မန္တလေးမြို့ က သတို့သမီးလေးတို့နဲ့ လိုက်ဖက်တဲ့ မင်္ဂလာဝတ်စုံအရောင်

by: Phyo Pyae Thu
 0 comments  0 love

 မန္တလေးက သတို့သမီးလေးတို့ရေ ကိုယ်နဲ့လိုက်ဖက်တဲ့ မင်္ဂလာဝတ်စုံ ရဖို့အတွက် ရွေးချယ်ရမယ့် နည်းလမ်းတွေကို ပြောပြပေးထားပါတယ်နော်။ သေချာလေး ရွေးရင်တော့ လှမှာပါ။

သတို့သမီးလေးတို့ရေ မင်္ဂလာဆောင် ပွဲတစ်ပွဲ စီစဉ်ရတာ လွယ်တာတော့ မဟုတ်ပါဘူး။ သတို့သမီးလေးတို့ မင်္ဂလာဝတ်စုံအရောင် ရွေးချယ်ပြီဆိုရင် သိထားရမယ့် အချက်တွေ၊ ကိုယ်နဲ့ အများဆုံး လိုက်ဖက်မယ့် အရောင်တွေကို သိထားဖို့ လိုသလို ပွဲနေ့မှာ အရောင်လေး လှနေအောင် ရွေးချယ်ရမှာပါ။ မန္တလေးက သတို့သမီးလေးတို့နဲ့ လိုက်ဖက်တဲ့ မင်္ဂလာဝတ်စုံအရောင်က ဘာဖြစ်မလဲဆိုတာ ပြောပြလိုက်ပါတယ်။

အသားအရေ

မန္တလေးက သတို့သမီးလေးတို့ရေ မင်္ဂလာဝတ်စုံ အရောင် ရွေးတဲ့အခါမှာ အသားအရေကို ဦးစားပေးပြီး ရွေးချယ်ဖို့ လိုပါတယ်။ မင်္ဂလာဝတ်စုံအရောင် ရွေးချယ်တဲ့အခါမှာ သတို့သမီးလေးရဲ့ အသားအရေအပြင် သတို့သားရဲ့ အသားအရေကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။ သတို့သမီးလေးနဲ့ရော သတို့သားနဲ့ရော လိုက်ဖက်မှ ပိုပြီး ကြည့်ကောင်းမှာပါ။ သတို့သမီးလေးက အသားညိုတယ်ဆိုရင်တော့ လင်းတဲ့ဘက်ရောက်တဲ့အဝါရောင်ကို ရွေးချယ်ပါ။ မန္တလေးက သတို့သမီးလေး တော်တော်များများနဲ့ လိုက်ဖက်တဲ့ မင်္ဂလာဝတ်စုံအရောင်တွေကတော့ အဝါရောင်၊ ပန်းဖျော့ရောင်၊ အဖြူနဲ့ခဲရောထားတဲ့ အရောင်စတာတွေ ဖြစ်ပါတယ်။ သတို့သမီးလေးတို့ အဲဒီအရောင်ထဲကနေ ဦးစားပေးပြီး ရွေးချယ်နော်။

ရွေးချယ်တဲ့အခါ

(၁) Accessories

သတို့သမီးလေးတို့ ရွေးချယ်တော့မယ်ဆိုရင် ဝတ်စုံရဲ့ ပိတ်စအရောင်အပြင် ပိတ်စပေါ်မှာ ထိုးမယ့် အဆင်တန်ဆာတွေရဲ့ အရောင်ကိုပါ ထည့်သွင်းစဉ်းစားပါ။ အဓိကကတော့ ဝတ်စုံအရောင်နဲ့ အဆင်တန်ဆာ ကျောက်တွေရဲ့ အရောင်က လိုက်ဖက်မှု ရှိဖို့ လိုပါတယ်။ အဲဒါမှလည်း သတို့သမီးလေးရဲ့ အလှကပြီးပြည့်စုံမှာပါ။ မင်္ဂလာဝတ်စုံအရောင်ကတော့လှပါရဲ့ ကျောက်တွေက အရောင်မလှရင် ဘယ်အဆင်ပြေပ့ါမလဲ။ ဒီတော့ ကျောက်တွေရဲ့ အရောင်ကလည်း ကိုယ်နဲ့လိုက်ဖက်ရပါမယ်။

