Terms Of Use
Marry Website ကိုအသုံးပြုနေစဉ်မှာ သတိထားရမယ့်အချက်လေးတွေရှိပါတယ်။ Marry ဒါမှမဟုတ် Marry Website ကဖြစ်စေ၊ Marry Website မှာပါတဲ့ Section လေးတွေဖြစ်စေ၊ Messages လေးတွေ၊ Supplier နဲ့ဆက်သွယ်မယ့် Form ပုံစံလေးတွေ၊ Marry Member တွေရဲ့ သတင်းအချက်အလက်လေးတွေ၊ ကိုယ့်မင်္ဂလာဆောင်နဲ့ပါတ်သတ်လို့ မှတ်ထားတဲ့ အချက်အလက်တွေ၊ ကိုယ်ပိုင်သတင်းအချက်အလက်လေးတွေ၊ ကိုယ်ပိုင် Folder လေးတွေ၊ ကိုယ်တင်ထားတဲ့ Post လေးတွေ၊ ဓာတ်ပုံတွေ၊ ပုံတွေအကုန်လုံးကို Website မှာ Specialists လို့ခေါ်ပါတယ်။ Mary Website ရဲ့ အောက်က အချက်အလက်လေးတွေပါပေါ့။ အဲ့ဒါလေးတွေကို သုံးစွဲသူကိုယ်တိုင်ပဲ ပြုလုပ်ဖန်တီးမှာဖြစ်တဲ့ အတွက် Marry ကအဲ့ဒီအချက်အလက်လေးတွေကို ဝင်ကြည့်ခွင့်မရှိပါဘူး။ သုံးစွဲသူ ကိုယ်တိုင်တစ်ခုခုသုံးချင်လို့ ပိုက်ဆံသုံးလိုက်တာ၊ အခကြေးငွေကျသင့်တာဆိုလည်း Marry နဲ့မဆိုင်ပါဘူး။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဘယ်သူတွေနဲ့ ဆက်သွယ်တာတွေအစရှိတာကိုလုပ်တဲ့ သုံးစွဲသူရဲ့ Setting ကိုလည်း Marry ကသိမ်းဆည်းပေးသွားမှာ မဟုတ်ပါဘူး။
(၁) ကျွန်တော်/ ကျွန်မသည် Marry ရဲ့ Member တစ်ယောက်အနေနှင့် ကိုယ်တိုင် ဒီ website လေးကို စီမံကိုင်တွယ်မည်….
Site ကို ဘယ်နှခေါက်ဝင်ကြည့်တယ်၊ Site က (ကဏ္ဍ) တစ်ခုချင်းစီကိုအသုံးပြုတယ် ဆိုတာရှိပြီဆိုရင်တော့ မင်းမှာ စာချုပ်လေးတစ်ခုရပါပြီ။ မင်းဖြည့်လိုက်တဲ့ မင်းအကြောင်းလေးတွေက တိကျမှန်ကန်နေရပါမယ်။ ပြီးတော့ အချိန်နဲ့ အမျှ ပြောင်းလဲမှုလေးတွေရှိရင်လည်း Marry မှာ မင်းအကြောင်းလေးတွေကို Update ပြန်လုပ်ရပေးဖို့မမေ့နဲ့နော်။ ကိုယ့်အကြောင်းလေးတွေကို တိတိကျကျ မှန်မှန်ကန်ကန် Update မလုပ်ထားဘူးဆိုရင်တော့ Marry ရဲ့ အခြေခံစနစ်တွေနဲ့ မကိုက်ညီတာမို့လို့ မင်းအကောင့်အသုံးပြုခွင့်ကို ဆိုင်းငံ့တာမျိုးပဲဖြစ်ဖြစ်၊ ရပ်ဆိုင်းလိုက်တာမျိုးပဲဖြစ်ဖြစ်၊ Service တွေကို အသုံးပြုခွင့်မရှိတော့တာပဲဖြစ်ဖြစ် Marry ကလုပ်ခွင့်ရှိပါတယ်။
Marry က အားလုံးသော သတို့သမီး၊ သတို့သား နဲ့ အခြားအသုံးပြုသူတွေ၊ ကလေးများကအစ ရဲ့ လုံခြုံမှုနဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကိုအင်မတန်မှ အလေးထားဂရုစိုက်ပါတယ်။ တစ်ခုတော့ မှတ်ထားရမှာက Marry ရဲ့ (ကဏ္ဍ) တွေက သတင်းအချက်အလက်တွေ၊ ဘာလုပ်ရမယ်ဆိုတဲ့ ဂိုက်လိုင်းတွေ၊ ဖျော်ဖြေမှုတွေနဲ့ လက်ထပ်တော့မယ့်သူတွေနဲ့ မိသားစုတွေကို အားပေးရမယ့် ဟာမျိုးအဓိကလုပ်ထားတာမို့လို့ Marry မှာ ပရိသတ်တွေအများကြီးရှိနေတယ်ဆိုတာပါပဲ။ မျိုးစုံမတူညီတဲ့ စာဖတ်သူတွေလည်းအများကြီးရှိနေမှာဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကလေးတွေ အတွက် Marry ရဲ့ ဘယ် (ကဏ္ဍ) ကသင့်တော်မလဲဆိုတာကိုတော့ အုပ်ထိန်းသူ မိဘတွေက ဆုံးဖြတ်ပေးရမယ့် တာာဝန်ရှိပါနေပါတယ်နော်။
