လမ်းလျှောက်သင်္ကြန် နွှဲကြမယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

သင်္ကြန်မှာ အိမ်တွင်းပုန်းမယ်တွေးနေတဲ့သူတွေ လမ်းလျှောက်သင်္ကြန်တော့ နွှဲဖြစ်အောင် နွှဲလိုက်ဖို့ Marry က အကြံပေးလိုက်ပါတယ်နော်။

လမ်းလျှောက်သင်္ကြန် နွှဲမယ် စိတ်ကူးထားကြလား။ အရင်ကတော့ မန္တလေး၊ ရန်ကုန်မှာပဲ ရှိပေမယ့် ဒီနှစ်တော့ နေရာတော်တော်များများမှာ လမ်းလျှောက်သင်္ကြန်ပွဲတွေ ဖြစ်လာဖို့ ကြိုးစားနေကြပါတယ်။ ကိုယ်ရဲ့ နေရာမှာ လမ်းလျှောက်သင်္ကြန် ရှိတယ်ဆိုရင်တော့ အိမ်တွင်းပုန်းမနေတော့ဘဲ နွှဲလိုက်သင့်တယ်နော်။ တစ်နှစ်မှ တစ်ခါမလား။ ကဲ ဒီတော့ လမ်းလျှောက်သင်္ကြန် နွှဲကြမယ်ဆိုရင် ဘာတွေ လိုမလဲ။

လမ်းလျှောက်သင်္ကြန်က ဘယ်လိုပုံစံလေးလဲ

လမ်းလျှောက်သင်္ကြန်ဆိုရင်တော့ လမ်းတစ်လျှောက် မဏ္ဍပ်တွေ ရှိနေပြီး ဆိုင်ကယ်တွေ ကားတွေ မရှုပ်ဘဲ လမ်းလျှောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် စနောက်ကျီစယ်ကာ ပျော်ပျော်ပါးပါး ရေဆော့ကြတာမျိုးပါ။ လမ်းလျှောက်သင်္ကြန်မှာ သနပ်ခါး လိမ်းလို့ရအောင် ကျောက်ပျဉ်တွေ၊ သနပ်ခါးတုံးတွေလည်း ရှိပြီး အပြန်အလှန် လိမ်းပေးတာမျိုးလည်း ရှိပါတယ်။ လမ်းလျှောက်ရင်းနဲ့မဏ္ဍပ်ပေါ်မှာ ကပြဖျော်ဖြေတဲ့ အကအလှတွေနဲ့ အင်္ကြန်သီချင်းတွေလည်း ကြည့်ရှူ့နားဆင်ရမှာပါ။ အားလုံး အေးအေးဆေးဆေးလေး လမ်းလျှောက်ရင်း ရေပက်ကြမယ့်သဘောပါ။ စတုဒီသာတွေလည်း ကျွေးတယ်ဆိုတော့ ဗိုက်ဆာရင်လည်း ဝင်စားလို့ ရသေးတယ်နော်။

လမ်းလျှောက်သင်္ကြန်က ဘယ်လိုပုံစံလေးလဲ (photo: thavornpalmbeach.com)

ဘာတွေ ပြင်ဆင်မလဲ

လမ်းလျှောက်သင်္ကြန်ဆိုမှတော့ လမ်းလျှောက်ရပြီလေနော်။ ဒီတော့ ဖိနပ်က အရေးကြီးပါတယ်။ သက်တောင့်သက်သာ ဖြစ်မယ့်ဖိနပ်ကို ရွေးစီးပါ။ လမ်းမှာ အချင်းချင်း ပက်လို့ရအောင် ရေသေနတ်လေးတွေ၊ ရေခွက်သေးသေးလေးတွေ ဆောင်သွားနော်။ ကောင်လေးချောချော ကောင်မလေးချောချော လေးတွေ ရွေးပက်ခဲ့နော်။ ရေကုန်သွားရင်လည်း အဲဒီမှာပဲ ဖြည့်လို့ရတယ်ဆိုတော့ ဘာမှ စိတ်ပူစရာမလိုဘူးပေါ့။

အဖွဲ့လိုက် စုသွားပါ

လူကတော့ များနေမှာမို့ တစ်ယောက်တည်း မသွားပါနဲ့။ ကိုယ့်အဖွဲ့ သူ့အဖွဲ့ အပြန်ပြန်အလှန်လှန် စနောက်လို့ ရအောင် လူစုပြီး သွားကြတာ ပိုကောင်းပါတယ်။ တကယ့်မောင်နှမ အရင်းတွေလိုပေါ့။ လူများတော့ ပျော်စရာပိုကောင်းတယ်လေနော်။ အတွဲလေးရှိရင်လည်း လက်လေးတွဲလို့ နွှဲပေါ့လေ။

ရေသေနတ်လေးတွေ ယူခဲ့နော် (photo: Discovery DMC)

ဘာတွေရှောင်ရမလဲ

လမ်းလျှောက်သင်္ကြန် နွှဲရင်းနဲ့ အမှိုက်တွေ မချခဲ့မိဖို့လည်း လိုတယ်နော်။ ပြီးတော့ အရက်တွေ မူးနေအောင် မသောက်ဖို့လည်း လိုပြန်ပါတယ်။ ဒါမှ လမ်းကောင်းကောင်း လျှောက်နိုင်မှာလေနော်။

သင်္ကြန်မှာ အိမ်တွင်းပုန်းမယ်တွေးနေတဲ့သူတွေ လမ်းလျှောက်သင်္ကြန်တော့ နွှဲဖြစ်အောင် နွှဲလိုက်ဖို့ Marry က အကြံပေးလိုက်ပါတယ်နော်။

From Marry with

Tag: adviceThingyan

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords