Advertisement
WhatsApp ရဲ့ business account မှာ ဘာfeature တွေ ပါဝင်လာဦးမှာလဲ

Profile အမျိုးအစားခွဲခြားနိုင်တဲ့ collections ပါဝင်မှာဖြစ်ပြီး ရုပ်ပုံနဲ့ ဗီဒီယိုတွေကို အလွယ်တကူရှာဖွေနိုင်မယ့် bar အသစ်ကိုလည်း ထည့်သွင်းထားပါတယ်။

အစီအရင်ခံစာတွေအရ WhatsApp က business account အသုံးပြုသူတွေအတွက် profile update လုပ်လို့ရတဲ့ feature တစ်ခု ပါဝင်လာပါတယ်။ အသုံးပြုသူတွေအနေနဲ့ business info မှာ ကိုယ့်ရဲ့ profile ဓါတ်ပုံကို တခြားသူတွေ အလွယ်တကူ မြင်နိုင်တယ်။

လောလောဆယ် ဒီ feature က beta အဆင့် စမ်းသပ်အသုံးပြုနေတုန်းပါ။ အသုံးပြုသူအားလုံးဆီကိုတော့ မကြာခင်မှာ update ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

ဒီ feature ကို WhatsApp က ပြီးခဲ့တဲ့လမှာ စတင်ခဲ့တာဖြစ်ပြီး လောလောဆယ်ထိတော့ user အနည်းငယ်ကသာ အသုံးခွင့်ရပါသေးတယ်။ WABetaInfo အဆိုအရ ဆိုရှယ်မီဒီယာ messenger platform သုံးစွဲသူတွေရဲ့ လုပ်ငန်းအချက်အလက်တွေ ဒီ profile ကို နှိပ်လိုက်ခြင်းဖြင့် လုပ်ငန်းနဲ့ ပတ်သက်တဲ့ update တွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်မှာဖြစ်ပါတယ်။

အသုံးပြုသူအနေနဲ့ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက profile ဓါတ်ပုံကိုကြည့်တာ နောက်တစ်ခုက လုပ်ငန်း update တွေကို သိနိုင်တယ်။ လောလောဆယ် ဒီ feature ကို business account အသုံးပြုသူတွေအတွက်သာ ရရှိမှာဖြစ်ပြီး သာမန်အသုံးပြုသူတွေအတွက်တော့ နောက်ပိုင်းမှ update ထည့်သွင်းပေးမှာပါ။

ဒီ feature မှာ profile အမျိုးအစားခွဲခြားနိုင်တဲ့ collections ပါဝင်မှာဖြစ်ပြီး ရုပ်ပုံနဲ့ ဗီဒီယိုတွေကို အလွယ်တကူရှာဖွေနိုင်မယ့် bar အသစ်ကိုလည်း ထည့်သွင်းထားတယ်လို့သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ ဗီဒီယိုတွေကို မျက်နှာပြင်အပြည့် ဖွင့်/ပိတ် လုပ်ဖို့လည်း ခွင့်ပြုထားပါတယ်။

Comments

0 comments