ထပ်ပြောရမယ်ဆိုရင်တော့ မင်းက Marry ရဲ့ (ကဏ္ဍာ) တစ်ခုကို အသုံးပြုနေပြီဆိုရင်တော့အဲ့ဒီ့ (ကဏ္ဍ) မှာပါဝင်တဲ့ ဂိုက်လိုင်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ သက်ဆိုင်နေပါပြီ။
(၂) လုံခြုံမှု
မင်းဖြည့်သွင်းလိုက်တဲ့ မင်းရဲ့ အချက်အလက်လေးတွေဟာဆိုရင် Marry ရဲ့ လုံခြုံမှူမူဝါဒနဲ့ လိုက်လျောညီထွေနေရပါတယ်။ Marry ရဲ့ လုံခြုံမှူ မူဝါဒက လည်း အချိန်နဲ့ အမျှပြောင်းလဲမှူလေးတွေရှိချင်ရှိနေပါမယ်။
(၃) ဒီဟာက မင်္ဂလာမဆောင်ခင် သဘောတူညီချက်ဖြစ်ပါတယ်။
Marry ရဲ့ ကဏ္ဍတိုင်းမှာ ပါဝင်တဲ့ ဘယ်နာမည်ပဲဖြစ်ဖြစ်၊ အမှတ်တံဆိပ်၊ ဘယ်စာကြောင်းပဲဖြစ်ဖြစ် Marry သို့မဟုတ် Marry ကိုအသုံးပြုနေတဲ့ Customer တိုင်းရဲ့မူပိုင်ခွင့်တွေရှိနေပါတယ်။ ဒါကြောင့်Marry Brand နဲ့ Marry မှာပါရှိနေတဲ့ အကြောင်းအရာတွေအားလုံးက Marry တစ်ခုတည်းကသာအထူးသီးသန့် မူပိုင်ခွင့်ရှိပါတယ်။
ဒီလိုအကြောင်းအရာတွေထဲက တစ်စိတ်တစ်ဒေသဖြစ်ဖြစ်၊ တစ်ခုလုံးကိုဖြစ်ဖြစ် Marry ကိုယ်တိုင်က ခွင့်ပြုချက်မရှိဘဲ မူပွားပုံတူလုပ်တာမျိုးကို ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။
Marry ရဲ့ ကဏ္ဍတိုင်းမှာ ရေးသားထာားတဲ့ အရာတွေအကုန်လုံးက အပေါ်မှာပြောခဲ့သလိုပဲ Marry ရဲ့ မူပိုင်ရှိနေတာမို့လို့ မူပွားပုံတူလုပ်တာမျိုးခွင့်မပြုပေမယ့် မင်းကိုယ်မင်းအတွက်ပဲဖြစ်ဖြစ် (မင်းနဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်း၊ သတို့သမီးလောင်းအတွက်ဖြစ်စေ၊ သတို့သား/သတို့သမီးအရန် အတွက်ဖြစ်စေ) download လုပ်တာဖြစ်ဖြစ်၊ Print ထုတ်တာဖြစ်ဖြစ်လုပ်ချင်တယ်ဆိုရင်တော့ ခွင့်ပြုပါတယ်။
မူပိုင်ခွင့်တွေမှာ Marry အဓိကပါမယ်၊ လမ်းညွှန်တွေက ပင်ကိုလက်ရေးစာမူတွေ၊ Marry က ထပ်မံပြင်ဆင်ပြီး သေချာရွေးချယ်ရောင်းချ၊ဖြန့်ဝေမယ့် အရာတွေမှာပါ ပါဝင်မှာဖြစ်ပါတယ်။ Marry မှာတင်ထားတဲ့ အချက်အလက်တွေကို Download ဆွဲပိုင်ခွင့်ဆိုတာကလည်း မှီငြမ်းကိုးကားဖို့အတွက်သာဖြစ်ပါတယ်။ အဲဒီ့အချက်အလက်တွေကို ပုံတူကူးယူဖို့မဟုတ်ပါဘူး။ Marry ကိုယ်တိုင်ကသေချာခွင့်ပြုရေးသားပြီးခွင့်ပြုတာမျိုးမရှိဘဲ ကူးယူပုံပွား၊ အခြား ဘယ် လျှပ်စစ်ပစ္စည်းကိရိယာနဲ့မဆို ကူးယူတာမျိုးကိုလည်း Marry ကပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။