(၂) ဒီဇိုင်နာနဲ့ တိုင်ပင်ပါ

မန္တလေးက သတို့သမီးလေးတို့ရေ မင်္ဂလာဝတ်စုံ ရွေးချယ်တော့မယ်ဆိုရင် အရင်ဆုံး ဒီဇိုင်နာနဲ့ တိုင်ပင်ပါ။ ဒီဇိုင်နာရဲ့ အကြံဥာဏ်ကို ယူပါ။ ဒီဇိုင်နာက လိုက်ဖက်တဲ့အရောင်တွေ ပြောပြပါလိမ့်မယ်။ အဲဒီထဲကမှ ရွေးပေါ့။  အဓိကကတော့ ဒီဇိုင်နာနဲ့ တွေ့တဲ့အခါ သတို့သားပါ ပါပါစေနော်။ ဒါမှ နှစ်ယောက်စလုံးအတွက် ဝတ်စုံကို သူစဉ်းစားပေးရ ပိုလွယ်မှာပါ။ သတို့သမီးလေးနဲ့ လှပြီး သတို့သားနဲ့မလှတာမျိုးဆို ဘယ်အဆင်ပြေပါ့မလဲနော်။ ဒီတော့  ဒီဇိုင်နာနဲ့ တိုင်ပင်ပါ။

မန်းမြေမှ ချစ်တတ်သူတွေအားလုံး

ကိုယ်ချစ်ရတဲ့သူနဲ့ စိတ်ကူးအိပ်မက်ထဲကမင်္ဂလာပွဲကြီးအတိုင်း စီစဉ်ဖန်တီးနိုင်ဖို့ ရည်ရွယ်ပြီး “မန်းမြေမှ ချစ်သက်သေ” ဆိုတဲ့ Retro စတိုင်လ် Marry Wedding Day မန္တလေး ပွဲကြီးလာပါပြီ။

ဒီပွဲကြီးမှာ နိုင်ငံကျော်အနုပညာရှင်များစွာ တက်ရောက်မှာဖြစ်ပြီး မင်္ဂလာဆောင်တော့မယ့် သတို့သား သတို့သမီးလောင်းတွေအတွက်လည်း ဒီဇိုင်းနာ မျိုးမင်းစိုးရဲ့ ခမ်းနားဆန်းပြားသစ်လွင်တဲ့ မင်္ဂလာဝတ်စုံများကိုလဲ တစ်ဝကြီး မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်မှာမှမရနိုင်တဲ့ မင်္ဂလာ Package တွေ ၊ မင်္ဂလာပွဲအတွက် လိုအပ်တဲ့အရာမှန်သမျှကို တစ်နေရာတည်းမှာ ဆိုင်ခန်းပေါင်း (၃၀) ကျော်က ၆၀% ဒစ်စကောင့်တွေနဲ့အတူ အကောင်းဆုံး အတန်ဆုံးသော အထူးလျှော့ဈေးတွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

 ချစ်သူစုံတွဲတွေအားလုံးအတွက်လည်း

  • ထူးခြားထူးခြားနဲ့ ပျော်စရာကောင်းတဲ့ Couple Game အစီအစဉ်တွေ
  • ချစ်သူနဲ့အတူ အခမဲ့ Pre wedding ဓာတ်ပုံရိုက်ရမယ့် Bride to be အစီအစဉ်
  • ချစ်သူလေးကို Surprise လုပ်နိုင်ဖို့အတွက် Surprise Proposal အစီအစဉ်
  • သိန်း (၁၀၀) ကျော် ပေါက်မဲပေါင်းများစွာပါဝင်မယ့် Lucky Draw အစီအစဉ်နဲ့ လက်ဆောင်တွေမြောက်များစွာလည်း ပေးသွားဦးမှာပါ။

ဒီတော့ ကိုယ်ချစ်ရတဲ့မန္တလာမြေမှာ ကိုယ်ချစ်ရတဲ့သူနဲ့အတူ ချစ်သက်သေတည်နိုင်ဖို့ ချစ်သူ့လက်ကိုဆွဲပြီး ပွဲကြီးစီလှမ်းလာလိုက်ပါတော့ …

နေ့ရက် : သြဂုတ်လ ၂၄ နှင့် ၂၅
အချိန် : မနက် (၉) နာရီ မှ ည (၇) နာရီ
နေရာ : Mandalay Convention Centre (MCC) ၊ သိပ္ပံလမ်း ၊ ၆၉ နှင့် ၇၂ ၊ မန္တလေးမြို့။
ဝင်ကြေး : အခမဲ့

 မန္တလေးက သတို့သမီးလေးတို့ရေ ကိုယ်နဲ့လိုက်ဖက်တဲ့ မင်္ဂလာဝတ်စုံ ရဖို့အတွက် ရွေးချယ်ရမယ့် နည်းလမ်းတွေကို ပြောပြပေးထားပါတယ်နော်။ သေချာလေး ရွေးရင်တော့ လှမှာပါ။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords