ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ Kentucky နဲ့ တခြားမြို့နယ်တွေမှာရှိတဲ့ ရှေ့နေအဖွဲ့အစည်းတစ်ခုက TikTok ကြောင့် လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုကို စုံစမ်းစစ်ဆေးနေပါတယ်။
AGs အဖွဲ့က TikTok ရဲ့ ဒီဇိုင်းတွေ၊ လည်ပတ်မှုတွေနဲ့ စျေးကွက် platform ပေါ်မှာ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေရဲ့ ကျန်းမာရေးအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုရှိမရှိ ကြည့်ရှုရန် မက်ဆာချူးဆက်ပြည်နယ် ရှေ့နေချုပ် Maura Healey ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
TikTok ကဆိုရင် အရင်တုန်းကလည်း ဒီလို လူငယ်အသုံးပြုသူတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေ ရင်ဆိုင်ရခဲ့တဲ့အတွက်ကြောင့် ၂၀၁၉ တုန်းက FTC ကို ဒေါ်လာ ၅.၇ မီလီယမ် ဒဏ်ကြေး ပေးခဲ့ရပါတယ်။ အသက်အလွန်ငယ်သေးတဲ့ ကလေးတွေအတွက်ဆိုရင် မိဘရဲ့ခွင့်ပြုချက်ပါသင့်ကြောင်းနဲ့ အသက် ၁၃ နှစ်အောက်ကလေးတွေအတွက် တင်းကျပ်တဲ့ စည်းကမ်းတွေထားရှိဖို့ TikTok ကိုထောက်ပြခဲ့ကြပါတယ်။ လေ့လာနေကြတဲ့ သုတေသီအချို့ကတော့ TikTok နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာ အနည်းငယ်လောက်သာဖြစ်နိုင်တယ်လို့လည်း ထောက်ပြကြပါတယ်။
TikTok ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ben Rathe ကတော့ TikTok သုံးစွဲသူ လူငယ်တွေရဲ့ လုံခြုံမှုနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်ပေးတာမျိုး တိုးမြင့်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
အခုချိန်မှာ TikTok လိုမျိုး platform ပုံစံတူ Meta နဲ့ Snapchat စတဲ့ social media ကုမ္မဏီတွေလည်း အလားတူဖော်ဆောင်နေပါတယ်။ ဒါကြောင့် အနာဂါတ်မှာ ဗီဒီယိုအပိုင်းတိုလေးတွေ ရိုက်ကူးမှုများလာမှာပါ။ ဆယ်ကျော်သက်တွေက Instagram အသုံးပြုတာထက် TikTok ပိုအသုံးပြုလာပြီး US Android အသုံးပြုသူတွေက YouTube ထက် TikTok ကို အချိန်ပိုကြည့်ရှုခဲ့တယ်လို့ စုံစမ်းစစ်ဆေးထားတဲ့ အစီအရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ Facebook (ယခု Meta) က ကလေးတွေ ကိုယ်ရေးကိုယ်တာကို အသုံးပြုတဲ့ ကြော်ငြာပြဿနာတွေကို သိသိကြီးနဲ့ လျစ်လျူရှုထားတယ်လို့ သတင်းတွေထွက်ပေါ်လာပြီး ကွန်ဂရက်လွှတ်တော်ကြားနာပွဲမှာ ဖြေရှင်းခဲ့ရတဲ့အထိ ပြဿနာတွေဖြစ်ခဲ့ပါတယ်။ နောက်ပြီး Instagram ဟာဆိုရင်လည်း ဆယ်ကျော်သက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကျိုးသက်ရောက်မှုတွေ စုံစမ်းစစ်ဆေးခံရပါတယ်။ အလားတူ TikTok ကိုလည်း ပြည်နယ်ရှေ့နေအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။
Comments