Marry ကိုဖတ်ရှူနေတဲ့ ပရိသတ်တွေကပေးပို့ ထောက်ပံ့ထားတဲ့ အရာတွေအကုန်လုံးကို ပြန်ပြီး ပုံနှိပ်ထုတ်ဝေခွင့်ကို Marry ကလက်ဝယ်ပိုင်ဆိုင်ရရှိပါတယ်။ Marry ကိုရေရှည်ဖတ်ရှူတစ်ယောက်အနေနဲ့ Marry ရဲ့ အယ်ဒီတာ့ အာဘော်ဖြစ်တဲ့ Marry သတင်းလိုအရာမျိုးရဲ့ တစ်စိတ်တစ်ဒေသမျိုးကို ကူးယူချင်တယ်ဆိုရင် Marry ပိုင်အနေနဲ့ ကူးယူရောင်းချတာဖြစ်ပါတယ်ဆိုတဲ့ Message လေးတစ်စောင်လောက် တင်လိုက်ခြင်းနဲ့ အကျုံးဝင်ပါတယ်။ မူပိုင်ခွင့်တွေကိုတားမြစ်ထားတဲ့ အချက်အလက်တွေဆိုရင်တော့ တကယ့်မူလပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရှိမှသာ ကူးယူနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက်ပေါ်မှာရှိနေတဲ့ ထောင်ပေါင်းများစွာသော ပင်ရင်းနေရာတွေအများကြီးရှိလို့ ဒီ ဆောင်းပါးတစ်ခုက မူပိုင်ခွင့်ကို ထိပါးချိုးဖောက်နေလားဆိုတာ Marry အနေနဲ့ အကုန်လိုက်သိဖို့ ခက်ခဲပါတယ်။ စိတ်ထဲမှာ မှတ်ထားရမှာကတော့ မင်း Marry မှာတင်လိုက်တဲ့ အရာတွေရဲ့ (အမူအရာဟန်ပန်တွေ၊ ယုံကြည်စိတ်ချရမှုတွေ၊ အဲ့ဟာရဲ့ အရင်းအမြစ်၊ မူပိုင်ခွင့်တွေ) နဲ့ ပါတ်သတ်ပြီး တော့ မင်းမှာတာဝန်ရှိပါတယ်။ မင်း Marry ပေါ်တင်လိုက်တဲ့ အရာကြောင့် စာရေးဆရာတစ်ယောက်အနေနဲ့မူပိုင်ခွင့်ချိုးဖောက်မှုတွေ၊ Privacy ကိုချိုးဖောက်မှုတွေ၊ အသရေဖျက်မှုတွေ နဲ့ အခြားသော အပျက်အစီးထိခိုက်မှုတွေရှိနိုင်လို့ပဲဖြစ်ပါတယ်။ Marry ပေါ်မှာမင်းတင်လိုက်တဲ့ Message သို့မဟုတ် Post လေးတစ်ခုက ဘယ်မူပိုင်ခွင့်ကိုမှ နှောက်ယှက်ထိပါးခြင်းမျိုးလုံးဝမရှိဖို့ မင်းမှာတာဝန်အပြည့်ရှိပါတယ်။ Marry မှာတင်လိုက်တဲ့ Post တစ်ခုခုက မူပိုင်ခွင့်နဲ့ ငြိနေတာမျိုး မင်းဘက်ကသေချာနေတယ်ဆိုရင်လည်း အဲ့ဒီ့ Post ကိုဖယ်ရှားပစ်ဖို့အတွက် စည်းကမ်းချက်တွေအတိုင်း ထုတ်ဖော်ပြောဆိုပေးပါ။
Marry ပေါ်မှာ တင်ထားတဲ့ အရာတွေကို ထုတ်ဝေဖြန့်ချီဖို့ Marry မှာ အခွင့်ရှိပါတယ်။ Marry ရဲ့ Global Website မှာလာရောက်တင်ထားတဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေကိုလည်း ပြန်လည်ပြင်ဆင်ရေးသားခြင်းနဲ့ အထူးသီးသန့် မူပိုင်မဟုတ်တဲ့ ရောင်းချခြင်းမျိုးလည်း ပြုလုပ်ခွင့်ရှိပါတယ်။ ဒီလို ပြန်လည်ပြင်ဆင်ရေးသားခြင်းနဲ့ အထူးသီးသန့် မူပိုင်မဟုတ်တဲ့ ရောင်းချခြင်းမျိုးမှာ ဘာတွေပါလဲဆိုတော့ Marry ပေါ်မှာတင်ထားတဲ့ အကြောင်းအရာတွေ၊ Message တွေကိုတင်ခွင့်ရှိတယ်ဆိုတဲ့ ပိုစတာတွေနဲ့ တင်ခွင့်မပြုတဲ့ ပိုစတာတွေပါဝင်ပါတယ်။
Marry ရဲ့ (ကဏ္ဍ)တွေမှာပါဝင်တဲ့ အချက်အလက်တွေ၊ အကြံပြုချက်တွေကို ကိုယ့်ဘာသာမှားယွင်း သုံးစွဲ၊ တင်ပြခြင်းမျိုး၊ အဲလိုမှားယွင်းမှူကြောင့်ဖြစ်ပေါ်လာတဲ့ အခြား အန္တရာယ်ရှိတဲ့ ထိခိုက်နစ်နာမှုမျိုးအတွက် Marry နဲ့ Marry ရဲ့ဝန်ထမ်းများမှာ တာဝန်မရှိပါ။ (ကဏ္ဍ)တိုင်းစီမှာပါဝင်တဲ့ အချက်အလက်တွေ၊ အကြံပေးချက်တွေကို လိုက်နာရင်းအပြင်မှာ ထိခိုက်နစ်နာတာမျိုးရှိရင်လည်း Marry မှာတာဝန်မရှိပါဘူး။ ကြောက်အောင်ခြောက်နေတာတော့မဟုတ်ပေမယ့် အပြင်မှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်တာမျိုးအထိတော့ Marry ကလိုက်ပြီးတာဝန်ယူရမှာမဟုတ်ပါဘူး။ ဒီမှာတင်ထားတဲ့ Message board က Message တွေ၊ အကြောင်းအရာတွေကို အသုံးပြုနေတဲ့ User တွေမှာ ဘယ်ဟာမှန်တယ်၊ လုပ်သင့်တယ်ဆိုတာကို ကိုယ်ပိုင် ဆုံးဖြတ်နိုင်မှုတွေရှိမယ်လို့ ယုံကြည်ပါတယ်။
(၄) ဂရုစိုက်ပါ။
Forum မှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကျိုးအပြုမှူရှိစေဖို့ Marry ရဲ့ ဝန်ထမ်းတွေပဲဖြစ်ဖြစ်၊ Marry ပေါ်မှာလာရောက်ရေးသားတဲ့အသုံးပြုသူတစ်ယောက်ချင်းစီကပဲဖြစ်ဖြစ် အကြောင်းအရာမျိုးစုံရေးကြမှာပါပဲ။ Marry က Marry ဝန်ထမ်းတွေရဲ့ တိကျမှန်ကန်စွာရေးသားနိုင်မှုကိုထိန်းချုပ်နိုင်ပေမယ့် Marry နဲ့ ခင်မင်ရင်းနှီးမှုမရှိ၊ မိမိနာမည်တောင်ဖော်ပြခြင်းမရှိတဲ့ တချို့သော အသုံးပြုသူတွေရဲ့ တိကျစွာရေးသားမှူ၊ ပြင်ဆင်နိုင်မှုတွေကိုတော့ Marry ကထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ ဒါကြောင့်မို့လို့ Marry ကိုအသုံးပြုနေသူများအနေနဲ့ အချက်အလက်တွေကိုအသုံးပြုတော့မယ်ဆိုရင် သတိလေးချပ်ပြီးမှ အသုံးပြုစေချင်ပါတယ်။ Marry ပေါ်မှာ အရေးပါတဲ့ အချက်အလက်တွေ၊ အသုံးဝင်တဲ့ အကြံပြုချက်တွေအများကြီးရှိနေပေမယ့် အခြားအသုံးပြုတွေရေးသားချက်တွေကို ကိုယ်တိုင်စပြီး ရှာဖွေကတည်းက သေသေချာချာ သုံးသပ်ဆင်ခြင်စေချင်ပါတယ်။ မှတ်တမ်းတင်ထားတဲ့ မူပိုင်ခွင့်တွေပဲဖြစ်ဖြစ်၊ မှတ်တမ်းမတင်ရသေးတဲ့ မူပိုင်ခွင့်တွေပဲဖြစ်ဖြစ် သွားရောက်ငြိစွန်းမယ်ဆိုရင်လည်း Marry ကတာဝန်ယူမှာမဟုတ်ပါ။ Marry ရဲ့ Message Board ပေါ်မှာ နေ့စဉ်နဲ့အမျှလာရောက်တင်ကြမယ့် အကြောင်းအရာတွေအများကြီးရှိမှာပါပဲ၊ ဒီထဲကမှ ဘယ် တစ်ခုက မူပိုင်ခွင့်ကို ဘယ်လိုချိုးဖောက်တယ်ဆိုတာကို အတည်ပြုဖို့က အလွန်တရာမှခက်ခဲလှပါတယ်။ Marry ကိုယ်တိုင်ကလည်း ဝန်ထမ်းတွေအများကြီးနဲ့ အဲလိုမျိုးကိစ္စမျိုးကို ဖြေရှင်းပေးချင်ပေမယ့်၊ လက်တွေ့ကျကျတော့ မဖြစ်နိုင်တာအသေအချာပါပဲ။
(၅) အရာရာတိုင်းကို ခွင့်မပြုပါဘူး။
Online ပေါ်မှာအပြုအမူတစ်ခုလုပ်ဖို့ဆိုတာ Common Sense လေးနဲ့ အခြေခံကျကျ အသိတရားလေးတော့ ရှိဖို့လိုအပ်တယ်မလား။ ဒါကြောင့် မင်းလိုက်နာနိုင်ဖို့ တချို့သော စည်းကမ်းချက်လေးတွေပြောပြပေးမယ်နော်
ပြင်းထန်တဲ့၊ အောက်တန်းကျတဲ့၊ ညစ်ညမ်းတဲ့ အရာမျိုး၊ အမုန်းပွားစရာကောင်းတဲ့ အသုံးအနှန်းမျိုးသုံးခွင့်မပြုပါ။
လူမျိုးရေးနဲ့ ဆိုင်တဲ့ အရာတွေ၊ စက်ဆုပ်ဖို့ကောင်းတဲ့ အရာတွေလည်း အသုံးပြုခွင့်မရှိပါ။
ဒီ Community မှာရှိနေတဲ့ သူအခြင်းခြင်း နှောက်ယှက်စော်ကားခြင်း၊ လိုက်လံ စပ်စုခြင်း၊ ခြိမ်းခြောက်ခြင်းများလည်း မပြုလုပ်ရပါ။
ဆိုးဝါးတဲ့ ၊ သွားပုပ်လေလွင့်ပြောခြင်းမျိုးတွေကိုလည်း ရှော်ကြဉ်ပါ။
