Google က သူ့ရဲ့ app တစ်ခုဖြစ်တဲ့ Android search app မှာ dark mode ထည့်သွင်းဖို့ စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။ Desktops ကိုတော့ ပြီးခဲ့တဲ့နှစ်ကုန်ခါနီး စမ်းသပ်ခဲ့တာဖြစ်ပြီး အခုချိန်ထိတော့ တရားဝင်ထည့်သွင်းပေးထားခြင်း မရှိသေးပါဘူး။ Mobile တွေမှာ dark mode က ပုံမှန်မှောင်တဲ့အရောင်ဖြစ်ကြပြီး အခု Google ရဲ့ dark mode က ကျတော့ မီးခိုးရောင် မှောင်တာမျိုး ဒါပေမယ့် အနက်ရောင်ထက်တော့ ပိုလင်းနိုင်တယ်။ Desktop မှာ စမ်းသပ်တုန်းက dark mode ကို ပြောင်းလိုက်တဲ့အချိန်မှာ အနက်ရောင်ဖြစ်သွားပြီး စက္ကန့်အနည်းငယ်လောက်ကြတော့ အနက်ရောင်ကနေ မီးခိုးရောင်ပြောင်းသွားတယ်။
ဒီ dark mode က ဖုန်းရဲ့ ဘက်ထရီအားကို သက်သာစေပြီး displays ကလည်း ပိုမိုက်လာတယ်။ ဒီ dark mode ပါတဲ့ Android search app ကို အသုံးပြုချင်တယ်ဆိုရင် Google Play Store မှာရှိတဲ့ Google ရဲ့ နောက်ဆုံးထွက် 13.8 beta ဗားရှင်းမှာ Android ဖုန်းတွေ အလွယ်တကူ download ချပြီး အသုံးပြုနိုင်မှာပါ။
Google က ပြီးခဲ့တဲ့နှစ် desktop ပေါ်မှာ dark mode ကို စမ်းသပ်နေပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ဖေဖော်ဝါရီလမှာ desktop အသုံးပြုသူတွေ အလွယ်တကူသုံးနိုင်အောင် စီစဥ်နေပါတယ်။ ဖေဖော်ဝါရီလမှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပေမယ့်လည်း လူတွေအများကြီး တွင်တွင်ကျယ်ကျယ်သုံးဖို့ကတော့ လတော်တော်ကြာ အချိန်ယူရဦးမှာပါ။
Comments