Amazon က သူတို့ရဲ့ စာအုပ်အရောင်းဆိုင် အများစုကို ပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သူတို့ရဲ့ စာအုပ်ဆိုင်ဖြစ်တဲ့ Amazon Books၊ Amazon 4-Star နဲ့ Amazon Pop Up စတဲ့ UK နဲ့ US နိုင်ငံတစ်ဝှမ်းက စာအုပ်ဆိုင် 68 ဆိုင်လုံးကို ပိတ်တော့မှာပါ။
၂၀၁၅ ခုနစ်ကစပြီး Amazon က စာအုပ်တွေကို အွန်လိုင်းမှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး US မှာ စာအုပ်အရောင်းဆိုင် ၂၄ ဆိုင်အထိ တိုးချဲ့ခဲ့ပါတယ်။ အခုချိန်မှာတော့ အဲဒီဆိုင်တွေအားလုံး ပိတ်ပစ်ဖို့ စီစဥ်ထားပါတယ်။
၂၀၁၈ နောက်ပိုင်းမှာ Amazon က ဒစ်ဂျစ်တယ်စာမျက်နှာကနေ စာအုပ်ရောင်းချတာကို ပိုမိုအာရုံစိုက် လုပ်ဆောင်လာခဲ့ပါတယ်။ စာအုပ်တင်မက သူနဲ့သက်ဆိုင်တဲ့ Kindle စတဲ့ စာဖတ်ကရိယာပစ္စည်းတွေကိုလည်း ပိုမိုတိုးချဲ့လုပ်ဆောင်လာခဲ့တယ်။
ဒီလိုအွန်လိုင်းမှာ တိုးချဲ့ခဲ့ပေမယ့်လည်း စာအုပ်ဆိုင်မှာ လာဝယ်တဲ့ မန်ဘာတွေကိုလည်း လျှော့စျေးတွေ၊ discount တွေ စတဲ့ အကျိုးခံစားခွင့်တွေပေးခဲ့ပါတယ်။
Amazon က သူတို့စာအုပ်ဆိုင်တွေကိုသာ ပိတ်တာဖြစ်ပြီး အစားအသောက်နဲ့ပတ်သက်တဲ့ ဆိုင်တွေကိုတော့ ဆက်လက်ဖွင့်ထားမှာပါ ။ Amazon Fresh နှင့် Whole Foods စတိုးဆိုင်များအပြင် Amazon Go စတဲ့ စတိုးတွေမှာ ဆက်လက်လည်ပတ်နေပါတယ်။ လောလောဆယ်မှာတော့ Amazon Style ဆိုတဲ့ အထည်ဆိုင်ကို စမ်းသပ်ဖွင့်လှစ်ထားပါတယ်။
Comments