Online ပေါ်မှာ ဖျက်လိုဖျက်စီးနဲ့ အပြုအမူမျိုးမရှိရပါ။ ဘယ်လိုမျိုးအပြုအမူများလဲဆိုတော့ ဆဲရေးတိုင်းထွာခြင်း၊ Chat room ထဲကနေ Return Key ကို အကြိမ်ပေါင်းများစွာနှိပ်ခြင်း၊ အပြင်မှာပါ ခွန်းကြီးခွန်းငယ်စကားများခြင်းမျိုး ဆိုးဆိုးရွားရွားဖြစ်စေခြင်းမျိုးမပြုလုပ်ရပါ။
Community ပေါ်က အခြား Member အယောင်ဆောင်ခြင်း၊ Marry ရဲ့ ဝန်ထမ်းများအယောင်ဆောင်ခြင်းမျိုးလည်း မပြုလုပ်ရပါ။
တရားမဝင်တဲ့ Postတွေ၊ တရားမဝင်ဖြစ်မှုကိုအားပေးအားမြှောက်ဖြစ်စေမယ့် Posts မျိုးကိုလည်းတင်ခွင့်မပြုပါ
တစ်ပါးသူရဲ့ Privacy ကိုထိပါးခြင်းမျိုးလည်း မပြုလုပ်ရပါ။
အသေးအမွှဲကိစ္စလေးတွေအတွက် အန္တရာယ်ရှိတဲ့ ပြုမူချက်မျိုးမရှိပါ။
Marry ပေါ်မှာတင်ထားတဲ့ အကြောင်းအရာမူရင်းအရင်းအမြစ်တွေ၊ Marry ဝန်ထမ်းတွေတင်ထားတာတွေကို လှည့်စားပြီး အတုအပပြုလုပ်မှုမျိုးလည်းမပြုလုပ်ရပါ။
သတင်းအချက်အလက်များ(Site ပေါ်ကအတွင်းရေးအချက်အလက်များ၊ ပိုင်ဆိုင်မှုနဲ့ပါတ်သတ်တဲ့ အချက်အလက်များ၊ လျှို့ဝှက်အတွင်းရေးများ) ကို Post တင်ခြင်း၊ သူများကို ပေးပို့ခြင်း၊ အသံလွှင့်ခြင်းမျိုးအစရှိတာများကို ကိုယ်တိုင် စာချုပ်၊ အုပ်ထိန်းသူအခွင့်၊ ဥပဒေအမိန့်ပြဋ္ဌာန်းမှူမျိုးမရှိဘဲ မပြုလုပ်ရပါ။
အနှောက်အယှက်ဖြစ်စေတဲ့ Spam Message များကို တင်ခြင်း၊ ဖြန့်ဝေခြင်း၊ အသံလွှင့်ခြင်းမျိုးလည်းမပြုလုပ်ရပါ။
* မလိုမုန်းထားစိတ်တွေနဲ့ Post တင်ခြင်းမျိုး၊ အညိုးနှင့် ဖြန့်ဝေတဲ့ Spyware, worms, Trojan hours တွေနဲ့ Virus များကိုလဲလက်မခံပါ။
Community ပေါ်မှာရှိတဲ့ အခြား Member များပိုင်ဆိုင်တဲ့ အတွင်းရေးအချက်အလက်များနဲ့ Post များကို စုဆောင်းထားခြင်း၊ သိမ်းဆည်းထာခြင်းမျိုးလည်းမပြုလုပ်ရပါ။
Message Board သို့မဟုတ် Chat Room များမှာလဲ ကြော်ငြာများလာလုပ်ခွင့်မပြုပါ။
(၆) ကြည့်ပါ။ ဒါပေမယ့် အသုံးမပြုပါနဲ့။
Marry.com.mm မှာရှိတဲ့ Member တွေရဲ့ နာမည်တွေ၊ email လိပ်စာတွေ၊ ဆက်သွယ်ရမယ့် အချက်အလက်တွေ၊ member ရဲ့မင်္ဂလာဆောင်နဲ့ ပါတ်သတ်တဲ့ အတွင်းရေးအချက်အလက်များကို ကြည့်ရုံသာကြည့်ပါ။ အသုံးမပြုပါနဲ့။
Website ပေါ်မှာရှိတဲ့ Member တွေရဲ့ နာမည်တွေ၊ email လိပ်စာတွေ၊ ဆက်သွယ်ရမယ့် အချက်အလက်တွေ ကို ဘယ်ပြင်ပက Third party ကြော်ငြာသမားများကမှ ကြော်ငြာချင်တဲ့ရည်ရွယ်ချက်နဲ့ အသုံးပြုခွင့်မရှိပါ။
