယ်။

06-Vince Lombarfi Trophy

အဆိုပါ ဆုဖလားဟာဆိုရင်တော့  American Football လောကရဲ့ ဖလားတွေထဲမှာမှ တန်ဖိုး အကြီးဆုံး ဖလားဖြစ်ပါတယ်။ Vince Lambarfi Trophy ကိုတော့ Solid Sterling Silver နဲ့ ပြုလုပ်ထားပြီး အမြင့် ၅၆ စင်တီမီတာ အလေးချိန် ၃.၂ ကီလိုဂရမ် လေးကာ တန်ဖိုးအနေနဲ့  $50,000 တန်ဖိုးရှိတာဖြစ်ပါတယ်။

  1. ICC Cricket World Cup

ICC Cricket World Cup ဟာဆိုရင်တော့ အမြင့် ၆၅ စင်တီမီတာ အလေးချိန် ၁၁ ကီလိုဂရမ် လေးပြီး ရွှေနဲ့ သန့်စင်ပြီးသားငွေစစ်စစ်တို့ပေါင်းစပ်ပြုလုပ်ထားတဲ့ $ 30,000 တန် ဖလားပဲဖြစ်ပါတယ်။

08.Champions League

ဘောလုံးလောကရဲ့ club အသင်းပြိုင်ပွဲတွေမှာ နာမည်အကြီးဆုံးနဲ့ အောင်မြင်ဆုံးပြိုင်ပွဲ ဖြစ်တဲ့ Champions League ပြိုင်ပွဲကြီးရဲ့ ဖလားဟာဆိုရင် $15,000 တန်ဖိုးရှိပါတယ်။ဥရောပ club အသင်းတိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ အမြင့် 73.5 cm 7.5 kg လေးတဲ့ အဆိုပါဖလားကို လက်ရှိ ပိုင်ဆိုင်ထားတဲ့အသင်းကတော့ Chelsea Football Club အသင်းပဲဖြစ်ပါတယ်။

09.Premier League

ကမ္ဘာဘောလုံးပရိသတ်တွေကြားမှာ လူကြည့်အများဆုံး Premier League ဖလားရဲ့ တန်ဖိုးဟာဆိုရင် $5,000တန်ဖိုးရှိပြီး အမြင့် ၁၀၄ စင်တီမီတာ အလေးချိန် ၂၅ ကီလိုဂရမ် ရှိပါတယ်။ အဆိုပါဖလားကို လက်ရှိ ပိုင်ဆိုင်ထားတဲ့အသင်းကတော့ Manchester City အသင်းပဲဖြစ်ပါတယ်။

Comments

0 comments