Marry member တွေ၊ Suppliers တွေ မတောင်းလှမ်းဘဲပို့တဲ့ မလိုလားအပ်တဲ့ email တွေက Marry ရဲ့ စီးပွားရေးကိုထိခိုက်နစ်နာစေပြီး၊ Marry ရဲ့ နာမည်ကို မှားယွင်း ထင်မြင်နိုင်စေတာမျိုး၊ မတရားသောနည်းဖြင့် ပြိုင်ဆိုင်မှုမျိုး၊ သို့တည်းမဟုတ် ဥပဒေကိုချိုးဖောက်မှုမျိုးပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မတောင်းလှမ်းဘဲပို့တဲ့ မလိုလားအပ်တဲ့ email တွေကို မပို့ဖို့ တင်းကြပ်စွာ တားမြစ်ပိတ်ပင်ထားပါတယ်။ ပြုလုပ်ပါက ဥပဒေနဲ့အညီ သင့်တော်သလိုဆောင်ရွက်သွားမှာဖြစ်သလို၊ ဆိုင်းငံ့ခြင်းမျိုး၊ အမြတ်များ၊ အပျက်အစီးများအတွက် ဥပဒေအရပေးဆောင်ခြင်းများ၊ ကုန်ကျစရိတ်များကို ပေးဆောင်ခြင်းများပါပြုလုပ်ရမှာဖြစ်ပါတယ်။
အပေါ်မှာပြောထားသလိုပဲ Marry ရဲ့ Member တွေက ဒီ Website နဲ့ဆက်သွယ်ထားတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ဒီ Terms of Use မှာ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းချက်တွေနဲ့ကိုက်ညီပြီး သုံးစွဲမှသာဖြစ်ပါတယ်။
(၇) ကျွန်ုပ်တို့ ပြောင်းလဲနိုင်ပါတယ်။
ကျွန်ုပ်တို့အားလုံးကပြောင်းလဲကြပါတယ်။ Marry လည်းထို့အတူပါပဲ။ Marry.com.mm မှာရှိတဲ့ (ကဏ္ဍ)တွေမှာ ပြန်လည်ပြင်ဆင်မှုတွေကိုလည်း Marry ကပြုလုပ်ပိုင်ခွင့်ရှိပါတယ်။ အဲလို ပြုပြင်ပြောင်းလဲမှူတွေမှာ Marry ရဲ့ Service သို့မဟုတ် Marry ကတဆင့်ရရှိတဲ့ ဝန်ဆောင်မှုတွေကို ဘာအသိပေးခြင်းမှ မပြုလုပ်ဘဲ ယာယီ သို့မဟုတ် အပြီးအပိုင် ရပ်ဆိုင်းလိုက်ခြင်းမျိုးများ၊ Marry မှာရှိတဲ့ (ကဏ္ဍ) တွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြုပြင်ပြောင်းလဲခြင်းများ ပါဝင်ပါတယ် သို့မဟုတ်ရင်တောင် ကန့်သတ်မထားပါဘူး။
(၈) အကောင့်ကို ကြိုတင်အသိမပေးဘဲ ဖျက်ခြင်း။
ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်၊ ကြိုတင်အသိပေးခြင်းမရှိပါက မင်းအကောင့် ကို ပိုင်ဆိုင်ခွင့်၊ မင်းMembership အကောင့်ကို ဖျက်သိမ်းခြင်း၊ မင်း Membership အကောင့်နဲ့ပတ်သတ်တဲ့ အချက်အလက်တွေအားလုံးကို Marry ကပိတ်ပစ်လိုက်မှာဖြစ်ပါတယ်။ (မင်းနာမည်၊ အကောင့် Password, အကောင့်မှတ်ပုံတင်ခြင်းနဲ့ ကိုယ်ရေးအကျဉ်း Profile တို့လည်းပါဝင်ပါတယ်)
အဲဒီ့လို ပိတ်ပစ်ခြင်းမျိုးဆိုတာကလည်း Terms of Use စည်းကမ်းချက် ၅ ချက်သို့မဟုတ် ၅ ချက်ထက်ပိုသော စည်းကမ်းတွေကို ချိုးဖောက်ခြင်းကြောင့် ဖြစ်ပါတယ်။
(၉) ကဏ္ဍ တွေက အာမခံထားခြင်းမရှိပါ။
Marry.com.mm မှာ အသေအချာဖြစ်စေ၊ သွယ်ဝှိုက်ကာဖြစ်စေ အရာင်းစွန်နိုင်မှု ရှိမရှိအပေါ် သက်မှတ်ထားတဲ့ အာမခံချက်ဖြစ်စေ၊ ခိုင်လုံတဲ့ အကြောင်းပြချက်ဖြစ်စေ၊ စည်းကမ်းချိုးဖောက်မှုကြောင့်ဖြစ်စေ သုံးစွဲသူပဲ သတ်မှတ်ထားတဲ့ အတွက် Marry ကတာဝန်ယူအာမခံပေးမှာမဟုတ်ပါ။
Marry ကဒါတွေကို အာမခံချက်မပေးပါဘူး။
- ဒီက ဝန်ဆောင်မှုတိုင်းက မင်းရဲ့လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းနိုင်မယ်
- ဝန်ဆောင်မှုတိုင်းက အချိန်မှီနေမယ်၊ တုံ့ဆိုင်းခြင်းတွေကင်းရှင်းနေမယ်၊ ပြီးတော့ ဒီကဏ္ဍတိုင်း Sections တိုင်းက ဝန်ဆောင်မှုတိုင်းက အကုန်အသုံးဝင်ပြီး တိကျစိတ်ချနေမယ်။
- ဘယ်ထုတ်ကုန်ပဲဖြစ်ဖြစ်၊ ဘယ်ဝန်ဆောင်မှုပဲဖြစ်ဖြစ်၊ အကုန်လုံးက ကိုယ်ရည်မှန်းထားတဲ့အတိုင်းထပ်တူကျနေမယ်။
- ကဏ္ဍတိုင်းမှာရှိတဲ့ software ပိုင်းဆိုင်ရာ error တစ်ခုခုတက်ခဲ့လျှင်လဲ အကုန် အဆင်ပြေပြေဖြေရှင်းပြီးသားတွေဖြစ်နေမယ်။
Marry ရဲ့ ကဏ္ဍတိုင်းက မင်း Download ဆွဲလိုက်ပြီးရယူလိုက်တဲ့ အရာတွေကလည်း မင်းဘာသာ တာဝန်ယူပြီး ကိုယ်တိုင်တစ်ယောက်တည်းသာ တာဝန်အရင်းခံဖြစ်တယ်။ ဘယ်လိုမျိုးလည်းဆိုတော့ ကိုယ့်ကွန်ပြူတစ်ခုခုဖြစ်တာတို့၊ download ဆွဲလိုက်တဲ့ အချက်အလက်တွေပျောက်သွားတာတို့၊ ဒါမှမဟုတ် တစ်စုံတစ်ခုတို့ကိုပြောခြင်းဖြစ်တယ်။
Terms of Use ကအချက်အလက်တွေနဲ့ မကိုက်ညီတဲ့ အာမခံချက်မျိုး ကို Marry ရော Marry ရဲ့ ဘယ်ဝန်ဆောင်မှုမျိုးကမှ ပေးတယ်ဆိုတဲ့ Information မျိုး အကြံပေးချက်မျိုး နှုတ်စကားနဲ့ ဖြစ်စေ စာစကားနဲ့ ဖြစ်စေ Marry ဆီက မင်းရမှာမဟုတ်ပါဘူး။
တစ်ချို့သော မူပိုင်ခွင့်တွေက တိကျတဲ့ တစ်ချို့သော အာမခံချက်မျိုးကို ဖယ်ထုတ်ပစ်ခြင်း၊ မတော်တဆဖြစ်ဖြစ် စနစ်တကျဖြစ်ဖြစ် ဖြစ်သွားတဲ့ အပျက်အဆီးများကို ငြင်းပယ်ခြင်းမျိုးဖြစ်ဖြစ် ပြုလုပ်ခွင့်ရှိပါတယ်။
ဒါကြောင့် အပေါ်ကအချို့သော သတ်မှတ်ချက်တွေက မင်းအတွက် အကျိုးသက်ရောက်မှုရှိခြင်မှ ရှိလိမ့်မယ်။
(၁၀) ဘယ်လို အပျက်အဆီးမျိုးအတွက်မှ တာဝန်မရှိပါ။
Marry က မင်းရဲ့ တိုက်ရိုက်နည်းနဲ့ ဖြစ်စေ၊ သွယ်ဝိုက်သောနည်းနဲ့ဖြစ်စေ၊ မတော်တဆနည်းနဲ့ဖြစ်စေ ဖြစ်ပျက်သွားတဲ့ အပျက်အဆီးများဖြစ်ကြတဲ့ အမြတ်ပြုတ်သွားခြင်း၊ နာမည်ဂုဏ်ထိခိုက်ခြင်း၊ ဒါမှမဟုတ် အခြားမမြင်ရတဲ့ နည်းမျိုးစုံနဲ့ ပျောက်ရှ ပျက်ဆီးသွားတဲ့ ကိစ္စရပ်တိုင်းအတွက် လုံးဝ တာဝန်မရှိပါဘူးဆိုတာ မင်း လက်ခံနားလည်ပြီးပြီဖြစ်တယ်။
(၁၁) ဥပဒေနဲ့ သက်ဆိုင်နေတယ်။
ဥပဒေကို အကောင်အထည်ဖော်ပါ။ ဥပဒေနဲ့ လိုအပ်လာလျှင် Marry ကမင်းပေးထားတဲ့ မင်းရဲ့ အချက်အလက်တွေကို ရယူနိုင်တယ်၊ ထိန်းသိမ်းထားနိုင်တယ်၊ ပြီးတော့ ထုတ်ဖော်ပစ်လိုက်နိုင်တယ်ဆိုတာ မင်းသိထားသင့်ပါတယ်။ မင်းရဲ့ အချက်အလက်တွေက သင့်တော်ပြီး ဒီအချက်အလက်တွေနဲ့ ပြည့်စုံနေရပါမယ်။
- ဘယ်လို ဥပဒေ ဖြစ်စဉ်နဲ့ မဆို လိုက်လျောညီထွေနေရပါမယ်။
- Marry ရဲ့ စည်းမျဉ်းစည်းကမ်းတွေရဲ့ အကျိုးသက်ရောက်မှုရှိရပါမယ်။
- Third party ရဲ့ မူပိုင်ခွင့်တွေကို ထိပါးခြင်းမျိုးဖြစ်စေတဲ့ သတင်းအချက်အလက်များ မင်းက ပေးလွှတ်လိုက်တာမျိုး ပြုလုပ်ခဲ့လျှင် စွပ်စွဲမှူတိုင်းကို မင်းဘက်က ပြန်လည်တုံ့ပြန်ရပါမယ်။
- မင်းရဲ့ Customer Service ကိစ္စတွေနဲ့ စုံစမ်းလာမှူတွေကိုလည်း တုံ့ပြန်ရပါမယ်။
- Marry ရဲ့ ပိုင်ဆိုင်မှုတွေ၊ Supplier တွေ၊ Community ပေါ်မှာရှိတဲ့ Member တွေရယ်၊ အသုံးပြုသူတွေနဲ့ ပြည်သူလူထု ရဲ့ မူပိုင်ခွင့်တွေကို ကာကွယ်ထားရပါမယ်။
အာမခံထားပါ။ သင်ကိုယ်တိုင်ပဲဖြစ်စေ၊ အပြင်လူ တတိယအဖွဲ့အစည်းတစ်ခုအနေနဲ့ Marry ရဲ့ (ကဏ္ဍ) ပေါ်မှာ တင်လိုက်တဲ့၊ ပေးပို့လိုက်တဲ့၊ လွှင့်လိုက်တဲ့ အရာ သို့မဟုတ် Marry ရဲ့ Specialist Item တစ်ခုခုကိုသုံးပြီး စည်းမျဉ်းစည်းကမ်း ချိုးဖောက်၊ တစ်ပါးသူရဲ့ မူပိုင်ခွင့်များကိုဖောက်ဖျက်သည်မျိုးပြုလုပ်ခြင်းကြောင့်
Marry ရဲ့ ဌာနခွဲဖြစ်စေ၊ ကုမ္ပဏီအသေးခွဲဖြစ်စေ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ အရာရှိများ၊ ကိုယ်စားလှယ်များ၊ ရောင်းချသူများ၊ အခြား စီးပွားဖက်များ နဲ့ ဝန်ထမ်းများကို ထိခိုက်တာမျိုးမရှိစေရန် သင့်အနေနဲ့ အာမခံထားရပါမယ်။
သဘောတူညီထားပါ။ Terms of Use စည်းမျဉ်းစည်းကမ်းများက မင်းနဲ့ Marry ကြားမှာ သဘောတူညီချက်လေးတစ်ခု ဖြစ်စေပါတယ်။ Marry Forum ပေါ်မှာ ပေးထားတဲ့ ဝန်ဆောင်မှုတွေကို ထိန်းချုပ်ထားတယ်ဆိုတဲ့ သဘောတူညီချက်ပါ။
ဒီသဘောတူညီချက်လေးက မင်းနဲ့ Marry ကြားမှာ အရင်က သဘောတူညီချက်လေးတွေအစားထိုးပေးထားတာပါ။
၂ ယောက်ထဲပါပဲ။ စည်းမျဉ်းစည်းကမ်းများအရ မင်းနဲ့ Marry ကြားမှာ အခြားဘယ် Third Party တတိယလူမှာ မရှိရဘူးဆိုတာ မင်းသဘောတူညီပြီးသားဖြစ်ပါတယ်။
အစထဲက ဆက်သွယ်ထားတဲ့အရာကို မခွဲခြမ်းထားပါဘူး။ စည်းမျဉ်းစည်းကမ်းအတိုင်း မူပိုင်ခွင့်များ၊စည်းကမ်းချက်များကို Marry က ပြဋ္ဌာန်းရန် ပျက်ကွက်မိခြင်းက အဲဒီ့ မူပိုင်ခွင့်များ၊စည်းကမ်းချက်များကိုသက်ညှာခွင့်ပေးထားတာနဲ့ မတူပါ။
အခွင့်အာဏာရှိတဲ့ အဖွဲ့အစည်းက ဒီ စည်းမျဉ်းစည်းကမ်းတွေထဲက တစ်ခုခုက တရားမဝင်ဘူး၊ မမှန်မကန်ဘူး ဆိုပြီး သတ်မှတ်ရင်လည်း အခြားသော မူပိုင်ခွင့်များ၊စည်းကမ်းချက်များကတော့ အရင်ရှိရင်းစွဲအတိုင်း ဆက်လက်အကျိုးသက်ရောက်နေဦးမှာဖြစ်ပါတယ်။
မင်းရဲ့ပိုင်ဆိုင်မှု။
မင်းရဲ့ Marry အသင်းဝင်အကောင့် က သူများကို လွှဲပြောင်းပေးလို့လည်းမရဘူး၊ မင်းအကောင့်မှာချိတ်ဆက်ထားတဲ့ မင်းရဲ့ အကြောင်းအရာအချက်အလက်တွေဆိုတာလည်း မင်းသေဆုံးသွားမှသာ ပျက်ပြယ်သွားမှာဖြစ်ပါတယ်။
အချိန်ဆိုတာ စည်းချက်ကျကျလှုပ်ရှားနေတဲ့အရာမဟုတ်လား။ Terms of Use စည်းကမ်းချက်တွေထဲက လွတ်သွားသည်ဖြစ်စေ၊ ကိုက်ညီသည်ဖြစ်စေ ဥပဒေနဲ့သာ ကိုက်ညီဖြေရှင်းရမယ်။
မကျေမနပ်တိုင်ကြားခြင်းများ၊ ဖြေရှင်းခြင်းများရှိလျှင်လည်း လျှောက်လွှာတင်ခြင်းကို ၁ နှစ်အတွင်း ဖြည့်ရမှာဖြစ်ပါတယ်။
Terms of Use မှာရှိတဲ့ ခေါင်းစဉ်များ၊ (ကဏ္ဍ) အသီးသီးမှာရှိတဲ့ Title များကလည်း ကြည့်ရရှူရသက်သာအောင် ခွဲပေးထားခြင်းဖြစ်ပြီး အခြားမည်သည့် ဥပဒေနှင့်ဆိုင်သည့် ကိစ္စရပ်များနှင့်မသက်ဆိုင်ပါ။